Back

Explore every episode of the podcast "အထက်ဆင်" Podcast

Dive into the complete episode list for "အထက်ဆင်" Podcast. Each episode is cataloged with detailed descriptions, making it easy to find and explore specific topics. Keep track of all episodes from your favorite podcast and never miss a moment of insightful content.

Rows per page:

1–11 of 11

TitlePub. DateDuration
ငရဲခွေးကြီးများ လွတ်နေသည်။21 Jun 202500:16:49

ကျွန်မတို့ ငယ်ငယ်ကတည်းက "ဒါကတော့ဖြင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားတာဟဲ့"လို့ မိဘ အသိုင်းအဝိုင်း၊ မိသားစုအသိုင်းအဝိုင်းထဲမှာ သေချာ ခွဲခြမ်းစိတ်ဖြာ ပြောဆိုပြတာ ရှားပါတယ်။ တစ်ခုခုဆို “ဟယ် စတာ နေမှာပါ။ သည်းခံလိုက်” “ဒါလေးများဟယ် အသားပဲ့ပါသွားတာမှ မဟုတ်တာ” “ဒါ သူ ရည်ရွယ်တာ ဟုတ်ချင်မှ ဟုတ်မှာပါ” “နင် ကိုက အကဲဆတ်လွန်းတာ၊ ဆန်းဆန်းတင့်လွန်းတာ” ဆိုပြီး တပြောတည်း ပြောကြပါတယ်။အထက်ဆင် ကနေ တစ်ခါတည်း ပြောလိုက်ပါရစေ။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုနဲ့ ပတ်သက်လာရင် ကိုယ့်ဘက်က ဆန်းဆန်းတင့်လွန်းတယ် ဆိုတာ ရှိကို မရှိပါဘူး။ ကိုယ့်သတ်မှတ်ထားတဲ့ စည်းမျဉ်းကို ကျော်လာရင်၊ ကိုယ် လက်မခံနိုင်ရင်၊​ ကိုယ် သဘောမတူရင်၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှု မြောက်ပါတယ်။ ဘယ်အရာတွေက လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှု မြောက်သလဲဆိုတာကို ခုဆိုရင် ဖေ့စ်ဘုတ်မှာ၊ ဆိုရှယ်မီဒီယာတွေမှာ အသိပေးပုံတွေ အများကြီး ဝေမျှထားကြပါတယ်။ ကိုယ်တိုင်လည်း ဖတ်ရှုပြီး၊ အမျိုးသမီးအချင်းချင်းလည်း လက်တို့ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

⁠⁠https://linktr.ee/burmapodcastnetwork⁠

ဂျာမနီသို့ ရွေ့ပြောင်းနေထိုင်ခြင်းနှင့် မြန်မာနိုင်ငံမှ ခိုလှုံခွင့်တောင်းခံသူတို့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများ12 Apr 202500:40:03

မိတ်ဆွေတွေအားလုံးစောင့်မျှော်နေတဲ့ အထက်ဆင် Podcast ယခုတစ်ပတ်မှာပြန်လာပါပြီ

ဒီတစ်ပတ်မှာတော့ ဂျာမနီမှ ရွေ့ပြောင်းနေထိုင်မှု နှင့် နိုင်ငံရေးခိုလှုံခွင့်ဥပဒေဆိုင်ရာ ကျွမ်းကျင် ရှေ့နေ Mr. Christopher Wohnig နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီပေါ့ဒ်ကတ်စ်မှာ..

  • ဂျာမနီရဲ့ နိုင်ငံရေးခိုလှုံခွင့်ဆိုင်ရာမူဝါဒက ဘယ်လိုရှိလဲ?
  • ဂျာမနီကို ခိုလှုံခွင့်လျှောက်ထားသူမြန်မာနိုင်ငံသားတွေထဲမှာ ဘယ်လိုလူမျိုးတွေပါဝင်လဲ?
  • မအလနဲ့အပေါင်းအပါတွေက နိုင်ငံဖြတ်ကျော်ဖိနှိပ်မှုတွေကို ဂျာမနီနိုင်ငံမှရောဘယ်လိုလုပ်နေလဲ? 
  • လိင်အကြမ်းဖက်ခံရသူ၊ လူမဆန်စွာဆက်ဆံခံရသူ၊ နှိပ်စက်ညှင်းဆဲခံရသူတွေ အထူးသဖြင့် အမျိုးသမီးနဲ့ LGBTIQA+ တွေ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတဲ့အမှုတွေမှာ ဘာတွေကို ထည့်သွင်းစဉ်းစားဖို့လိုသလဲ?
  • နိုင်ငံရေးခိုလှုံခွင့်ရှာဖွေကြတဲ့အခါမှာ အထူးသဖြင့် အမျိုးသမီးနဲ့ LGBTIQA+ တွေအနေနဲ့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ? 

စသဖြင့် အကြောင်းအရာတွေ ပါဝင်တာကြောင့်မို့လို့ အခုတစ်ပတ် စနေနေ့ ည ၈ နာရီမှာ Burma Podcast Network ရဲ့ Platform တွေဖြစ်တဲ့ Youtube channel, Spotify နဲ့ Apple Podcast တို့မှာ နားဆင်နိုင်ပါတယ်။ မိမိတို့ ပါဝင်ဆွေးနွေးလိုတာ မရှင်းတာတွေရှိရင်လည်း Comment မှာ ဆွေးနွေးလို့ရသလို Message Box ကနေလည်းပေးပို့နိုင်ပါတယ်။ 

#BurmaPodcastNetwork #MyanmarPodcast #Burma #Myanmar #BPN #InfoMM #podcast #Germany #Migration #Asylum

#AHtetSin #WomenLifeInConflict #LGBTIQA #Refugee #Passport

"အထက်ဆင်"Podcast Episode #001| အမှားပါလဲ ခွင့်မလွတ်ကြပါနဲ့ 24 Nov 202300:10:18

ငြိမ်ချမ်းမေ ဒီ အပိုင်းမှာ ပြောချင်တာကတော့ "ပြောမှားဆိုမှား ရှိတာတွေအတွက် ခွင့်မလွှတ်ကြပါနဲ့ရှင်" ဖြစ်ပါတယ်။

အထက်ဆင်နဲ့ ဖက်ရှင်08 Feb 202500:32:13

ဘတ်စ်ကားပေါ် ဖင်နှိုက်ခံရပါတယ်ဆိုမှ ဘာဝတ်ထားလို့လဲ မမေးကြပါနဲ့ ကိုကိုမမ ဦးဦးဒေါ်ဒေါ်တို့ရေ...“တောင်းမှာ အကွပ် လူမှာအဝတ်” ဆိုတာ ရှိသည်မှန်သော်လည်း ကျမတို့ရဲ့ အဝတ်အစားရွေးချယ်မှုက နှာဘူးများအတွက် ကျူးလွန်ခွင့်လက်မှတ်လား? တော်တို့ပဲ စဥ်းစားကြပါလေ။ စဥ်းစားရခက်ရင်တော့ “ အထက်ဆင်နဲ့ဖက်ရှင်’ ဆိုတဲ့မငြိမ်းမေနဲ့ တော်လှန်သော ဖက်ရှင်ဒီဇိုင်နာ Nico တို့ အကြိတ်အနယ်ဆွေးနွေးတင်ဆက်ထားတဲ့အပိုင်းလေး နားဆင်ကြည့်ပါဦး။

စွတ်ချစ်တဲ့သူနဲ့ စွတ်မုန်းတဲ့သူ နှစ်မျိုးပဲရှိတဲ့ ဖိမနစ် နိုင်ငံခြားရေးဝါဒ07 Sep 202400:18:13

အထက်ဆင်  | Episode (6) 


အထက်ဆင် မိတ်ဆွေတို့ရေ နိုင်ငံခြားရေးမူဝါဒ ဘယ်ကစလဲ၊ မြန်မာလို ဘယ်လိုဘာသာပြန်ဆိုထားလဲဆိုတာကို ငြိမ်းချမ်းမေက ဒီအပိုင်းမှာ တင်ဆက်ဆွေးနွေးထားပါတယ်။ 


မိတ်ဆွေတို့ရဲ့ သဘောထားက ဘယ်လိုရှိလဲ၊ နားဆင်ပြီး လွတ်လပ်စွာဖြင့် မျှဝေပေးကြပါဦးနော်။


Burma Podcast Network ကနေ နယ်ပယ်စုံ အကြောင်းအရာစုံတို့ကို မိတ်ဆွေတို့အတွက် အားကျိုးတက်ဖွယ် တင်ဆက်နေပါတယ်။


Burma Podcast Network ရဲ့ podcasts များကို Youtube, Facebook, MMInfo စတဲ့ platform အစုံမှာ သွားရောက် နားဆင်နိုင်ပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို လက်ခံလား05 Aug 202400:15:56

အထက်ဆင် Podcast က ငြိမ်းချမ်းမေ က “Sexual harrasement” ဆိုတဲ့ စကားလုံးကို “လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားအနှောင့်အယှက်ပေးခြင်း” လို့ အဓိပ္ပါယ် ဖွင့်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားနှောင့်ယှက်မှုတွေဟာ စနစ်တကျ တိုက်ဖျက်ရမယ့် မှုခင်း၊ လူယဉ်ကျေးတွေနေတဲ့ လူ့အဖွဲ့အစည်းနဲ့ ကမ္ဘာမှာ မရှိသင့်တဲ့ အလေ့အထ အဖြစ်အပျက် လို့ဆိုပါတယ်။ မိတ်ဆွေတို့ကရော ငြိမ်းချမ်းမေနဲ့ သဘောထားတိုက်ဆိုင်ရဲ့လား။

Burma Podcast Network ရဲ့ podcasts များကို Youtube, Facebook, MMInfo စတဲ့ platform အစုံမှာ သွားရောက် နားဆင်နိုင်ပါတယ်။

အထက်ဆင် ပျံ/ ပြန်လာပြီ။04 Jul 202400:09:32

အထက်ဆင် ပျံ/ ပြန်လာပြီ။ 

ပြောစရာတွေက များလွန်လို့ အပိုင်းတွေ ခွဲပြောမယ့် အထက်ဆင်က ငြိမ်းချမ်းမေ ပြန်လာပါပြီ။


လက်နက်ကိုင်ဆွဲမှ လမ်းပေါ်ထွက်မှ ထင်သာမြင်သာအောင် တစ်ခုခုလုပ်ပြမှ ရန်လိုနေမှ အော်ပြနေမှ တိုက်ပွဲရယ်လို့ အမည်မြောက်တာ မဟုတ်ပါဘူး တဲ့။ 


အပြည်ပြည်ဆိုင်ရာ တိုက်ပွဲဝင်နေ့အကြောင်းကို ငြိမ်းချမ်းမေက သူ့အယူအဆ နဲ့ ရှုမြင်တင်ဆက်ပုံနဲ့ တင်ဆက်ထားပါတယ်။ 

မိတ်ဆွေတို့ကို တခုခု ပြောင်းလဲစေပါလိမ့်မယ်။ နားသောတဆင်ကြည့်ကြပါ။


ငြိမ်းချမ်းမေက မြန်မာနိုင်ငံရဲ့ မိန်းမ (သို့) အမျိုးသမီးများအပေါ်ထားရှိတဲ့ ခေါက်ရိုးကျိုးနေတဲ့ ရှုထောင့်/ပုံသေနည်းများကို အရွေ့တခုဖြစ်ဖို့ အားထုတ်နေကြတဲ့ မိတ်ဆွေများထဲက တစ်ယောက်ဖြစ်ပါတယ်။


Burma Podcast Network ကနေ နယ်ပယ်စုံ အကြောင်းအရာစုံက အကြောင်းအရာတွေကို မိတ်ဆွေတို့အတွက် အားကျိုးတက်ဖွယ် တင်ဆက်နေပါတယ်။

#burmapodcastnetwork #AhtetSin #myanmarpodcasts #Podcasts #womensupportingwomen #MMinfo

" Myanmar in 2021 and 2024: Resilience and Voice of People"01 Feb 202400:44:03

ဒီနေ့ဟာ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုရဲ့ ၃ နှစ်ပြည့် နေ့ဖြစ်ပါတယ်။ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်ကိုတွန်းလှန်နေကြတဲ့ ဒီတော်လှန်ရေးကြီးထဲမှာ နယ်ပယ်အသီးသီးက လူကြီး၊လူငယ်များဟာ တတ်စွမ်းသမျှ တစ်ရက်မှမနားပဲ ပါဝင်နေကြပါတယ်။ဒီလိုလှုပ်ရှားမှုတွေကို နိုင်ငံတကာမိတ်ဆွေတွေနဲ့ အဖွဲ့အစည်းတွေ သိရှိနိုင်ဖို့ Burma Podcast Network မှ အထက်ဆင် Podcast ရဲ့ Host မငြိမ်းချမ်းမေနဲ့အတူ Stiftung Asienhaus Germany မှ မြန်မာ့အရေးလေ့လာသူ ဂျာမနီနိုင်ငံသား Mr. Majid တို့ ဆွေးနွေးထားတဲ့ အထူး Episode " Myanmar in 2021 and 2024: Resilience and Voice of People" Podcast ကို နားဆင်ကြည့်နိုင်ပါတယ်။ မိမိ နိုင်ငံတကာ မိတ်ဆွေများနဲ့လည်း လွတ်လပ်စွာဝေမျှနိုင်ပါတယ်။အရေးတော်ပုံအောင်ကို အောင်ရပါမယ်။

"အထက်ဆင်"Podcast Special Episode #004 ငါတို့လုံချည် ငါတို့အောင်ပွဲ30 Dec 202300:51:39

၂၀၂၁ မတ်လ ဝန်းကျင်က စလို့ အမျိုးသမီးများရဲ့ ထမီကို လေပေါ်လွှင့်တင်ပြီး သပိတ်ထွက်လာတော့ စစ်မိစ္ဆာတွေကြောက်တယ် ၊ ရှေးရိုးစွဲတွေက ခပ်တွန့်တွန့်လုပ်တယ် ၊ ဘာသာရေးအစွန်းရောက်တွေ လန့်ကုန်ကြတယ်။ ထမီလောက်မကြီးပေမယ့် သူ့ထက်တော့ ကွန်ဆာဗေးတိုက်တွေကို စိတ်ဒုက္ခပေးဖို့ မလျော့ပါဘူးလို့ ကြွေးကြော်ခဲ့တဲ့ အထက်ဆင် ပေါ့ကပ်စ်က မငြိမ်းချမ်းမေက "ငါတို့လုံချည် ငါတို့အောင်ပွဲ" လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေတဲ့ မသဇင်ညွန့်အောင် နဲ့ Burma Podcast Network ရဲ့အထက်ဆင် Podcastမှာ စကားပြောဖြစ်ခဲ့ကြပါတယ်။

"အထက်ဆင်"Podcast Episode #003|မိန်းမဖြစ်ခြင်းနှင့် အကြမ်းဖက်မှုအထွေထွေ အပိုင်း(2)10 Dec 202300:09:11

မငြိမ်းချမ်းမေက မြန်မာနိုင်ငံရဲ့ မိန်းမ (သို့) အမျိုးသမီး များအပေါ် ထားရှိတဲ့ ရှုထောင့် ပုံသေနည်းများကို အရွေ့တစ်ခုဖြစ်ဖို့ အားထုတ်နေကြတဲ့ မိတ်ဆွေများထဲကတစ်ယောက်ဖြစ်ပါတယ်။ သူ့အယူအဆ ရှုမြင်တင်ဆက်ပုံက ခင်ဗျားတို့ကို တစ်ခုခုပြောင်းလဲစေပါလိမ့်မယ်။ ဒါနဲ့ ၁၆ ရက်တာ လှုပ်ရှားမှုဆိုတာကို ခင်ဗျား သိဖို့အတွက်လည်း ဒီ အပိုင်းက အထောက်ကူကောင်းကောင်းပေးပါလိမ့်မယ်။ နားဆင်ကြပါအုံး။

"အထက်ဆင်"Podcast Episode #002|မိန်းမဖြစ်ခြင်းနှင့် အကြမ်းဖက်မှုအထွေထွေ အပိုင်း(၁)10 Dec 202300:12:13

မငြိမ်းချမ်းမေက မြန်မာနိုင်ငံရဲ့ မိန်းမ (သို့) အမျိုးသမီး များအပေါ် ထားရှိတဲ့ ရှုထောင့် ပုံသေနည်းများကို အရွေ့တစ်ခုဖြစ်ဖို့ အားထုတ်နေကြတဲ့ မိတ်ဆွေများထဲကတစ်ယောက်ဖြစ်ပါတယ်။ သူ့အယူအဆ ရှုမြင်တင်ဆက်ပုံက ခင်ဗျားတို့ကို တစ်ခုခုပြောင်းလဲစေပါလိမ့်မယ်။ ဒါနဲ့ ၁၆ ရက်တာ လှုပ်ရှားမှုဆိုတာကို ခင်ဗျား သိဖို့အတွက်လည်း ဒီ အပိုင်းက အထောက်ကူကောင်းကောင်းပေးပါလိမ့်မယ်။ နားဆင်ကြပါအုံး။

© My Podcast Data