Explore every episode of the podcast ရေးခွင့်မရခဲ့တဲ့သတင်းများ
| Title | Pub. Date | Duration | |
|---|---|---|---|
| အသက်တွေနဲ့ ရင်းခဲ့တဲ့ တိုက်ပွဲတွေ (ကျွန်း တိုက်ပွဲ ၅၃ နှစ်ပြည့်အမှတ်တရ) ထောင်တွင်းမှတ်စုများ EP.8 | 29 Jul 2026 | 00:55:01 | |
53 နှစ်တင်းတင်း ပြည့်တဲ့ တကျွန်းအစာအငတ်ခံ တိုက်ပွဲ…အသက်တွေ ပေးစပ်ပြီး တိုက်ခဲ့တဲ့ အာဇာနည်တွေကို အောက်မေ့ဂုဏ်ပြု Episode 8.ဒီအပိုင်းမှာ—• တကျွန်းဖျက်သိမ်းရေး အစာအငတ်ခံ တိုက်ပွဲ• သာယာဝတီထောင် အစာမစားပဲ ဆန္ဒပြခဲ့တဲ့ သမိုင်း• ဦးအောင်မေသု၊ ဦးချစ်ဆွေ တို့ ပြန်ပြောပြခဲ့တဲ့ တိုက်ပွဲအကြောင်း• ထောင်တွင်းမှာ လူ့အသက်တွေ ဘယ်လိုပျက်စီးခဲ့သလဲ• နောက်မျိုးဆက်တွေ ဘာကြောင့် ဒီသမိုင်းကို မအောက်မေ့သင့်သလဲBeyond the Bars & Lens PodcastMyanmar documentary podcast seriesHuman stories • Prison history • Emotional truthအဆုံးထိ နားထောင်ပေးပါ…ဒီဇာတ်လမ်းတွေက တကယ့် လူ့အသက်တွေပါ။ | |||
| ထောင်ထဲမှာညီလေးပျောက်သွားသူ၊ ထောင်တွင်းမှတ်စု EP7 | | 22 Jul 2026 | 00:39:19 | |
ထောင်ထဲမှာညီလေးပျောက်သွားသူ၊ ထောင်တွင်းမှတ်စုများ Episode 7(မှတ်ချက်-အမျိုးသမီးတွေနားမထောင်သင့်ပါ)(အမြည်း)ထောင်ထဲကထောင်ထဲက အမျိုးသားတွေမှာပဲဖြစ်တပ်တဲ့ တိုနာ ရောဂါဆိုတာ ကြားဘူးလား၊ တိုနာဖြစ်ရင်သေတပ်တယ်ဆိုလို ယောက်ကျားသားတွေအရမ်းကြောက်ကြတယ်၊ အဲ့ဒိရောဂါအတွက် တခုတည်းသောဆေးက ဘာလဲ၊ဘယ်ကရတာလဲ ဒါမျိုးဇာတ်လမ်းတွေ | |||
| ထောင်ထဲက ပရော်ဖက်ဆာများ၊ (သို့) စစ်တပ်ကိုရောင်းစားသူ | 20 May 2026 | 00:42:11 | |
"ထောင်တွေထဲမှာ ပါရဂူတွေအများကြီးရှိတယ်လို့ ပြောရင် မိတ်ဆွေတို့ မအံ့ဩကြပါနဲ့..." အခု ဒီ Podcast ထဲမှာ ပြောပြသွားမယ့် ဘိုးတော်ကတော့ လိမ်ညာတဲ့နေရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လွန်းပြီး၊ စစ်တပ်တစ်ခုလုံးကိုပါ လက်ညှိုးထိုးရောင်းစားနိုင်ခဲ့တဲ့အထိ အစွမ်းထက်သူတစ်ဦးပါ။ သူ့ကို ထောင်ထဲမှာ ထူးထူးခြားခြား သတိထားမိခဲ့တာကတော့... အခုလို နှစ်ကြီးအကျဉ်းသားတွေထဲမှာမှ သူ့ရဲ့မျက်နှာက ထင်းနေပြီး ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေသလိုမျိုး ရှိနေလို့ပါပဲ။ ခေတ်စကားနဲ့ပြောရရင် မင်းသားကြီးကျော်ဟိန်း လူကြီးဘဝမှာ သူဌေးကြီးနေရာက သရုပ်ဆောင်ရင် ရှိမယ့် စတိုင်မျိုးပေါ့။ ငယ်ငယ်ကလည်း တော်တော်လေးချောမယ့်ပုံပဲ၊ အခုလို အရွယ်မျိုးနဲ့ ထောင်ထဲရောက်နေတာတောင် ကြည့်လို့ကောင်းတုန်း ရုပ်မျိုးပါ။ နောက်တစ်ခုက သူက ထောင်ကပေးတဲ့ ပုံစံအင်္ကျီတွေကို ဝတ်လေ့မရှိဘဲ အင်္ကျီလက်ရှည်အဖြူကို အမြဲဝတ်တယ်၊ လည်ပင်းမှာ မာဖလာတစ်ထည် အမြဲတင်ထားပြီး လက်ထဲမှာ ပုတီးတစ်ကုန်းနဲ့ အဆောင်ကော်ရစ်တာမှာ လမ်းလျှောက်ရင်း ပုတီးစိပ်နေလေ့ရှိတယ်။ သူ့ပုံစံကိုကြည့်ရတာ အင်မတန် အေးချမ်းလွန်းလှပါတယ်။ အဲဒီလို အကြည်ဓာတ်ရှိပြီး အေးချမ်းတည်ငြိမ်နေတဲ့ ဘိုးတော်က ဘာကြောင့်များ ထောင်ထဲရောက်လာရတာလဲ? တစ်ယောက်ယောက်က ဂျောက်ချလို့လား၊ ဒါမှမဟုတ် လီဆည်လုပ်ကြံတာ ခံလိုက်ရတာလား... ဆိုတာကို ဒီနေ့ Podcast မှာ စိတ်ဝင်စားဖွယ် နားဆင်ရမှာ ဖြစ်ပါတယ်။ #MyanmarPodcast #Documentary #Justice #TrueCrimeMyanmar #ထောင်တွင်းဖြစ်ရပ်မှန် | |||
| စစ်ေဒါက်တိုင်ပျူဘုန်းကြီးများနဲ့ သင်ခမ်းအဖြူဝတ်တဲ့ရဟန်းများ။ | 13 May 2026 | 00:32:42 | |
ဒီ Podcast မှာတော့ ထောင်ထဲက ရဟန်းတစ်ပါး၏ မပြတ်မပျက် စိတ်ဓာတ်နဲ့ အမှန်တရားတွေကို Documentary-style နဲ့ ပြန်လည်တင်ပြထားပါတယ်။ Real stories. Real people. Real truth.မြန်မာ့အရေးအခင်းအကျင်းထဲမှာ သံဃာတော်များရဲ့ စိတ်ဓာတ်၊ သီလ၊ အမှန်တရားကို မျက်မြင်သက်သေများအနေနဲ့ ပြန်လည်ဖော်ပြထားပါတယ်။ ထောင်ဘဝအတွင်း ခံကြုံရတဲ့ အခက်အခဲတွေ၊ မပြတ်မပျက် စိတ်ဓာတ်တွေကိုလည်း တင်ပြထားပါတယ်။#MyanmarDocumentary #MinNyoDocumentary #RealStories #PoliticalPrisoners #FaithInDarkness #SpiritualStrength #MyanmarHistory #BeyondTheBarsAndLens #Documentary #MonkStories #HumanRights #UntoldTruth | |||
| ကိုဒါသတွေနဲ့တွေ့သွားတဲ့ဒေါက်တာကြီး | 06 May 2026 | 00:45:51 | |
နေမကောင်း တာတို တခုခု ကျန်းမာရေးပြသနာ တခုခုဖြစ်ပြီ ဆိုရင် တပတ် ကို ၂ ရက် ဆေးခန်းပြခွင့်ရဖိုကို ပေးရကန်းရတာပေါ့ ဆေးခန်း ပြခွင့်ရပြီဆိုရင် တဆောင်ခြင်းစီ လူစုပြီး ဆေးခန်းဘာယာ တယောက်က ဦးဆောင် ပြီး ဆေးခန်းကို တန်းစီပြီးပံုစံ နဲ့ခေါ်သွားရတာ ဆေးရုံ မှာ ထောင်ဆရာဝန် လုပ်သူ က သာမန် အဖျားရှိသူတွေ ကို ဘာမှစမ်းသပ်တာတွေဘာတွေ လုပ်လေ့မရှိဘူး ၊အကျဉ်းသားကနေ ခန့်ထားတဲ့ဆေးမှုး ဆိုသူတွေက ပဲ မှတ်တန်းအနေနဲ့ နာမယ်မေး ဘာဖြစ်လဲမေးပြီး လူခွဲစု ပြီးတန်းစည်ခိုင်းထားပြီး မတ်တပ်ရပ်ခိုင်းထားပြီး ခုနကပြောတဲ့ ၁၅ CC ဆေးထိုးအပ်ကြီးထဲမှာ ဆေးအပြည့်စုပ်ပြီး တယောက် နောက်တယောက် နောက်တယောက် ဆိုပြီး မတ်တပ်အနေအထား နဲ့ ဘာဖင်မှမလှန်ပဲ ပုဆိုးအပေါ်ကနေပဲ တယောက်ပြီးတယောက် ထိုးသွားတာ ဘယ်ကုတင် ပေါ်မှာမှ လှဲမအိပ်ရသလို သွေးလဲမခြိမ် သွေးလဲမစမ်းပဲ တယောက်ပြီးတယောက် ထိုးတာ တယောက်ပြီးတော့တခါ အပ်ကို ရေနွေးနဲ့ပြုတ်တာလဲ မရှိ အရက်ပျံ လဲမသံုး အဲ့ဒိခေတ်တံုးက တခါသံုးအပ်တွေလဲမပေါ်သေးဘူး ဒါကြောင့်ထောင်တွေက HIV ရောဂါ ပြန့်ပွါးရေး စင်တာတွေဖြစ် နေတာ | |||
| စာရေးဆရာမောင်ဝံသ နဲ့ ထွက်ရပေါက် ဆရာတော် | 29 Apr 2026 | 00:46:37 | |
ဆရာမောင်ဝံသ ပြောပြခဲ့တာက — အဲ့ဒီဆရာတော်ကြီးက အရင်လူဘဝတုန်းက ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့မှာ နေခဲ့သူပါ။ သူ့မှာ အကိုကြီးတစ်ဦး၊ ညီတစ်ဦး၊ ညီမတစ်ဦး ရှိခဲ့တယ်။ ဟိုဖက်ခေတ်က ရှားရှားပါးပါး BA ဓမ္မာစရိယနဲ့ ရန်ကုန်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့သူဖြစ်ပြီး၊ ဘွဲ့ရချိန်မှာ အဖေမရှိတော့ဘူး၊ အမေတစ်ဦးပဲရှိခဲ့တယ်။ ဘွဲ့ရတဲ့နှစ်မှာပဲ အမေလည်း သေသွားတယ်။နောက်ပိုင်းမှာ သာသနာရေးဦးစီးဌာနဝန်ထမ်းဖြစ်လာပြီး ညီနဲ့ ညီမတို့ကို အဖေတစ်ဦးလို စောင့်ရှောက်ခဲ့တယ်။ ဧရာဝတီတိုင်းသာသနာရေးဦးစီးမှုး ဖြစ်လာချိန်မှာ ညီနဲ့ ညီမတို့ ဘွဲ့ရတဲ့အခါမှာပဲ သူပျောက်သွားတယ်။ ဝိုင်းဝန်းရှာကြပေမဲ့ မတွေ့နိုင်တော့ဘူး။ နောက်ပိုင်းမှာ သေသွားလောက်ပြီလို့ သတ်မှတ်ပြီး ဈာပဏအလေ့အထတွေလည်း လုပ်ပေးခဲ့ကြတယ်။နောက်ပိုင်းမှာ ငသိုင်းချောင်းမြို့ကနေ ရခိုင်ရိုးမတောင်ပေါ်တောထဲမှာ တောရတည်ဆောက်နေတဲ့ ဆရာတော်တစ်ပါးအကြောင်းနာမည်ကြီးလာပြီး၊ တဖြည်းဖြည်းနဲ့ လူသိများလာတာနဲ့ ငသိုင်းချောင်းကလူတချို့က ဒီဆရာတော်ဟာ ငသိုင်းချောင်းက တိုင်းသာသနာရေးဦးစီးမှုးကြီးဟုတ်တယ်ဆိုတာ သိလာကြတယ်။ဒါပေမဲ့ ဆရာတော်က မိသားစုနဲ့ သံယောဇဉ်ဖြတ်ပြီး သံဃာစစ်စစ်ဖြစ်သွားတာ။ မိသားစုကတော့ မဖြတ်နိုင်တာပေါ့။နောက်ပိုင်းမှာ သူ့တကာထဲက လူတချို့ကို ခေါ်ပြီး “ဘယ်နေ့ ဘယ်ရက်မှာ ပြန်လွန်တော်မူမယ်” လို့ မိန့်ခဲ့တယ်။ ပြန်လွန်တော်မူရင် မသဂြိုလ်ရဘူး၊ မြေမမြုတ်ရဘူး၊ ဈာပဏကြီးမလုပ်ရဘူးဆိုပြီး ဆေးလုံး ၃ လုံးကို ယုံကြည်သူတွေထံ အပ်ခဲ့တယ်။ပထမအုတ်ဂူကို သုံးထပ်တည်ဆောက်ပြီး၊ ပထမအထပ်မှာ သူ့ရုပ်ကလပ်နဲ့ ဆေးလုံးတစ်လုံး ထည့်၊ ဒုတိယအထပ်မှာ ဒုတိယဆေးလုံး ထည့်၊ တတိယအထပ်မှာ နောက်ဆုံးဆေးလုံး ထည့်ပြီး ပိတ်ခဲ့ကြတယ်။သူပြောထားတဲ့နေ့မှာ တကယ် ပြန်လွန်တော်မူသွားတယ်။ ဈာပဏကို သူ့မိန့်ထားသလိုပဲ လုပ်ခဲ့ကြတယ်။ နောက်တော့ ပြည်မြို့ကို အလယ်သွားကြသူတွေ ဘုရားဖူးသွားကြတဲ့ သူ တချို့က ငါတို့ ဈာပဏ လုပ်ပေးခဲ့တဲ့ ဆရာတော် ကို ပြည်မြို့က အောင်မြင်ပါဟု စေတီ မှာ ဖူးတွေ့ခဲ့ရတယ် ဆိုပြီး ပြောကြတော့ ပထမတော့ မဖြစ်နိုင်ဘူး လို့ထင်နေတာ နောက် လူတွေ တော်တော်များများ က ပြောလာတော့ ငါတို့ ပြည်ကို လိုက်သွားကြည့်တော့မှ ဟုတ်နေရော ငါလဲတော်တော်လေးကိုအံ့ဩနေတာ မင်းမယံုရင် မင်း နဲ့ ငါနဲ့ လွတ်လာရင် မင်းငါ့အိမ်ကိုလာခဲ့ အဲ့ဒိအခွေ ပြမယ် | |||
| ဂေါ်စကွန်နယ်သားလူထူးဆန်းများ ။ Episode 1 | 22 Apr 2026 | 00:29:27 | |
လူတိုင်းကတော့ ကိုယ့်မွေးရပ်မြေကို ကိုချစ်တတ်ကြတယ်။ ကိုယ့်ဇာတိမြေက ဘယ်လောက်တောင် နေရာကောင်းကြောင်း၊ လှပကြောင်း ပြောတတ်ကြပါတယ်။ ဒါကလည်း သဘာဝကျတယ်လို့ ပြောရမှာပဲ။ဘာလို့လဲဆိုတော့ — ဒီ Episode မှာ ကျွန်တော်မြို့အကြောင်းနဲ့ ကျွန်တော်တို့မြို့က လူတွေအကြောင်း ပြောမှာမလို့ ကြိုပြီး ကြွားထားတာပါ။ကျွန်တော်တို့မြို့က မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံး မြို့ပြနိုင်ငံတော်အဖြစ် ကမ္ဘာ့ယူနက်စကိုအဖွဲ့ကြီးက အသိအမှတ်ပြုထားတဲ့ သရေခေတ္တရာ ပျူမြို့ဟောင်းကြီး ရှိနေသေးတာပါ။အဲ့ဒီမြို့ရိုးဟောင်းကြီးရဲ့ ထောင့်လေးထောင့်လို့ ယူဆရတဲ့ နေရာတွေမှာ အခုထိရှိနေသေးတဲ့ တခြားဒေသတွေ၊ နဲ့ ဘယ်ခေတ်နဲ့မှမတူတဲ့ စေတီကြီးတွေကလည်း ထင်ရှားပါတယ်။ပိုပြီးထင်ရှားတာက တဆူပျောက်နေတာကလည်း ထူးဆန်းလှပါတယ်။(အဲ့ဒီအကြောင်းကို အခန့်သင့်ရင် နောက် Episode တွေမှာ အစအဆုံး ပြောပြပါမယ်။)နောက်ပြီး ရခိုင်ရိုးမကြီးနဲ့ ပဲခူးရိုးမကြားမှာ တည်ရှိတာ ကလည်း ထူးခြားလှသလို၊မြို့က ဧရာဝတီမြစ်ကမ်းပေါ်မှာ တည်ရှိပြီး ဧရာဝတီမြစ်ရဲ့ စတုတ္ထမြစ်ကျဉ်းရှိတဲ့ မြို့အဖြစ်လည်း ထင်ရှားပါတယ်။ကဗျာဆရာ မောင်ချောနွယ်က ဧရာဝတီမြစ်ထဲမှာ လှေစီးရင်း မြို့ကို “နှစ်ထပ်သဘောမြို့” ဆိုပြီး တင်စားထားတာကလည်း လူသိများပါတယ်။မြို့က အဲ့လိုထင်ရှားသလို၊ အဲ့ဒီမြို့မှာ နေသူတွေကလည်း ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ မဖြစ်ခဲ့ကြပေမဲ့ ထူးထူးဆန်းဆန်း လုပ်တတ်ကြတာတွေ ရှိပါတယ်။ဥပမာအနေနဲ့ ပြောရရင် —
အဲ့ဒီအကြောင်းတွေကို နောက် Episode တွေမှာ ပြောပြဖို့ စီစဉ်ထားပါတယ်။ဒါပေမဲ့ အခု အထက်မှာ ပြောပြထားတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဘယ်အကြောင်းအရာကို အရင်ပြောပြပါဆိုပြီး မိတ်ဆွေတို့က တောင်းဆိုလာရင်တော့ —မိတ်ဆွေတို့ ပြောပြစေချင်တဲ့အကြောင်းကို အရင်ပြောပြပေးမှာပါ။အခု Episode ကတော့ ပြည်သားတွေရဲ့ ထုံးစံအတိုင်း —သူတို့ “ငြိမ်းစုစည်း” ဆိုတဲ့ စကားက လမ်းပေါ်မှာ လူတယောက်ထပ် ပိုပြီး လူစုတာကို ပြောတာ။ဆိုတော့ ရေထဲမှာ မပါဘူး။ ဒါကြောင့် ရေထဲမှာ ဆန္ဒပြမယ်ပေါ့။ဒါဆို သူတို့ဥပဒေနဲ့ လွတ်တယ်။အဲ့ဒါနဲ့ပဲ ရေထဲမှာ ရေကူးပြီး ဆန္ဒပြမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာပေါ့။ဘာအတွက် ပြကြတာလဲဆိုတာကိုတော့ ......#podcast #GawtGaung#Documentary | |||
| အရက်ဖြတ်ဆရာတော်ကိုဘယ်သူတွေလုပ်ကြံတာလဲ (ဇာတ်သိမ်း) | 15 Apr 2026 | 00:29:11 | |
အရက်ဖြတ်ဆရာတော်ကိုဘယ်သူတွေလုပ်ကြံတာလဲ (ဇာတ်သိမ်း) | |||
| အရက်ဖြတ်ဆရာတော်ကိုဘယ်သူတွေလုပ်ကြံတာလဲ ???(သို့)အရက်ပုလင်းတွေနဲ့စေတီတည်သူ | 08 Apr 2026 | 00:27:45 | |
လှိုင်ဂူ တွေက တခုနဲ့တခု ကူးလို့ရအောင် ဆက်ထားပေမဲ့ ဝင်္ကပါ ပံု ဆိုတော့ အထဲ ကို ဆင်းကြည့်ရတာ လန့်စရာကြီး အထဲမှာ အလင်းရောင်က သိပ်မရဘူး ဒါပေမဲ့ ဘုရားဆင်းတု ရှိတဲ့လှိုင်ခေါင်း ဖက်မှာတော့ ဘုရားအတွက် မီးလံုးလေးတလံုးဖွင့်ထားတော့ အဲ့ဒိဖက်က အနဲငယ် အလင်းရောင်ရှိတယ် အဲ့ဒိမြေအောက် လှိုင်ဂူ တွေ တည်ဆောက်ထားတဲ့ ဘေးနံရံ မြေသား ကို လက်နဲ့ ခြစ်ကြည့်တော့ သဲပွပွတွေထွက်လာတော့ လန့်စရာကြီး မတော် လို့ အဲ့ဒ်သဲ နံရံတွေ ပြိုကျလာရင် ငါတို့တော့ မြေမြုတ်ပြီးသားပဲ လို့ တွေးမိပြီး ပြန်ထွက်ခြင်နေတာ အောက်ခြေကလဲ သဲဆန်ဆန်မြေ တခြားတွေ့ဘူးတဲ့ ဂူတွေ ဆိုရင် မြေအမာတို့ ကျောက်ကိုထွင်းထာရတာတို့ပဲ တွေ့ဘူးတာ အခု သူ့လှိုင်ဂူတွေက သာမန်သဲမြေမှာ ထွင်းထားတာ ဒါနဲ့ မေးကြည့်တာပေါ့ ဒီလိုမြေမျိုး ကို ဘယ် အင်ဂျင်နီယာက ရွေးပြီး ဖေါက်ပေးတာလဲ ဆိုတော့ သူ့ဟာသူတူးတာထဲ့ အယ် ဘုန်းဘုန်း ရယ် ဒီမြေ ကသဲတွေချည်ပဲ တပည့်တော် ခုနကပဲ ဘေးက နံရံကို ချစ်ကြည့်တာ သဲတွေ ပြိုကျလာတယ် မတော်လို့ပြိုကျရင် ဘယ်နဲ့ လုပ်မလဲဆိုတော့ အာဆိုလဲ သဂြိုလ်ပြီးသားဖြစ်တာပေါ့တဲ့ ဘုန်းဘုန်းက ဒီလို လှိုင်ဂူတွေ ကိုယ့်ဟာကိုယ်တူးတာဆိုတော့ အရင်က အင်ဂျင်နီယာလား အရင်ကတူးဖူးလားဆိုတော့ အင်ဂျင်နီယာလဲ မဟုတ်ဖူး တခါမှ လဲမတူးဖူးဘူးတဲ့ သူ့ဟာသူ တရားထိုင်ဖို့ အေးအေးချမ်းချမ်းနေဖို့ အတွက် စိတ်ကူးပေါက်သလိုတူးတာတဲ့ ဘေးက ချောင်းက ရေတွေ တက်လာရင်ဘယ်လိုလုပ်မလဲ နောက် မွေတွေ ဘာတွေ လာခိုနေရင် ဘယ်နဲ့ လုပ်မလဲ ဆိုတော့ မွေတွေက ခဏခဏ လာခို ကြတယ်တဲ့ သူ့ကိုတော့ ဒုက္ခမပေးပါဘူးတဲ့ ဒီတောထဲကတိရစ္ဆန်တွေအားလံုးက သူနဲ့အဆင်ပြေကြတယ်တဲ့ | |||
| ခေတ်၊စံနစ်နဲ့ လူများ Episode(1) | 04 Apr 2026 | 00:27:22 | |
ခွေး၊ဒန်ပေါက်ဘိုးတော် ပျောက်ဆုံးနေ(ခွေးတွေကို ဒန်ပေါက် လိုက်ကြွေးတဲ့ သူတယောက်ပျောက်ဆံုးနေ) ဒီဘိုးတော်ကြီးကို မကြာခဏ သုသာန်တွေမှာ တွေ့နေရတာနဲ့ စပြီး သတိထားမိနေတာပါ။ သူက ဟစ်ပီ (Hippie) တွေလို ဆံပင်ကို အရှည်ကြီးထားပြီး လိမ်တွန့်နေတာကြောင့် သူ့ဆံပင်ကို ကျစ်ဆံမြီးကျစ်ထားတာ ဒူးဆစ်လောက်အထိ ရှည်ပါတယ်။ လူက လပေါင်းများစွာကြာအောင် ရေမချိုးဘဲ နေတဲ့အတွက် အသားညိုညိုအပေါ်မှာ ချေးတွေထပ်နေပြီး မဲတဲ့ဘက်ကို ရောက်နေတဲ့ပုံမျိုးပါ။ ဒါပေမဲ့ သူ့အနားသွားကြည့်ရင် ဘာအနံ့မှ မရပါဘူး။ လည်ပင်းမှာတော့ ပုတီးတွေနဲ့ စတီးဆွဲကြိုးကြီးတွေ ဝတ်ထားတယ်၊ လက်မှာလည်း လက်စွပ်တွေ အများကြီးပဲ။ သူ အရပ်ထဲ လျှောက်သွားရင် သူ့နောက်မှာ ခွေးတစ်အုပ်ကြီး ပါလာတယ်။ နောက်ပြီး ဆိုက္ကားသမားတွေကလည်း အလုအယက် သူ့တို့ဆိုက္ကားစီးဖို့ အတင်းလိုက်နေကြတာ။ အဲဒါကလည်း သူက တွေ့သမျှ လမ်းဘေးခွေးတွေကို ဒန်ပေါက်ဝယ်ကျွေးလေ့ရှိတဲ့အတွက် ခွေးတွေက သူ့နောက်ကို လိုက်နေတာပါ။ ဒါကလည်း "လူတွေတောင် တခါတလေ အစားအသောက်ကောင်းလေးတွေ စားချင်ကြတာ၊ ခွေးတွေလည်း စားချင်မှာပေါ့" တဲ့။ "သူတို့ကျ အလုပ်လည်းမရှိ၊ ဝင်ငွေလည်းမရှိ၊ ဝယ်စားဖို့ ပိုက်ဆံလည်းမရှိ၊ ဝယ်စားဖို့ အသိဉာဏ်လည်းမရှိတော့ သူတို့လောက် သနားစရာကောင်းတာ တခြားမရှိဘူး" တဲ့။ ဒါကြောင့် သူ ကိုယ်တို့မြို့ကို ရောက်လာရင် ပထမဆုံး ပျော်ကြတာက ဒန်ပေါက်ဆိုင်တွေပဲ။ သူက ဆိုက္ကားတစ်စီးနဲ့ ဒန်ပေါက်ဆိုင်တစ်ဆိုင်ကို ပေါက်ချလာရင် ရှိသမျှ ဒန်ပေါက်ပွဲ အကုန်ဝယ်သွားတာ။ အဲဒါတွေကို ဝယ်ပြီး ခွေးတွေကို ကျွေးနေတယ်ဆိုတာကို ဒန်ပေါက်ဆိုင်တွေကသိပြီး လူလည်ကျဖို့မစဉ်းစားနဲ့။ သူက ဒန်ပေါက်တစ်ထုပ်ချင်းစီ ထုပ်ခိုင်းပြီး သေသေချာချာ ဂျေးများတတ်တာ။ "ထမင်းက နည်းတယ်၊ အသားက သေးတယ်၊ အရိုးက များတယ်" စသဖြင့် ဂျေးများလို့ ဆိုင်ရှင်တွေက အပြည့်အဝ ထည့်ပေးရတယ်။ လူလည်လုပ်လို့မရဘူး။ အဲဒီဒန်ပေါက်တွေကို ဆိုက္ကားအနောက်နဲ့ သူ့ဗိုက်ပေါ် တင်သွားပြီး လမ်းတစ်လျှောက်မှာ တစ်ထုပ်ချင်းစီကို ဖြေပြီး အရိုးသက်သက်၊ အသားသက်သက် ထွင်ပေးသေးတာ။ ပြီးစလွယ် မကျွေးဘူး။ ပုံစံက သွားမကောင်းတဲ့ သူ့မိဘတွေကို သေသေချာချာ ဂရုတစိုက် ကျွေးတဲ့ပုံစံ။ နောက်တစ်ခုက ရေသန့်ဘူးတွေကိုလည်း အကတ်လိုက် ဝယ်သွားတာ။ ခွေးလေးတွေ ဒန်ပေါက်စားပြီးရင် ရင်ပူမှာစိုးလို့ ရေတိုက်ဖို့။ အဲဒီရေသန့်ဘူးတွေကျတော့ ခွေးတွေက ကိုင်မသောက်တတ်တော့ သူက တစ်ခါသုံး ဖော့ဇလုံလေးတွေ တခါတလေ ယူသွားပြီး အဲဒီအထဲ ထည့်တိုက်တာ။ ဒန်ပေါက်ကတော့ မြေသားသန့်သန့် တစ်နေရာမှာ အထုပ်ဖြေပြီး ကျွေးတာ။ တစ်ကောင်ကို တစ်ထုပ် ကျွေးတာ။ | |||
| အင်းစိန်ထောင် အုတ်ရိုး စောင့်သရဲကြီး | 01 Apr 2026 | 00:23:09 | |
အဲ့ဒိသစ်သားချောင်းကို အုတ်ရိုးကိုထောက်ပြီး ခပ်စောင်စောင်း မှီလိုက် ပြီး ဗလတောင့်တဲ့ ကြွယ်ရီးက အဲ့ဒိသစ်သားချောင်း ကို တွယ်တက်သွားပြီး သစ်သားချောင်းထိပ် ရောက်တော့ အုတ်ရိုးကို မျက်နှာနဲ့ ရင်ဘတ် ကိုကပ်ပြီး ခြေချောင်းလေး ၁၀ ချောင်းက နံရံကို ကပ်မှီထားတဲ့ တလက်မ လောက်ရှိတဲ့ သစ်သားချောင်းထိပ် မှာ ကုတ် တွယ်ထားပြီး စောင့်စောင့် ထိုင် လိုက်တယ် လက်ဝါး ၂ ဖက်က အုတ်ရိုး နံရံကို ကပ်ထား တဲ့အနေအထား နဲ့ ထိုင်နေ လိုက်တဲ့အချိန်မှာ အောက်ကနေ တက်လာတဲ့ သားငယ် က သူ့အောက်ကို ရောက်လာပြီး သူ့ ခန္ဓာကိုယ်ပေါ်ကနေ သူ့ပုခံုးပေါ်ကို တက်မလို့ လုပ်နေတံုးမှာ ကျောက်လန့်တကြားအော်ပြီး အောက်ကိုပြူတ်ကျသွားရော အဲ့ဒိမှာ သစ်သားချောင်းထိပ်မှာ ငုတ်တုပ်ထိုင်နေတဲ့ ကြွယ်ကြီး လဲ လန့်ပြီး အပေါ်ကို မော့ကြည့်လိုက်တော့ အုတ်ရိုး ထိပ်မှာ လူမဲမဲကြီး တယောက် မျက်လံုးအနီကြီး နဲ့ ငုတ်တုတ်ထိုင်နေတာကို လှမ်းလဲတွေ့ရော သူလဲ သတိလစ်မတပ် ဖြစ်ပြီး အောက်ကိုပြုတ်ကျသွားရော အောက်ရောက်တော့ အပေါ်ကိုမော့မကြည့်ရဲပဲ သူတို့ယူသွားတဲ့ သစ်သားချောင်း ကို မူလနေရာပြန်သွားထားပြီး ကိုယ့်အခန်း ကိုဟန်မပြတ် ပြန်နေလိုက်ကြတာပေါ့ အဲ့မှာ ကြွယ်ရီး ပြန်ပြောပြတာက အဲဒိလူမဲမဲကြီးဆိုတာက ဆင်လောက်ကြီးရှိတဲ့ ခန္ဓာနဲ့ လူအကြီးကြီး တဲ့ အုတ်ရိုးပေါ်မှာ စောင့်စောင့်ထိုင်ပြီး သူတို့ကို မျက်လံုးအနီကြီးနဲ့ အပေါ်ကနေကြည့်နေတာတဲ့ သူရဲကြီးပေါ့ သူက ထောင်ကနေ ကျော်ပြေးမဲ့သူကို ကျော်လို့မရအောင်အပေါ်ကနေ စောင့်နေတဲ့ပံု ပဲတဲ့............................................. အပြည့်အစအဆုံး ကို ယူကျုမှာ ဆက်ကြည့်ပေးအုံးနော် | |||
| ထောင်ထဲကအသံကြားရပြီးမမြင်ရတဲ့ လူအုပ်ကြီး | 25 Mar 2026 | 00:28:35 | |
ထောင်ထဲကအသံကြားရပြီးမမြင်ရတဲ့ လူအုပ်ကြီး အားလုံးနှစ်နှစ်ချိုက်ချိုက် အိပ်ပျော် နေချိန်ကြမှ ကျွန်တော်တို့ ၃ ဆောင် ဖက် ကို လူအုပ်ကြီးတအုပ် ပြေးလာနေတာ တဲ့အသံကြောင့် လန့်ပြီး ထထိုင် ပြီး အသံလာရာဖက်ကို ခန့်မှန်းပြီး အဲ့ဒိဖက်က လှေခါး ဖက်ကိုမျှော်ကြည့် မိတော့ ဘာမှ မတွေ့ရသေးဘူး အဲ့ဒိအချိန်မှာပဲ လူအုပ်ကြီး က ၃ ဆောင် အောက်ဖက် ကို ရောက်နေပြီ အဲ့ဒိမှာ စတွေးမိတာက ငါတို့ နိုင်ကျဉ်းတွေ ကို ဝိုင်းရိုက်တော့မယ်ထင်တယ် ၊ ရိုးရိုးအကျဉ်းသားတွေ ထောင်ထဲက ထုပ်လာတာလား မသိ ဝန်ထမ်းအင်အား ကတော့ အဲ့လောက်ကြီးမရှိလောက်ဘူး အခုလာနေတဲ့ လူအုပ်က နဲတော့ မနဲ လှဘူး လူတော်တော်များပုံရတယ် အသံတွေက ဆူညံနေတာပဲ အဲ့လိုတွေးရင်း ကိုယ့်ဘေးမှာ အိပ်နေတဲ့ သူတွေ ကိုလဲ အသာလေး လှုပ်နှိုး ရင်း ထိုင်စောင့်ကြည်နေဆဲမှာပဲ အဲ့ဒိ လူအုပ်က လှေခါးကနေ အပေါ်ထပ် ကိုတက်လာနေပြီ အသံကတဖြည်းဖြည်း နီးလာပြီ လှေခါးကနေ အပေါ်လဲ ရောက်ရော လှမ်းကြည့်တော့ ဘာမှ မမြင်ရပဲ အဲ့ဒိ လူအုပ်ကြီးက ထိပ်ဆုံးကအခန်း ပထမဆုံးသရဲစီးတဲ့အခန်းထဲ ကို ပြေးဝင်သွားပြီး အဲ့ဒိအခန်းထဲက လူတွေ က ကြောက်စရာကောင်းတဲ့ မိန်းမောသံကြီးတခု ကိုတပြိုင်နက် နဲ့အော်ကြရော အသံက အသံရှည်ကြီး သာမန်အချိန်မှာ လူတယောက် ဒါမှမဟုတ် လူတစု ကို အဲ့ဒိအသံ ပုံစံမျိုးတူတောင် အော်ခိုင်းကြည့် မရ ဘူး တူအောင်ကိုအော်လို့မရဘူးး ဟီးဟီးဟီးဟီး……….ဆိုတဲ့ ပံုစံ မျိုး | |||
| EP.5 – သစ်ခိုးမှုနဲ့ သတင်းထောက်ဘဝ | 15 Jul 2026 | 00:47:09 | |
သတင်းထောက် ၁၀ ယောက်ကို သစ်ခိုးဂိုဏ်းက ဖမ်းဆီးပြီး သတ်ဖြတ်တော့မယ့်အထိ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို ကြားဖူးပါသလား။ ဒီ Podcast Episode မှာတော့ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်တစ်ခုကို ပြန်လည်မျှဝေထားပါတယ်။ တစ်ချိန်က မြန်မာနိုင်ငံမှာ သတင်းစာကျင့်ဝတ်ကို တန်ဖိုးထားပြီး ပြည်သူအတွက် သတင်းအမှန်ကို ရေးသားခဲ့တဲ့ သတင်းထောက်တွေ အများအပြား ပေါ်ထွက်ခဲ့တဲ့ ခေတ်တစ်ခေတ် ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီခေတ်မှာပဲ သတင်းရေးသားမှုကြောင့် အဖမ်းခံရတာတွေ၊ စစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေ၊ လူမိုက်၊ လူဆိုးတွေရဲ့ သတ်ဖြတ်ဖို့ ကြံစည်ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ သတင်းထောက်အစစ်တွေ ရှိခဲ့သလို၊ သတင်းမရေးဘဲ သတင်းထောက်အယောင်ဆောင်ပြီး ကိုယ်ကျိုးရှာခဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ဒီ Episode ထဲမှာတော့ စစ်ယူနီဖောင်းဝတ်ပြီး သစ်ခိုးထုတ်နေတဲ့ အဖွဲ့တွေ၊ ရခိုင်ရိုးမဒေသက သစ်ခိုးဂိုဏ်းတွေရဲ့ နောက်ကွယ်အခြေအနေတွေနဲ့ သတင်းထောက် ၁၀ ယောက်ကို ဖမ်းဆီးထားပြီး သတ်ဖြတ်တော့မယ့်အထိ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကို အသေးစိတ် ပြောပြထားပါတယ်။ ဒီဖြစ်ရပ်ဟာ သတင်းစာလွတ်လပ်ခွင့်၊ သတင်းသမားတွေရဲ့ ဘေးအန္တရာယ်နဲ့ သတင်းစာကျင့်ဝတ်ရဲ့ အရေးပါမှုကို ပြန်လည်စဉ်းစားစေမယ့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ 📌 Podcast အပြည့်အစုံကို အဆုံးအထိ နားထောင်ပြီး သင့်ရဲ့ အမြင်ကို Comment မှာ မျှဝေပေးခဲ့ပါ။ 🔔 Channel ကို Subscribe လုပ်ထားပြီး နောက်လာမယ့် Episode တွေကိုလည်း ဆက်လက်စောင့်မျှော်အားပေးပါ။ Myanmar Investigative Documentary Podcast Illegal logging, military involvement, and real field journalism. Podcast by MinNyo EP.5 explores hidden forest operations, illegal timber routes, and the real experiences of a field journalist uncovering the truth. | |||
| နိုင်ငံတော်လာတာကို ဝိဥာဉ်တွေက အရင်သိတာလား | 18 Mar 2026 | 00:32:08 | |
ထောင်ထဲမှာ ဘယ်က ဘယ်လို လူတွေ ပိုလာတာလဲပေါ့ တကယ်တော့ အဲ့ဒိပိုလာတဲ့ လူတွေက လူတွေမဟုတ်ဘူး သရဲတွေ တဲ့ အဲ့ဒိ သရဲတွေက လူတွေကြားထဲ မှာ ခပ်တည်တည်နဲ့ ဝင်ထိုင်နေကြတာ ဒါကြောင့် ဘယ်အဆောင်မှာ ဘယ်နှစ်ယောက် ပိုနေတယ် ကိုယ့်ဘေးကလူ ကိုယ်ကြည့် ဆိုပြီး ညာသံပေးပြီး ရိုက်ရင်းရိုက်ရင်း နဲ့ မှတဖြေးဖြေး လျော့သွားတာ အဲ့ဒိ တန်းဝင်စီတဲ့ သရဲတွေက ထောင်ဝင်ထမ်း ရဲ့ ဒုတ် ကိုတော့ ကျောက်နေတံုးပဲ လို့ပြောလို့ရတာပေါ့ အယ် အဲ့လိုဖြစ်စဉ် ဖြစ်ပြီး သိပ်မကြာဘူး လွတ်ငြိမ်းချမ်းသာ နိုင်ငံတော် လာရော | |||
| အသွေးအသားနဲ့တည်တဲ့စေတီ | 13 Mar 2026 | 00:23:26 | |
အကြောင်းအရာက ဘုန်ကြီးတပါး ကစေတီတဆူတည်တဲ့ အကြောင်းပါ၊ အဲ့ဒိမှာ ပြောခြင်တာက ဗုဒ္ဓဘာသာကိုးကွယ်ကြတဲ့ နိုင်ငံတနိုင်ငံမှာစေတီတဆူတည်တာက ၊ကိုတွေ တိုက်ပုံစံအရဆိုရင် သတင်းမဖြစ်ပါဘူး၊ဒါပေမဲ့ သူက ဘယ်သူတွေမှ မလုပ်ခဲ့ဘူးတဲ့ပုံစံ နဲ့စေတည်တာဖြစ်နေလို့ပဲ ဆက်ပြောပြရရင်……….. ပြည်မြို့ရဲ့တဖက်ကမ်းမှာ ရခိုင်ရိုးမ ကနေ ဆင်းလာတဲ့ တောင်တန်းတွေက ထဲကတောင်တတောင်ဖြစ်တဲ့ ကျောင်းပျောက်တောင် ဆိုတဲ့ တောင်ပေါ်မှာ အသွေးနဲ့အသားနဲ့ တည်တဲ့ စေတီ အဲ့ဒိကျောင်းပျောက်တောင်ဆိုတာက အရင်ကထဲက နာမယ် ကြီးတယ် ဘယ်ခေတ် ဘယ်အချိန်ကဆိုတာတော့အတိအကျ မပြောနိုင်ကြပေမဲ့ ၊ ဘုန်းကြီးကျောင်းကြီးတကျောင်း တည်ရှိနေတာကနေပျောက်ဆုံးသွာခဲ့တဲ့ တောင် | |||
| ခေတ် ၃ ခေတ် – သတင်းထောက်ဘဝ | Episode‑04 တရုတ်မြေကျူးကျော်မှု & နယ်နမိတ်အမှန်တရား | 08 Jul 2026 | 00:30:20 | |
တရုတ်ကကျူးကျော်မြေခိုးရုံပဲလား ခေတ် ၃ ခေတ် – သတင်းထောက်ဘဝ | Episode-04 အခုလည်း အာဏာသိမ်း စစ်အုပ်စုလက်ထက်မှာ ဒီဇာတ်လမ်းတွေ ပေါ်လာပြီ။ ပိုပြီးခံစားရတာက တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်မျဉ်းနားမှာ နေထိုင်ကြတဲ့ မြန်မာတွေ အနိုင်ကျင့်ခံနေရပြီ။ လက်ရှိမှာတော့ ကိုယ့်မြေထဲကို ပေါ်တင်ကြီး ကျူးကျော်ဝင်ရောက်ပြီး တရုတ်အလံစိုက်၊ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ အချိုးမျိုးနဲ့ လာရောက်စော်ကားတာကို ခံနေရပြီ။ ဘယ်သူ့ကိုမှလည်း မတိုင်ရဲဘူး။ အနားမှာရှိတဲ့ ဒေသအာဏာပိုင်ဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း တရုတ်က လက်နက်တပ်ဆင်ပေးထားတဲ့ တရုတ်လိုလားတဲ့ လက်နက်ကိုင်အဖွဲ့တွေပဲ။ နိုင်ငံအဆင့်အထိ တိုင်ရအောင်ဆိုတော့လည်း နိုင်ငံတော်အဆင့်က ပုဂ္ဂိုလ်ကြီးကိုယ်တိုင် မကြာသေးခင်ကပဲ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး တရုတ်ရဲ့ အစောင့်အရှောက်အောက်မှာ ရှိခဲ့သူ။ ပြီးတော့ အဲဒီပုဂ္ဂိုလ်ကိုယ်တိုင် မြန်မာပြည်သူအားလုံးပိုင်ဆိုင်တဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ တရုတ်-ကျောက်ဖြူ လမ်းကြောင်းစီမံကိန်းတွေကို သူခိုးဈေးနဲ့ ထိုးပေးခဲ့တယ်လို့ ဝေဖန်ခံထားရတဲ့အတွက် သူ့ကိုလည်း မတိုင်ရဲဘူး။ တိုင်ရဲတဲ့သူ ရှိတယ်ဆိုရင်တောင် အဲဒီပုဂ္ဂိုလ်က ဒီကိစ္စကို ဖြေရှင်းပေးဖို့နေနေ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မပြောရဘူးဆိုတဲ့ အမိန့်တွေ ထုတ်ထားတော့ အခြေအနေက ဒီလိုပဲ ဖြစ်သွားပြီ။ တဖြည်းဖြည်းနဲ့ မြန်မာနိုင်ငံက တရုတ်လက်အောက်ခံ ပြည်နယ်တစ်ခု ဖြစ်လာနေသလားလို့တောင် ခံစားနေရတယ်။ #China #Land thief #Podcast #Minnyo | |||
| ခေတ် ၃ ခေတ် ။သတင်းထောက်ဘဝ ၊Episode 3 ဧရာဝတီကို ဒုတိယမိ သူခိုးစျေးနဲ့ရောင်းစားခြင်း | 01 Jul 2026 | 00:28:28 | |
ဒီ Episode မှာ “ဝမ်းအောင်” ရဲ့ အကြောင်းအရာတွေကို နက်နက်ရှိုင်းရှိုင်း ပြန်လည်သုံးသပ်ထားပါတယ်။ သူ့ရဲ့ ရှုမြင်မှု၊ အတွေ့အကြုံတွေ၊ ပြန်လည်သုံးသပ်ချက်တွေက ယနေ့ခေတ် လူမှုရေး၊ နိုင်ငံရေး၊ မီဒီယာပတ်ဝန်းကျင်အထိ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေနိုင်သလဲဆိုတာကို တစ်ချက်တည်းနဲ့ ကြည့်ရှုနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ အကြံပြုချက်တွေ၊ သင်ခန်းစာတွေ၊ မီဒီယာလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဘယ်လိုအချက်တွေကို သတိထားသင့်လဲဆိုတာကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ Beyond the Bars & Lens Podcast က အကြမ်းဖက်မှု၊ အမှန်တရား၊ လူမှုအကျိုးသက်ရောက်မှုတွေကို နက်ရှိုင်းအောင် ဆွေးနွေးပေးဖို့ ရည်ရွယ်ထားပါတယ်။ | |||
| တရုတ်ပြည်ကရလာတဲ့ လူသတ်နည်းပညာသစ်၊(သို့)တရုတ်က ကောက်စားလိုက်တဲ့ မြန်မာပွန်းတကောင် | 24 Jun 2026 | 00:34:31 | |
တရုတ်ပြည်ကရလာတဲ့ လူသတ်နည်းပညာသစ်၊(သို့)တရုတ်က ကောက်စားလိုက်တဲ့ မြန်မာပွန်းတကောင် ၁။ မအလက တရုတ်ကို ဘာလို့အတင်းကပ်နေတာလဲနဲ့ ၂။ တရုတ်ကကောမြန်မာကို ဘာလို့ ပတ်သတ်ရတာလဲဆိုတာ ကို တဖြည်းဖြည်း နဲ့ ပေါ်လာတဲ့ ဖြစ်စဉ်တွေကနေ လိုက်ကြည့်ရအောင်ခုနကပြောသလို မအလက တရုတ်ကို ဘာလို့အတင်းကပ်နေတာလဲ ကိုအရင်ပြောကြည့်မယ်)))တကယ်က တရုတ်က တကမ္ဘာလံုး Hiper Power နိုင်ငံကြီး လုပ်ဖို့ ကြံနေတဲ့ ပိုးလမ်းမစီမံကိန်း ထဲက ပွန်းလေးတကောင်ထပ်စားလိုက်တဲ့အဆင့်လောက်ပဲအဲ့ဒိအတွက် အနဲအပါး တော့ အရိုးအကြွင်းအကျန်လေးတွေလောက်တော့ချကြွေးရတာပေါ့အဲ့ဒိအရိုးအကြွင်းအကျန်လေးတွေဆိုတာကလဲ ၊အရပ်ထဲမှာပြောသလိုပြောရရင်၊အဲ့ဒိ စာချုပ်တွေမှာ မင်းလက်မှတ် ထိုးသွားလိုက် ငါအကုန်လုပ်ပေးမယ်ဆိုတော့ မအလ ကလဲထိုးတာပေါ့အဲ့ဒိ ၁၈ ခုထဲမှာ တခြားဟာတွေ ကိုသိပ်စိတ်မဝင်စားဘူးသူစိတ်ဝင်စားတာကGlobal Development Initiative (ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစပျိုးမှု)Global Security Initiative (ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစပျိုးမှု)Global Civilization Initiative (ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ အစပျိုးမှု)Global Governance Initiative (ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု အစပျိုးမှု)အဲ့ဒိအထဲမှာမှလံုခြံုရေး နဲ့ပတ်သတ်တဲ့အစီအစဉ်ခေါင်းစဥ◌်နဲ့ နိုင်ငံတကာစင်မြင့်မှာ နိုင်ငံရေးအရ အကာအကွယ်ပေးတာမျိုး တရုတ်က လုပ်ပေးမှာဆိုပြီး စိတ်ချရပြီ (ဥပမာအနေနဲ့ပြောရရင်)ကုလသမဂ္ဂတွင် မအလ အတွက် ဗီတိုအာဏာသုံးပေးတာမျိုးတွေအထိ လုပ်ပေးလာနိုင်တယ် | |||
| ခေတ်စံနစ်နဲ့ လူများ Episode-3 : သောင်ဦးပွဲ (သို့)ကိုင်းစိုက်ပွဲ | 17 Jun 2026 | 00:40:04 | |
ဒီအပိုင်းမှာ— • သောင်လုပွဲနဲ့ မြေနုကျွန်းလုပွဲ အကြောင်း • ဧရာဝတီမြစ်ရိုးတလျောက် တောင်သူဘဝ • မြေနုကျွန်းလုကြတဲ့အကြောင်းအရင်း • Documentary-style သုံးသပ်ချက် Weekly Podcast by MinNyo #MyanmarPodcast #Irrawaddy #MinNyo | |||
| ဂေါ်စကွန်နယ်ကခြင်္သေ့ ကြီး ၄ ကောင် ဂေါ်စကွန်နယ်သား လူထူးဆန်းများ (Episode 2 | 10 Jun 2026 | 00:47:32 | |
ဒီ Podcast မှာ အဓိကပြောချင်တာက —ပြည်ရွှေဆံတော်ဘုရားကို မကြာသေးခင်က သွားရောက်ဖူးကြလား။အဲ့ဒီမှာ ခြင်္သေ့ ဘယ်နှစ်ကောင်ရှိလဲ၊အဲ့ဒီ ခြင်္သေ့တွေက ဘာလုပ်နေကြလဲ သိကြလား။အဲ့ဒီ ခြင်္သေ့တွေ အပြင် “လူခြင်္သေ့” ၄ ကောင်လည်း အဲ့ဒီမှာ ရှိတယ်ဆိုတာ သိကြမလား။ အခု Podcast မှာ အဲ့ဒီ ခြင်္သေ့ကြီး ၄ ကောင်က ဘယ်သူတွေလဲဆိုတာအသေးစိတ် ပြောပြထားပါတယ်။ သူတို့ ၄ ယောက်က —
Podcast ထဲမှာArt for People’s Sake,Art for Art’s Sake,Art for No Sake ခေတ်ဦးက ဇာတ်လမ်းတွေကိုပါစနစ်ကျ ပြန်လည်တင်ပြထားပါတယ်။ #ပြည်ရွှေဆံတော်ဘုရား #ခြင်္သေ့ကြီး၄ကောင် #ဂေါ်စကွန်နယ်သား #PodcastMyanmar | |||
| ခေတ် ၃ ခေတ် ။သတင်းထောက်ဘဝ ၊Episode 1 စစ်တပ်ကခိုးဆောက်ခဲ့တဲ့ လေယာဉ်ကွင်း | 03 Jun 2026 | 00:42:27 | |
ခေတ် ၃ ခေတ် — သတင်းထောက်ဘဝ Episode 1 — ပြည်သူ့အစိုးရလက်ထက် ခိုးဆောက်ခဲ့တဲ့ တိုက်လေယာဉ်ကွင်းဒီအပိုင်းမှာတော့…✔ လျှို့ဝှက်တည်ဆောက်ခဲ့တဲ့ လေယာဉ်ကွင်း ✔ ဘယ်သူတွေက ဘာအတွက် တည်ဆောက်ခဲ့တာလဲ ✔ အခုကျေးရွာတွေကို ဗုံးကျဲနေတဲ့ တိုက်လေယဥ◌်တွေဘယ်ကနေလာသလဲ✔ သတင်းထောက်ဘဝကနေ မြင်ရတဲ့ အမှန်တရားတွေဒီ Series က မြန်မာနိုင်ငံရဲ့ သမိုင်း၊ အာဏာ၊ လူထုနဲ့ သတင်းထောက်ဘဝကို ၃ ခေတ်အထိ ခွဲခြမ်းစိတ်ဖြာပြသသွားမယ့် Documentary ဖြစ်ပါတယ်။#Myanmar #Documentary #Investigation #Truth #historyofindia | |||
| ဆန်လုပွဲတွေဖြစ်လာတော့မှာလား။ ခေတ်စံနစ်နဲ့လူများ Episode(2) | 27 May 2026 | 00:38:42 | |
#minnyo#podcast | |||