Back

Explore every episode of the podcast နေ့လယ်ခင်းသတင်း

Dive into the complete episode list for နေ့လယ်ခင်းသတင်း. Each episode is cataloged with detailed descriptions, making it easy to find and explore specific topics. Keep track of all episodes from your favorite podcast and never miss a moment of insightful content.

Rows per page:

1–50 of 177

TitlePub. DateDuration
နေ့လယ်ခင်းသတင်း (၂၀၂၅ ဇန်နဝါရီ ၂၃ ရက်) 23 Jan 202500:07:05

■ ကိုးကန့်တပ်နဲ့ စစ်ကောင်စီ အပစ်ရပ်ပြီးနောက် လားရှိုးဒေသခံတွေ နေရပ်ပြန်

■ ဖလမ်း မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဗုံးကြဲခုခံ 

■ ဧရာဝတီတိုင်းကို ခရီးသွားလာမှု သတိထားဖို့ ဗြိတိန် အသိပေး

■ မြန်မာပြည်တည်ငြိမ်လာဖို့ မျှော်လင့်ကြောင်း ဗီယက်နမ် ဝန်ကြီးချုပ်ပြော

■ ရွေးကောက်ပွဲအတွက် အသက် ၁၈ နှစ်အထက် လူဦးရေစာရင်း စစ်ကောင်စီ ကောက်ယူ

■ နေပြည်တော် စစ်ရုံးအနီးက နေအိမ်တွေ လမ်းနဲ့မလွတ်ဟုဆိုကာ ဖယ်ရှားခံရ

■ မဏိပူရ်အကျဥ်းထောင်က အမျိုးသမီးနဲ့ ကလေးငယ်တွေ အစာငတ်ခံ ဆန္ဒပြ

■ ထိုင်းမှာ LGBTQ+ စုံတွဲ ရာနဲ့ချီ တရားဝင် လက်ထပ်


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၅ ဇန်နဝါရီ ၂၂ ရက်) 22 Jan 202500:06:59

■ တိုက်ပွဲကြောင့် ချောင်းသာက ဒေသခံအများအပြား နေရပ်စွန့်ခွာ

■ စစ်ကောင်စီက မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေပြီး တိုက်ပွဲပြင်းထန်နေ

■ ကျားဖြန့်နှိမ်နင်းရေး ပူးပေါင်းလှုပ်ရှားမှု ထပ်လုပ်ဖို့ရှိကြောင်း တရုတ်ပြော

■ မော်လမြိုင်မြို့မှာ အိမ်တစ်ရာကျော် ကျူးကျော်ဆိုပြီး ဖယ်ရှားခံရ

■ ခါမ်းပါတ်မြို့ တစ်ပတ်အတွင်း သုံးကြိမ် ဗုံးကြဲခံရပြီးနောက် ဒေသခံတွေ ထွက်ပြေး 

■ အမေရိကန်နိုင်ငံသား ဆရာတော် ဦးပညာဇောတ ပုဒ်မနှစ်ခုနဲ့ ထပ်တိုးအမှုဖွင့်ခံရ

■ ၂၀၂၄ မှာ ဆန္ဒပြပွဲ သုံးထောင်ခန့်ရှိခဲ့ကြောင်း Data For Myanmar ပြော


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၅ ဇန်နဝါရီ ၂၁ ရက်) 21 Jan 202500:06:02

■ စစ်ဘေးဒုက္ခသည်တွေကို စာရင်းကောက်ဖို့ စစ်ကောင်စီ ပြင်ဆင်

■ ဂွနဲ့သံတွဲက စစ်ဘေးဒုက္ခသည် သုံးသောင်းခန့် စားနပ်ရိက္ခာ ခက်ခဲနေ

■ တစ်နှစ်အတွင်း အမျိုးသမီး လေးရာကျော် သေဆုံး

■ စစ်ကောင်စီက ကျပ်ငွေ ၃၁ ထရီလီယံ ရိုက်ထုတ်ခဲ့ကြောင်း NUG ပြော

■ နိုင်ငံတစ်ဝန်း စစ်သင်တန်းကျောင်းတွေမှာ စစ်မှုထမ်း အပတ်စဥ် (၉) စဖွင့်

■ စစ်ကိုင်းမှာ ဒေသခံတွေ စစ်မှုထမ်းဖို့ ဆက်တိုက် ဖမ်းဆီးခံနေရ 

■ စစ်ကောင်စီရဲ့ ဒရုန်းဗုံးကြောင့် တရုတ်တစ်ဦး အပါအဝင် နှစ်ဦးသေဆုံး


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၅ ဇန်နဝါရီ ၂၀ ရက်) 20 Jan 202500:06:40

■ မိုးဗြဲမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်

■ ရန်ကုန်-ပုသိမ်လမ်းမှာ ဖမ်းဆီးစစ်ဆေးမှုတွေ ရှိနေ 

■ နတ်တလင်းမှာ စစ်ကြောင်းဝင်ရောက်ချိန် ဆယ်ဦးထက်မနည်း သတ်ဖြတ်ခံရ

■ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်သစ် ခန့်အပ်

■ ရိုဟင်ဂျာတွေအပေါ် ပြစ်မှုကျူးလွန်တဲ့ အဖွဲ့အစည်းအားလုံးကို စုံစမ်းမယ်လို့ IIMM ပြော

■ နမခ ဌာနချုပ်က တပ်သားသစ်လေးဦး လက်နက်နဲ့တကွ ထွက်ပြေး

■ “ဝ”ဒေသမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်နားထားရ


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၅ ဇန်နဝါရီ ၁၇ ရက်) 17 Jan 202500:05:59

■ အွန်လိုင်းလိမ်လည်မှုကို နှိမ်နင်းဖို့ အာဆီယံကို တရုတ် တိုက်တွန်း

■ မြဝတီနဲ့ထိစပ်နေတဲ့ နယ်စပ်မှာ ထိုင်းဘက်က လုံခြုံရေးတင်းကျပ်

■ NUG ထိန်းချုပ်တဲ့ ခါမ်းပါတ်မြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

■ မန္တလေးမှာ နှစ်ပတ်အတွင်း လူငယ် ၁၂၀ ကျော် ဖမ်းဆီးခံရ

■ မလေးရှားမှာ မြန်မာနိုင်ငံသား နှစ်ရာခန့် ဖမ်းဆီးခံရ 

■ မြန်မာကလာတဲ့ မူးယစ်ဆေးရောင်းတဲ့လူ ခြောက်ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

■ နာဂဒေသ တည်ငြိမ်ရေးထိန်းသိမ်းဖို့ စစ်ကောင်စီပြော


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၅ ဇန်နဝါရီ ၁၆ ရက်) 16 Jan 202500:06:34

■ မြန်မာရေတပ်ကို လက်နက်မရောင်းခဲ့ကြောင်း အီတလီကုမ္ပဏီ ငြင်းဆို

■ မြန်မာမှာ လူကုန်ကူးခံရသူတွေကို ကယ်တင်ရေး ထိုင်းနဲ့ သီရိလင်္ကာ ဆွေးနွေး  

■ ဖမ်းဆီးအရေးယူမှုတွေကြောင့် ဒေါ်လာဈေး အနည်းငယ် ပြန်ကျ

■ မီဇိုရမ်မှာ CNF ခေါင်းဆောင်အပါအဝင် ငါးဦး အဖမ်းခံရ

■ ဗန်းမော်မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

■ ကချင်မှာ မြေပြိုမှုအပြီး ဒုက္ခရောက်နေသူတွေကို ကူညီပေးဖို့ ပုပ်ရဟန်းမင်းကြီး တောင်းဆို

■ ညစ်ညမ်းစာပေ စွပ်စွဲချက်နဲ့ တစ်ပတ်အတွင်း ပိတ်သိမ်းခံရတဲ့ စာအုပ် ၁၀ အုပ်အထိရှိလာ


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၅ ဇန်နဝါရီ ၁၅ ရက်)15 Jan 202500:06:39

■ မြန်မာ့အရေး တရုတ်ကွန်မြူနစ်ပါတီ တံခါးပိတ် ဆွေးနွေး

■ ဖားကန့်မှာ နွံကန်ပေါက်ကျမှု သေဆုံးသူ ၂၂ ဦးအထိ ရှိလာ

■ ဒုစစ်ခေါင်းဆောင် လွိုင်ကော်ရောက်ချိန် ရှော့တိုက်ဒုံးနဲ့ ပစ်ခဲ့ကြောင်း PDF ပြော 

■ တိုက်ခိုက်မှုကို ပြည်ပနိုင်ငံတချို့က အားပေးနေကြောင်း စစ်ခေါင်းဆောင် ပြော

■ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး Burma Campaign UK တောင်းဆို

■ ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းတပ်နဲ့ မူးယစ်ဆေး သယ်သူတို့ ပစ်ခတ်မှုဖြစ်ပြီး လေးဦးသေ

■ ပွင့်ဖြူမြို့နယ်က ဒေသခံ လေးဆယ်ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရ 

■ အဖမ်းခံရတဲ့ တပ်ဖွဲ့ဝင် ငါးဦး သတ်ဖြတ်ခံလိုက်ရကြောင်း PNLA ပြော


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၅ ဇန်နဝါရီ ၁၄ ရက်) 14 Jan 202500:06:45

■ တမူးမြို့သိမ်းတိုက်ပွဲသတင်းကြောင့် ဒေသခံတွေ ကြိုတင်တိမ်းရှောင်

■ ပအိုဝ်းဒေသမှာ တစ်နှစ်အတွင်း အရပ်သား ၁၃၀ နီးပါး သေဆုံး

■ ရန်ကုန်ကိုပို့မဲ့ စိတ်ကြွဆေးပြား ခုနစ်သိန်း ဖမ်းမိ

■ လာအိုမှာ အထောက်အထားမဲ့ မြန်မာတွေကို CI ထုတ်ပေးဖို့ စစ်ကောင်စီ စီစဥ်နေ

■ မလေးရှားကို တရားမဝင်လာတဲ့ မြန်မာ သုံးဆယ်ကျော် ဖမ်းဆီးခံရ 

■ စလင်းနဲ့မြိုင်မှာ စစ်မှုထမ်းတပ်သားသစ် ခုနစ်ဦး ဖမ်းဆီးခံရ

■ ဘုတလင်၊ ကူတော်ရွာ ဒေသခံတွေ မြေမြှုပ်မိုင်းကြောင့် နေရပ်မပြန်နိုင်သေး

■ အိန္ဒိယက ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော် ပထမရက်မှာ လူ ၁၅ သန်းခန့် ပါဝင်ဆင်နွှဲ


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၅ ဇန်နဝါရီ ၁၃ ရက်) 13 Jan 202500:07:00

■ ဖားကန့် လေကြောင်းတိုက်ခိုက်မှု အရပ်သား ရှစ်ဦး သေဆုံး

■ ချောင်းသာခရီးစဥ် ဖျက်သိမ်းသူတွေ ရှိလာ

■ စစ်ကိုင်းမှာ စက်သုံးဆီ ပီပါထောင်ချီ စစ်ကောင်စီ ဖမ်းဆီး

■ ဖားကန့်မှာ နွံ့ကန်ပေါက်ပြီးနစ်လို့ လူတချို့ သေဆုံး၊ ပျောက်ဆုံးနေ

■ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ဖို့ မျှော်လင့်ကြောင်း ဂျပန်သတင်းထောက်ပြော

■ လောင်းလုံးမှာ ရိက္ခာ သယ်တဲ့လမ်းကြောင်းကို စစ်ကောင်စီ ကန့်သတ်

■ ဘော်လခဲမှာ စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်

■ ကျွန်းလှနဲ့ ကန့်ဘလူမှာ စစ်ကြောင်းကြောင့် နှစ်သောင်းခန့် နေရပ်မပြန်နိုင်သေး

■ စစ်မှုထမ်းအမှတ်စဥ် (၅) သင်တန်းဆင်း နှစ်ဦး PDF ထံ ခိုလှုံလာ


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၅ ဇန်နဝါရီ ၁၀ ရက်) 10 Jan 202500:07:08

■ ဖားကန့်နယ်စပ် ဟုမ္မလင်းမြို့နယ်ဘက်မှာ တိုက်ပွဲပြင်းထန်နေ

■ MDY-PDF ထိန်းချုပ်မြို့တွေမှာ လေကြောင်းကတိုက်လို့ သေဆုံး၊ ဒဏ်ရာရသူရှိ

■ ပေါက်မြို့နယ် ကပစ-၂၄ ကို PDF ဒရုန်းနဲ့ တိုက်ခိုက် 

■ ထိုင်းမှာ ကွန်ဒိုဝယ်ယူမှု မြန်မာက ဒုတိယအများဆုံးဖြစ်

■ စစ်မှုထမ်း သင်တန်းဆင်းနှစ်ဦး KNLA ထံ လက်နက်နဲ့တကွ ခိုလှုံလာ

■ ထိုင်းမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ခြောက်ဆယ်ခန့် ဖမ်းဆီးခံရ

■ လွိုင်လင်လေးမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကလေးနှစ်ဦး သေဆုံး

■ လိင်တူချစ်သူတွေအကြောင်း စာအုပ်တချို့ကို စစ်ကောင်စီ ပိတ်သိမ်း

■ မြန်မာလက်ဝှေ့မယ် နော်ဥမ္မာစိုး မွေထိုင်း ချန်ပီယံခါးပတ် ဆွတ်ခူး


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၅ ဇန်နဝါရီ ၉ ရက်) 09 Jan 202500:06:41

■ ရမ်းဗြဲမှာ ဗုံးကြဲလို့ အရပ်သား လေးဆယ်ကျော် သေဆုံး 

■ မြိုင်မှာ စစ်ကြောင်းထိုးတာကြောင့် လူသောင်းချီ ထွက်ပြေးရ

■ စစ်ကောင်စီတပ် ယင်းမာပင်မြို့နယ် မြို့သစ်ရွာကို စီးနင်းမီးရှို့

■ ဆောမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး လက်နက်နဲ့တကွ PDF ထံ ခိုလှုံ

■ Mytel ကုမ္ပဏီကို အမေရိကန် ဒဏ်ခတ်အရေးယူ

■ Meta ရဲ့ မူဝါဒအပြောင်းအလဲ စိုးရိမ်စရာလို့ Human Rights Myanmar ပြော

■ ရန်ကုန်မြို့လယ်မှာ ရွှေဆိုင် ဓားပြတိုက်ခံရ

■ မြန်မာလက်ဝှေ့မယ် နော်ဥမ္မာစိုးနဲ့ ထိုင်း မွေထိုင်းဖိုက်တာတို့ ခါးပတ်လုပွဲ ထိုးသတ်မည်


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၅ ဇန်နဝါရီ ၈ ရက်)08 Jan 202500:07:14

■ မုံရွာမှာ အရပ်သား ငါးဆယ်ခန့် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရ

■ မံစီမြို့က တပ်ရင်းတွေအားလုံးကို KIA သိမ်းပိုက် 

■ ပုဂံဒေသမှာ စစ်ရေးဖော်ဆောင်မယ်လို့ ညောင်ဦး PDF ပြော

■ ၂၀၂၅ မှာ အစိုးရအဖွဲ့ အပြောင်းအလဲလုပ်ဖို့ NUG ဝန်ကြီးချုပ် တိုက်တွန်း

■ ၂၀၂၄ ခုနှစ်အတွင်း မြို့နယ် ၈၂ ခုမှာ အင်တာနက် ဖြတ်တောက်ခံရ

■ မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေ ဆက်ဖြစ်

■ အိန္ဒိယ-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် ဖြေလျှော့ပေးဖို့ မီဇိုရမ် အရပ်ဘက်အဖွဲ့ တောင်းဆို

■ AA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ HIV နဲ့ TB ဆေးတွေ ထောက်ပံ့

■ တာချီလိတ်နဲ့ ကျိုင်းတုံမှာ ငွေကျပ် ဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိ


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၅ ဇန်နဝါရီ ၇ ရက်) 07 Jan 202500:07:19

■ မန်းရွှေစက်တော်ဘုရားအနီး ခရီးမသွားကြဖို့ PDF သတိပေး

■ ပေါက်တောက ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို AA စားနပ်ရိက္ခာ ထောက်ပံ့

■ နိုင်ငံကူးလက်မှတ် စာအုပ်အတု ပြုလုပ်သူတွေကို စစ်ကောင်စီ ဖမ်းဆီး

■ လားရှိုးမှာ ကိုးကန့်တပ်က ယာဥ်လိုင်စင် လုပ်ပေးနေ

■ စစ်ကြောင်းကြောင့် မြိုင်ဒေသခံ နှစ်ထောင်ခန့် ထွက်ပြေး

■ ရန်ကုန် ကြည့်မြင်တိုင်မှာ ပစ်ခတ်မှုဖြစ်ပြီး တစ်ဦး သေဆုံး

■ နှစ်ပတ်ကြာ ပိတ်ထားတဲ့ ရန်ကုန်-ပုသိမ်ကားလမ်းက ကုန်တင်ကား ပြေးဆွဲခွင့် ပြန်ရ

■ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ထက်ဝက်လျော့ကျလို့ အချိုးကျ ခွဲဝေပေးနေရ


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၅ ဇန်နဝါရီ ၆ ရက်) 06 Jan 202500:06:56

■ ကျောက်နီမော်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား လေးဆယ်ခန့် သေဆုံး 

■ ဖလမ်းက လေကြောင်းတိုက်ခိုက်မှု စစ်သုံ့ပန်း ခုနစ်ဦးနဲ့ CNDF ရဲ တစ်ဦးသေ

■ ဇန်နဝါရီ ၅ ရက်နေ့ကို ကိုးကန့်ဒေသ လွတ်မြောက်ရေးနေ့အဖြစ် ကြေညာ

■ စစ်ကောင်စီတပ်သားနဲ့ ရဲ ၂၈ ဦး CDM ဝင်လာကြောင်း NUG ထုတ်ပြန်

■ ဗန်းမော်မြို့ နေရာအများစုကို KIA က ထိန်းချုပ်ပြီး ဆက်လက်တိုက်ခိုက်

■ မိခင်အတွက် ဆုတောင်းပေးသူတွေကို ကျေးဇူးတင်ကြောင်း ကင်မ်အဲရစ်ပြော

■ စစ်ကောင်စီလွတ်ငြိမ်းမှာ ထိုင်းငါးဖမ်းသမား လေးဦး မပါ

■ စလင်းမြို့အဝင်မှာ PDF က စစ်ဆေးရေးလုပ်


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၅ ဇန်နဝါရီ ၃ ရက်) 03 Jan 202500:07:18

■ ပေါက်တောမှာ ရိုဟင်ဂျာ ငါးထောင်ကျော် ရိက္ခာ အရေးပေါ်လိုအပ်နေ

■ မန္တလေးမှာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် လူငယ်ခုနစ်ဦးကို ဖမ်းဆီး 

■ KBZ Pay က ငွေအလိမ်ခံရသူတွေကို ငွေစိုက်ထုတ်ပေးနေ

■ တရုတ်နိုင်ငံမှာ ကူးစက်မြန် ဗိုင်းရပ်စ်အသစ်တစ်မျိုး ပျံ့နှံ့ 

■ ပခုက္ကူမြို့နယ် စဘေကျေးရွာအုပ်စုမှာ နေအိမ် ၁၄၀ ကျော် မီးရှို့ခံရ

■ ကလေးဝမှာ PDF နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရ

■ ရန်ကုန်မှာ လျှပ်စစ်မီး အလွန်အကျွံ ပြတ်တောက်လာ

■ လေယာဥ်ပျက်ကျမှုမှာ တစ်မိသားစုလုံး သေဆုံးသွားတဲ့ ပိုင်ရှင်မဲ့ခွေးလေးကို ကယ်ဆယ်


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၅ ဇန်နဝါရီ ၂ ရက်) 02 Jan 202500:07:20

■ NUG ဝန်ကြီးချုပ် ရန်ကုန် PDF တပ်ရင်းတွေနဲ့ တွေ့ဆုံ

■ MNDAA ထိန်းချုပ်ထားတဲ့ သိန္နီကို စစ်ကောင်စီတပ် လေကြောင်းက ဗုံးကြဲ

■ နေပြည်တော် ပျဥ်းမနားက စစ်ကောင်စီတပ် ဂိတ်စခန်း တိုက်ခိုက်ခံရ

■ မြန်မာနဲ့ ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းစေဖို့ ပုပ်ရဟန်းမင်းကြီး ဆုတောင်း

■ ဖြူးမြို့နယ်မှာ စစ်ကောင်စီတပ် ဒရုန်းဗုံးကြောင့် ဒေသခံ ခုနစ်ဦး သေဆုံး

■ ပုဏ္ဏားကျွန်း ယိုးတရုပ်ရွာ ဗုံးကြဲခံရမှု သေဆုံးသူ ငါးဦးအထိ ရှိလာ

■ အာဏာသိမ်းကာလ ကယားပြည်နယ်မှာ အရပ်သား ခုနစ်ရာကျော် သေဆုံး

■ မဏိပူရ်မှာ ခြောက်မိုင်နီးပါး အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မှု ပြီးမြောက်


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၅ ဇန်နဝါရီ ၁ ရက်)01 Jan 202500:06:10

■ နှစ်သစ်ကူးနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးဦး သေဆုံး

■ အကျဉ်းသား ၁၇၀ ခန့်ကို လွတ်ငြိမ်းခွင့်ပြုကြောင်း NUG ထုတ်ပြန်

■ ဘုတလင်မှာ အရပ်သား နှစ်ရာနီးပါး ဆက်လက်ဖမ်းဆီးခံထားရ

■ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မထောက်ခံဖို့ နိုင်ငံတကာကို NUG တောင်းဆို

■ လွတ်ရက်စေ့ ရိုဟင်ဂျာတွေ ဆက်လက်ချုပ်နှောင်ခံထားရ

■ ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရ 

■ လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ကယ်တင်


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်) 31 Dec 202400:06:53

■ စစ်ကောင်စီရော AA နဲ့ပါ ထိတွေ့ဆက်ဆံနေကြောင်း ဘင်္ဂလားဒေ့ရှ်ပြော

■ ချင်းဒေသ စစ်ရေးအောင်မြင်မှု အရေးပါကြောင်း NUG ယာယီသမ္မတပြော

■ တောင်ခမ်းမှာ စစ်ကောင်စီတပ်နဲ့ TNLA မဟာမိတ်အဖွဲ့ တိုက်ပွဲပြင်းထန်

■ တစ်နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၁၈၀၀ နီးပါး ထောင်ပြောင်းရွှေ့ခံရ

■ မြင်းခြံမှာ PDF နှစ်ဦး ပစ်သတ်ခံရ

■ နှစ်သစ်ကူးပွဲကျင်းပဖို့အတွက် ညမထွက်ရအမိန့် တစ်ရက်ပယ်ဖျက်

■ ကလေးနဲ့အတူရှိတဲ့ နိုင်ငံရေးအကျဉ်းသူ လေးဆယ်ခန့်ရှိ

■ ဝါးခယ်မမှာ PDF နဲ့ဆက်သွယ်တယ်ဆိုပြီး လူငယ်လေးဦးဖမ်းဆီးခံရ


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၃၀ ရက်)30 Dec 202400:07:00

■ တွေ့ဆုံဆွေးနွေးရေးအတွက် ကြိုဆိုကြောင်း စစ်ခေါင်းဆောင်ပြော

■ အောင်ဇေယျစစ်ကြောင်းက စစ်ကောင်စီတပ်သား နှစ်ဆယ်ခန့် KNLA ထံ ခိုလှုံ

■ ချောက်မှာ PDF စခန်းနှစ်ခု စီးနင်းဖျက်ဆီးခံရ

■ မြန်မာပြည်မြောက်ပိုင်း ကျားဖြန့်ငွေလိမ်ဂိုဏ်းက လူ ၃၉ ဦးကို တရုတ်အစိုးရ တရားစွဲ

■ ဆေးကုသခွင့်မလုံလောက်လို့ တစ်နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၂၂ ဦး သေဆုံး 

■ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ရေး စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

■ လူသတ် ဓားပြမှု ကျူးလွန်သူတွေကို မုံရွာ ပလဖ ဖမ်းဆီးထား

■ မူးယစ်ဆေးဖြန့်နေတဲ့ မလေးရှားနိုင်ငံသားနဲ့ မြန်မာနှစ်ဦး ဖမ်းမိ


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၂၇ ရက်) 27 Dec 202400:07:06

■ စစ်ရှုံးတာကိုလက်ခံဖို့ စစ်ခေါင်းဆောင်ကို စစ်သုံ့ပန်း နပခ တိုင်းစစ်ဦးစီး ပြော

■ တိုက်ပွဲပြင်းထန်နေတဲ့ တောင်ခမ်းမှာ နှစ်ဖက်တပ် အင်အားထပ်ဖြည့်

■ မောင်တောမှာ အာဆာရဲ့တိုက်ခိုက်မှုတွေ ရှိနေကြောင်း AA ပြော

■ ဗန်းမော်စစ်ဘေးဒုက္ခသည် သုံးသောင်းဝန်းကျင် အရေးပေါ် အကူအညီလိုအပ်

■ မန္တလေးအထက်ပိုင်းမှာ စစ်ကောင်စီတပ် နေအိမ် ရာနဲ့ချီ မီးရှို့ဖျက်ဆီး

■ မြင်းခြံခရိုင်မှာ လေကြောင်းရန်ကြောင့် ဗုံးခိုကျင်းတွေ တူးနေ

■ မန္တလေးတိုင်းမှာ ခြောက်လအတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သား ၆၀ နီးပါးသေဆုံး

■ ထိုင်းမှာ ကားနှစ်စီးပေါ်က အထောက်အထားမဲ့ မြန်မာ ၂၆ ဦး ဖမ်းခံရ 


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၂၆ ရက်) 26 Dec 202400:06:47

■ အမ်း နပခ ဌာနချုပ်ကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်း

■ မံစီမြို့က လက်ကျန်တပ်ရင်း အတွင်းပိုင်းတွေအထိ KIA ဝင်တိုက်

■ ဘုတလင်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးပြီး လူတစ်ရာခန့် ဖမ်းဆီး

■ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးလအတွင်း အရပ်သား ၁၆၀ ကျော် သေဆုံး

■ စစ်မှုထမ်းဖို့ ဖမ်းဆီးစုဆောင်းခံရသူနှစ်ဦး PDF ထံ ခိုလှုံလာ

■ ကမ္မမြို့ စီးနင်းခံရပြီး ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရ

■ မိုးဗြဲမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် နေအိမ် ငါးဆယ်ခန့်ပျက်စီး

■ ပုဂံမှာ ရှေးဟောင်းရွှေထည်ပစ္စည်း ရောင်းချသူတချို့ ဖမ်းဆီးခံရ


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၂၅ ရက်) 25 Dec 202400:06:55

■ ဆေးဝါးလိုအပ်မှုကြောင့် မတ္တရာမှာ စစ်ဘေးဒုက္ခသည် ငါးဆယ်ခန့် သေဆုံးခဲ့

■ ရေကြည်က ရခိုင်စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီတပ် ပြောင်းရွှေ့ခိုင်းနေ

■ ယောဒေသလွတ်မြောက်ရေး စစ်ရေးအရှိန်မြှင့်မယ်လို့ ယောတပ်ထုတ်ပြန်

■ နယ်စပ်လုံခြုံရေး လိုအပ်တာအားလုံး လုပ်မှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြော

■ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆက်ဆန့်ကျင်မယ်လို့ NUG နဲ့ NUCC ပြော

■ ကျောက်တံခါး ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရဆဲ

■ ထိုင်းအစိုးရရဲ့ အခြေခံလုပ်ခတိုးပေးမှု မလုံလောက်ကြောင်း ရွှေ့ပြောင်းလုပ်သားတွေပြော 


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၂၄ ရက်) 24 Dec 202400:07:17

■ ဗန်းမော်က ကာကင်းစခန်းတချို့ KIA သိမ်းထားပြီး တိုက်ပွဲဆက်ပြင်းထန်

■ မြိုင်မှာ ပျူစောထီးစခန်းတစ်ခု သိမ်းပိုက်ခံရ

■ နယ်စပ်က ဝမ်းရောဂါဖြစ်ပွားမှု စောင့်ကြည့်ဖို့ ထိုင်းဒုဝန်ကြီးချုပ် ညွှန်ကြား

■ အမြန်လမ်းပေါ် PDF က စစ်ဆေးပြီးနောက် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

■ နိုင်ငံတစ်ဝန်းမှာ စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၈) ဖွင့်

■ ရေကြည်မှာ ရခိုင်စစ်ဘေးဒုက္ခသည် ဆယ်ဦးထက်မနည်း ဖမ်းဆီးခံရ

■ မိုဆိုရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု တရားမျှတမှု မရသေး

■ တရုတ်နိုင်ငံအတွင်း မြန်မာနိုင်ငံသား ၁၈ ဦး ဖမ်းဆီးခံရ

■ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို စစ်ကောင်စီ ထပ်မံပိတ်သိမ်း


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၂၃ ရက်) 23 Dec 202400:06:58

■ ချင်းပြည်နယ်ရဲ့ ၈၅ ရာခိုင်နှုန်း သိမ်းထားပြီလို့ ချင်းညီနောင်အဖွဲ့ပြော

■ ဂွမြို့ အထွက် ခမရ-၅၆၂ တပ်ရင်း အတွင်းပိုင်းအထိ AA ဝင်တိုက်

■ တန်းတူညီမျှမှုအတွက် AA ကို ရိုဟင်ဂျာအဖွဲ့တွေ တောင်းဆို

■ ရွာငံမှာ စစ်ကောင်စီတပ်နဲ့ ဓနုကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်

■ ကိုရီးယားမှာ ဖမ်းဆီးခံရတဲ့ မြန်မာတွေကို ကူညီနေကြောင်း NUG ပြော

■ ကျွဲတပ်ဆုံဂိတ်မှာ ကားထောင်ချီ ပိတ်မိနေလို့ ကုန်သည်တွေ ထိခိုက်နစ်နာ

■ ပခုက္ကူမြိုနယ်မှာ ကျေးရွာ ငါးရွာက နေအိမ် တစ်ရာခန့် မီးရှို့ခံရ

■ မဏိပူရ်မှာ မြန်မာထုတ် စစ်အသုံးအဆောင်နဲ့ လက်နက်တွေ တွေ့ရှိ


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၂၀ ရက်) 20 Dec 202400:06:42

■ ဂွမြို့ ခမရ-၅၆၃ ကို AA သိမ်းပိုက်လိုက်ပြီး မြို့ကိုထိန်းချုပ် 

■ ရှမ်းမြောက်က တရုတ်စီမံကိန်းဧရိယာမှာ အရပ်သား ခုနစ်ဆယ်ခန့် သေဆုံး

■ ဝမ်ပေါင် ကြေးနီစီမံကိန်းက ကြေးနီသယ်ယာဥ်တန်း တိုက်ခိုက်ခံရ 

■ ထိုင်းစစ်တပ်နဲ့ “ဝ” တပ်ဖွဲ့ကြား ယုံကြည်မှု တည်ဆောက်ရေးဆွေးနွေး

■ လာမဲ့နှစ် ကျန်းမာရေးကဏ္ဍ အကူအညီလိုအပ်သူ ၁၂ သန်းကျော်ရှိကြောင်း WHO ဖော်ပြ

■ မင်းတပ်နဲ့ ဖလမ်းမြို့ပေါ်က နေရာအများစုကို ချင်းညီနောင်အဖွဲ့ သိမ်းပိုက်ထိန်းချုပ်  

■ စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်ခံရလို့ ဟင်္သာတကို စစ်ရှောင်လာတဲ့ ဒုက္ခသည်ရှစ်ဦး သေဆုံး

■ ပခုက္ကူ၊ မြိုင်နဲ့ စလင်းမှာ ရွာပေါင်း သုံးဆယ်ကျော်က ဒေသခံ နှစ်သောင်းဝန်းကျင် ထွက်ပြေးနေရ


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၂၀ ရက်) 20 Dec 202400:06:42

■ ဂွမြို့ ခမရ-၅၆၃ ကို AA သိမ်းပိုက်လိုက်ပြီး မြို့ကိုထိန်းချုပ် 

■ ရှမ်းမြောက်က တရုတ်စီမံကိန်းဧရိယာမှာ အရပ်သား ခုနစ်ဆယ်ခန့် သေဆုံး

■ ဝမ်ပေါင် ကြေးနီစီမံကိန်းက ကြေးနီသယ်ယာဥ်တန်း တိုက်ခိုက်ခံရ 

■ ထိုင်းစစ်တပ်နဲ့ “ဝ” တပ်ဖွဲ့ကြား ယုံကြည်မှု တည်ဆောက်ရေးဆွေးနွေး

■ လာမဲ့နှစ် ကျန်းမာရေးကဏ္ဍ အကူအညီလိုအပ်သူ ၁၂ သန်းကျော်ရှိကြောင်း WHO ဖော်ပြ

■ မင်းတပ်နဲ့ ဖလမ်းမြို့ပေါ်က နေရာအများစုကို ချင်းညီနောင်အဖွဲ့ သိမ်းပိုက်ထိန်းချုပ်  

■ စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်ခံရလို့ ဟင်္သာတကို စစ်ရှောင်လာတဲ့ ဒုက္ခသည်ရှစ်ဦး သေဆုံး

■ ပခုက္ကူ၊ မြိုင်နဲ့ စလင်းမှာ ရွာပေါင်း သုံးဆယ်ကျော်က ဒေသခံ နှစ်သောင်းဝန်းကျင် ထွက်ပြေးနေရ


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၁၉ ရက်) 19 Dec 202400:06:36

■ မြန်မာရွေးကောက်ပွဲကိစ္စ ထိုင်းဆွေးနွေးပွဲမှာ ပါဝင်နိုင် 

■ အမ်း နပခ ဌာနချုပ်မှာ တိုင်းစစ်ရုံးသာ ကျန်တော့ကြောင်း AA ထုတ်ပြန် 

■ NUG ရဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမှု တောင်ကိုရီးယား လက်မခံတော့

■ မြန်မာ့အရေး အာဆီယံရဲ့ချဥ်းကပ်ပုံ ပြောင်းသင့်ကြောင်း ဘန်ကောက်ပို့စ် ဖော်ပြ 

■ မင်းတပ်မြို့ လက်မလွှတ်ရဖို့ လေကြောင်းကနေ စစ်ကောင်စီ အပြင်းအထန်ပစ်ခတ်နေ 

■ ရှေ့တန်းရောက်နေတဲ့ စစ်မှုထမ်းသင်တန်းဆင်းလေးဦး KNDF ထံ ခိုလှုံ 

■ အထောက်ထားမဲ့ မြန်မာအလုပ်သမားတွေကိုဖမ်းဆီးစဥ် ထိုင်းရဲတစ်ဦး သေဆုံး

■ မန္တလေးမြို့လယ်ကောင်မှာရှိတဲ့ ရွှေစင်အကယ်ဒမီ ရွှေဆိုင် ဓားပြတိုက်ခံရ 

 


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၁၈ ရက်)18 Dec 202400:07:09

■ အမ်း နပခ စစ်ကောင်စီတပ် ထပ်မံလက်နက်ချတဲ့ရုပ်သံ AA ထုတ်ပြန်

■ ဂွမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး မြို့ပေါ် နေအိမ်တချို့ မီးလောင်နေ

■ အပစ်ရပ်ဖို့ တရုတ်နဲ့ဆွေးနွေးခဲ့ပေမဲ့ ကချင်မှာ တိုက်ပွဲဆက်လက်ပြင်းထန်

■ တနင်္သာရီမှာ တစ်လအတွင်း အရပ်သား ၃၆၀ ခန့် ဖမ်းဆီးခံရ

■ မြန်မာ့အရေး အာဆီယံကြိုးပမ်းချက် မအောင်မြင်ကြောင်း အရပ်ဘက်အဖွဲ့တွေ ထုတ်ပြန်

■ ပခုက္ကူမှာ ရွာသုံးရွာ မီးရှို့ခံရပြီး လူထောင်နဲ့ချီ ထွက်ပြေးနေရ

■ စစ်ကောင်စီရဲ့ကန့်သတ်မှုကြောင့် ချင်းပြည်နယ်တောင်ပိုင်းမှာ ကုန်စည်ပြတ်လပ်

■ လပွတ္တာနဲ့ မန္တလေးမှာ ဝမ်းရောဂါဖြစ်နေပြီး လူသေဆုံးမှုရှိနေ

■ ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆု ဗင်နီစီးယပ်စ် ရရှိ


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၁၇ ရက်) 17 Dec 202400:06:17

■ မန္တလေးမှာ လူငယ် ၁၂၀ ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

■ နပခက စစ်ကောင်စီတပ်သား အများအပြားလက်နက်ချ

■ ဗန်းမော်တိုက်ပွဲမှာ အရပ်သား သုံးဆယ်ဝန်းကျင် သေဆုံး

■ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းလျှောက်ထားချက် တရားမျှတမှု ပိုရနိုင်

■ မြောင်းမြထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို ဆေးဝါးပို့ခွင့် ကန့်သတ်ခံရ

■ မူဆယ်မှာ ကျားဖြန့်ဂိုဏ်းနဲ့ဆက်စပ်ပြီး တရုတ်နိုင်ငံသား နှစ်ဆယ် ဖမ်းဆီးခံရ

■ ကနီမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးဦး သေဆုံး၊ ဆယ်ဦး ဒဏ်ရာရ

■ ပေါက်မှာ အမျိုးသား ငါးဦး သတ်ဖြတ်ခံရပြီး လူငါးဆယ်ခန့် ဖမ်းဆီးခံထားရ


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၁၆ ရက်) 16 Dec 202400:07:00

■ တောင်ကုတ်မြို့နယ်ကို AA အပြီးသတ် သိမ်းပိုက်

■ အမ်းက နပခ ဌာနချုပ်အတွင်း တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

■ တပ်စခန်းတွေ ပြန်ဆုတ်ပေးမယ်လို့ ထိုင်းကို ပြောမထားကြောင်း UWSA ပြော

■ ရွှေသောင်ယံမြို့က ရခိုင်စစ်ဘေးဒုက္ခသည်တွေကို ပြောင်းရွှေ့ခိုင်း

■ မြင်းခြံ၊ မုံရွာနဲ့ ရေဦးမှာ စစ်မှုထမ်းဖို့ လူငယ်တစ်ရာကျော် ဖမ်းဆီးခံရ

■ ထိုင်းမှာ သုံးရက်အတွင်း အထောက်အထားမဲ့ မြန်မာ လေးရာခန့် ဖမ်းဆီးခံရ

■ မလေးရှားမှာ ခရစ္စမတ်ပွဲ ကျင်းပနေတဲ့ မြန်မာ ခုနစ်ဆယ်နီးပါးဖမ်းခံရ

■ ဗိုလ်မှူးအဆင့်အပါအဝင် ရဲနဲ့ စစ်သား သုံးဆယ်ကျော် CDM ဝင်လာကြောင်း NUG ထုတ်ပြန်

■ ပန်းရောင်ကတ်လုပ်တဲ့အခါ အလိမ်မခံရဖို့ အလုပ်သမားအရေး လှုပ်ရှားသူတွေ အသိပေး


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၁၃ ရက်) 13 Dec 202400:07:00

■ သိပ္ပံနဲ့ နည်းပညာတွေ အသုံးချရေး ကြိုးပန်းမယ်လို့ စစ်ခေါင်းဆောင်ပြော

■ ဖာပွန်ခရိုင် တောင်သုံးလုံးစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

■ ကချင်ပြည်နယ်က တရုတ်-မြန်မာ နယ်စပ်ဂိတ်အားလုံးပြန်ဖွင့်

■ ဇန်နဝါရီလကစပြီး ထိုင်းကို e-Visa လျှောက်ထားနိုင်မည်

■ အင်းတော်မြို့ပေါ်မှာ တိုက်ပွဲ ပြန်ပြင်းထန်နေ

■ အမေရိကန်နိုင်ငံသား ရွှေဝါရောင်ဆရာတော် ဦးပညာဇောတကို ရုံးထုတ်

■ မြန်မာနိုင်ငံကို ဆန်တန်ချိန် နှစ်ထောင်ကျော် အိန္ဒိယ လှူဒါန်း

■ သခင် ကွယ်လွန်သွားလို့ ထိုင်းနိုင်ငံက ခွေးကလေး ရင်ကွဲနာကျ သေဆုံး


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၁၂ ရက်) 12 Dec 202400:06:47

■ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အတွင်းအထိ AA ဝင်ရောက်တိုက်ခိုက်

■ ဗန်းမော်မြို့ပေါ်အထိ KIA နေရာယူထားပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်

■ တရုတ်နဲ့ မြန်မာကုမ္ပဏီတွေကို အမေရိကန် ဒဏ်ခတ်အရေးယူ

■ ငါန်းဇွန်မှာ ဆေးဝါးမလုံလောက်လို့ သေဆုံးသူ နှစ်ဆယ်ဝန်းကျင် ရှိလာ

■ ပဲခူးတိုင်းအနောက်ခြမ်းမှာ စစ်မှုထမ်းဖို့ လူငယ်ငါးဆယ်ခန့် ဖမ်းဆီးခံရ

■ မလေးရှားသွားမဲ့ ရိုဟင်ဂျာ ရှစ်ဆယ်ကျော် ထိုင်းမှာ ဖမ်းဆီးခံရ

■ လားရှိုးမှာ ကလေးတွေ ပညာရေးအတွက် စာပေဝိုင်းတွေ ဖွင့်လှစ်

■ MLBB M6 ကွာတားဖိုင်နယ်မှာ Falcon Esports အသင်းရှုံးနိမ့်


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၁၁ ရက်)11 Dec 202400:07:01

■ တရုတ်-မြန်မာ ပူးပေါင်းလုံခြုံရေးကုမ္ပဏီတည်ထောင်မှု အကျိုးမရှိနိုင်

■ မြန်မာ့အရေး တရုတ်ဝင်ရောက်စွက်ဖက်မှု ပိုမိုများလာ

■ အပစ်ရပ်ဆွေးနွေးရေး စစ်ကောင်စီဘက်က မတုံ့ပြန်သေးကြောင်း TNLA ပြော

■ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆက်လက်ဆောင်ရွက်မယ်လို့ ပအိုဝ်းအဖွဲ့တွေ ထုတ်ပြန်

■ ပြည်ပအလုပ်အကိုင်အေဂျင်စီ လေးရာကျော်ကို စစ်ကောင်စီ စစ်ဆေးမည်

■ မြန်မာ့စီးပွားရေးတိုးတက်မှု အနှုတ် ၁ ရာခိုင်နှုန်းရှိကြောင်း ကမ္ဘာ့ဘဏ် ခန့်မှန်း

■ မြင်းခြံနဲ့ ငါန်းဇွန်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၁၉ ဦး ရှိလာ

■ အယုဒ္ဓယမှာ အထောက်အထားမဲ့ မြန်မာတစ်ရာကျော် ဖမ်းဆီးခံရ

■ အားကောင်းတဲ့ လေဖိအားနည်ရပ်ဝန်းကြောင့် ဒေသတချို့မှာ မိုးရွာနိုင်


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၁၀ ရက်) 10 Dec 202400:07:01

■ ကလေးမြို့မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ

■ တရုတ်စီမံကိန်းရှိတဲ့ ဗန်းမော်မြို့ မကျဖို့ လေကြောင်းနဲ့ အပြင်းအထန် ခုခံ

■ မြို့နယ် ၁၆၀ ကျော်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိကြောင်း ကော်မရှင်ဥက္ကဋ္ဌပြော

■ တောင်ခမ်းတိုက်ပွဲ စစ်သုံ့ပန်း နှစ်ဆယ်ကျော် ဖမ်းမိကြောင်း TNLA ပြော

■ ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် KOICA က ဒေါ်လာ လေးသန်း ကူညီမည်

■ မင်းတပ်မြို့တိုက်ပွဲ တစ်လကျော်အထိ ဆက်လက်ပြင်းထန်နေ

■ ဧရာဝတီတိုင်းမှာ ရခိုင်ငါးဖမ်းလှေတွေကို ငါးဖမ်းခွင့် စစ်ကောင်စီကန့်သတ်

■ မလေးရှားမှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံသား ၁၇၀ ခန့် ဖမ်းဆီးခံရ


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၉ ရက်) 09 Dec 202400:07:04

■ တောင်ပိုင်းတိုင်း စစ်ဒေသမှာ တိုက်ပွဲပြင်းထန်နေကြောင်း NUG ထုတ်ပြန်

■ ထိုင်းနဲ့ စစ်ရေး တင်းမာနေတယ်ဆိုတာ မဟုတ်ကြောင်း “ဝ”တပ်ဖွဲ့ပြော

■ မတ္တရာမြို့နယ်အနောက်ခြမ်းက ရွာသုံးရွာကို MDY-PDF ပြန်ထိန်းချုပ်

■ ကိုးကန့်တပ်ဖွဲ့က “ဝ”ဒေသဘက် ကုန်စည်သယ်ခွင့် ကန့်သတ်

■ ထိုင်းက တရားဝင် မြန်မာအလုပ်သမားတွေကို စစ်ကောင်စီ တာဝန်ယူမှု ပျက်ကွက်

■ ထိုင်းမှာ ယာယီနေထိုင်ခွင့်အတွက် စလစ်ကြေး မပေးရကြောင်း မြန်မာသံရုံး ငြင်းဆို

■ မတ္တရာမြို့နယ်အနောက်ခြမ်းက ရွာတွေကို စစ်ကောင်စီတပ် စီးနင်းမီးရှို့

■ စစ်ကြောင်းထိုး၊ စီးနင်းမှုကြောင့် အုတ်ဖို ဒေသခံတစ်ထောင်ကျော် ထွက်ပြေး


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၆ ရက်) 06 Dec 202400:06:54

■ မြန်မာကို ICJ မှာ တရားစွဲထားတဲ့အမှုမှာ စလိုဗေးနီးယား ပါဝင်လာ

■ ဖမ်းဆီးထားတဲ့ ထိုင်းရေလုပ်သား လေးဦးကို စစ်ကောင်စီ ပြန်လွှတ်

■ ဟုမ္မလင်းမြို့ခံတွေကို နေအိမ်ကနေ ဖယ်ရှားခိုင်းပြီး SNA က တပ်စွဲ

■ အမေရိကန်နိုင်ငံသား ရွှေဝါရောင် ဆရာတော်ကို စစ်ကောင်စီ ပုဒ်မသုံးခုနဲ့ တရားစွဲ

■ မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဖို့ ထိုင်းအစိုးရကို NUG တိုက်တွန်း

■ ငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်ဖမ်းမိတဲ့ တရုတ်နိုင်ငံသား ၁၈ ဦးကို စစ်ကောင်စီအမှုဖွင့်

■ ဘူးသီးတောင်မှာ ARSA အဖွဲ့ အမျိုးသမီးတစ်ဦးကိုသတ်ပြီး သုံးဦးကို ဖမ်းဆီးသွား

■ ရေစကြိုမှာ ရွာသုံးရွာက နေအိမ် လေးဆယ်ကျော် မီးရှို့ခံရပြီး အရပ်သားတစ်ဦး သေဆုံး


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၅ ရက်) 05 Dec 202400:07:06

■ တရုတ်က ပြန်လွှဲတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာကို နေရာရွှေ့  

■ နွားထိုးကြီးမှာ လေးရက်ဆက်တိုက် ဗုံးကြဲခံရပြီး သေဆုံးသူ ၁၁ ဦးရှိလာ

■ ရုရှားကို အလုပ်သမားစေလွှတ်ဖို့ စစ်ကောင်စီပြင်ဆင်

■ သတ်မှတ်ဈေးအတိုင်းမရောင်းရင် အရေးယူမယ်လို့ ဆန်စပါးအသင်းချုပ်ပြော

■ စစ်ကောင်စီ ရွေးကောက်ပွဲကို ထောက်ပံ့အားပေးမှုတွေအပေါ် NUG သတိပေး

■ မတ္တရာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံး

■ ဗန်းမော်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ

■ မြန်မာ့သင်္ကြန် ကမ္ကာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပြီ


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၄ ရက်) 04 Dec 202400:06:46

■ ဗန်းမော်နဲ့ မံစီမြို့ကို KIA တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်

■ ရွေးကောက်ပွဲကို ရုရှားက ကူညီမယ်လို့ စစ်ကောင်စီပြော

■ ရခိုင်ပြည်နယ်ကတိုက်ပွဲတွေ ဂွမြို့အနီးထိ ရောက်လာ

■ မြန်မာ့ကျွန်းသစ်နဲ့ အလှဆင်တဲ့ ရွက်လှေကုမ္ပဏီကို ယူရို တစ်သိန်းခွဲ ဒဏ်ခတ်

■ နိုဝင်ဘာလအတွင်း အရပ်သား ရှစ်ဆယ် သေဆုံးကြောင်း AAPP ပြော

■ ဘူးသီးတောင်မှာ တိုက်ပွဲအတွင်းခိုးယူခံရတဲ့ ပစ္စည်းတွေ ပိုင်ရှင်ထံ ပြန်အပ်

■ တောင်ကုတ်မှာ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် ရိက္ခာ အရေးပေါ်လိုအပ်နေ

■ လေကြောင်းတိုက်ခိုက်မှုကြောင့် နွားထိုးကြီးနဲ့ ဖယ်ခုံမှာ ငါးဦး သေဆုံး


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၃ ရက်) 03 Dec 202400:06:41

■ အမ်းမြို့ပေါ်ကို AA ထိန်းချုပ်လိုက်ပြီး နပခကို ထိုးစစ်ဆင်နေ

■ အာဏာသိမ်းအပြီး ကရင်နီဒေသမှာ အရပ်သား ခုနစ်ရာကျော် သေဆုံး

■ မူဆယ်မှာ တစ်လအတွင်း ပိုင်ရှင်မဲ့အလောင်း ဆယ်လောင်း တွေ့

■ ခြံအမှတ် ၅၄ ကို ဈေးလျှော့ရောင်းချမဲ့အပေါ် လာမဲ့ရုံးချိန်းမှာ အမိန့်ချမည်

■ ထိုင်း-မြန်မာနယ်စပ်က တရားမဝင် ဆက်သွယ်ရေးလိုင်းတွေ ဖြုတ်သိမ်းခံရ

■ ဖာပွန်ခရိုင်က တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ငါးဦး သေဆုံး

■ ကျိုက်ထိုမှာ လူမှုကူညီရေးအသင်းဝင် တစ်ဦး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

■ မြန်မာနိုင်ငံမှာ မသန်စွမ်း ခြောက်သန်းကျော်ရှိပြီး အခက်အခဲပေါင်းစုံနဲ့ နေထိုင်ရ


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ ဒီဇင်ဘာ ၂ ရက်) 02 Dec 202400:06:38

◼ တရုတ်-စစ်ကောင်စီ ပူးပေါင်း လုံခြုံရေးကုမ္ပဏီ ဖွဲ့စည်းမည်

◼ မြန်မာ့အရေးဆွေးနွေးပွဲ အာဆီယံဘုံသဘောတူညီချက်ကို အထောက်အကူဖြစ်နိုင်

◼ တာချီလိတ်မှာ စစ်ကောင်စီတပ်သား အယောင်ဆောင်သူတွေ ဖမ်းဆီးခံရ

◼ ကန့်ဘလူမှာ PDF တွေရဲ့ ကျည်ဆံ လေးထောင်နီးပါး သိမ်းဆည်းခံရ

◼ ယောဒေသက တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံး

◼ နမ့်ခမ်း နဲ့ မူဆယ် စားသောက်ကုန် သယ်ယူခွင့် အပြန်အလှန်ပိတ်ဆို့

◼ မုံရွာက ရွှေဆိုင်ဓါးပြတိုက်သူတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့ ဖမ်းဆီး


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ နိုဝင်ဘာ ၂၉ ရက်) 29 Nov 202400:05:59

◼ တောင်ကုတ်မြို့ကို ထိန်းချုပ်လိုက်ကြောင်း AA ကြေညာ

◼ စစ်ခေါင်းဆောင်ကို ဆဲဆိုမှုနဲ့ ကျောင်းသားတစ်ဦးဖမ်းဆီးခံရ

◼ မုံရွာ- မန္တလေးလမ်း မိုင်းရှင်းလင်းရေး အရပ်သားတွေ အသုံးချခံနေရ

◼ KNU ထိန်းချုပ်နယ်မြေက ဒုက္ခသည်တစ်သန်းကျော် အကူအညီလိုအပ်နေ

◼ တာချီလိတ် နယ်စပ်ဂိတ်ကတစ်ဆင့် ထိုင်းနိုင်ငံထဲဝင်ရောက်ဖို့ ကြိုးစားတဲ့လူငယ်တချို့ ပြန်လွှတ်ခံရ

◼ တနိုင်းမှာ လမ်းပန်းဆက်သွယ်ရေးကြောင့် စားသောက်ကုန်စျေး အဆမတန်မြင့်တက် 


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ နိုဝင်ဘာ ၂၈ ရက်) 28 Nov 202400:07:26

◼ နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် သုံးသန်းခွဲနီးပါးရှိလာကြောင်း UNOCHA ပြော

◼ ကျွန်းလှမြို့နယ်မှာ နယ်မြေရှင်းလင်းမှုကြောင့် ဒေသခံ တစ်သောင်းနီးပါး ထွက်ပြေးနေရ

◼ ဖယ်ခုံမှာ လက်နက်ကြီးကြောင့် ကလေးအပါအဝင် ခြောက်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

◼ ပေါက်မြို့နယ် ရေပြာရဲစခန်းကနေ PDF ငါးဦး ထွက်ပြေးလွတ်မြောက်

◼ ဖလမ်းဆေးရုံ တိုက်ခိုက်ခံရမှုအပေါ် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ချင်းပြည်အစိုးရ ထုတ်ပြန်

◼ ဒီဇင်ဘာလမကုန်ခင် ပန်းရောင်ကတ်လျှောက်ဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ နိုဝင်ဘာ ၂၇ ရက်)27 Nov 202400:06:48

■ ဖယ်ခုံမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ပြီး မိုးဗြဲကို ဆက်ထိုးစစ်ဆင်နေ

■ မြန်မာက မတည်ငြိမ်မှုနဲ့ စစ်ပွဲတွေကို ဆန့်ကျင်ကြောင်း တရုတ်ပြော 

■ အားလုံးပါဝင်တဲ့ဆွေးနွေးမှုလုပ်ဖို့ စစ်ကောင်စီကို G7 နိုင်ငံတွေ တိုက်တွန်း 

■ ဖလမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ခြောက်ဦး သေဆုံး 

■ မလေးရှားမှာ တရားမဝင် မြန်မာ ၉၀ ခန့် ဖမ်းဆီးခံရ 

■ အမ်းကို စစ်ကူလာတဲ့စစ်ကြောင်း ရွာအချို့ကို မီးရှို့ခဲ့ကြောင်း ဒေသခံတွေပြော 

■ ပုသိမ်မြို့ မီးရထားပိုင်မြေပေါ်က နေအိမ်လေးရာခန့်ကို ရွှေ့ခိုင်းနေ

■ ရှမ်းပြည်နယ်က သတ္တုတူးဖော်မှုကြောင့် မယ်ဆိုင်မြစ်ထဲ နုန်းပါဝင်မှု ပိုများလာ




Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ နိုဝင်ဘာ ၂၆ ရက်) 26 Nov 202400:07:02

■ တရုတ်အနေနဲ့ အကျိုးစီးပွားကာကွယ်ဖို့ မှန်ကန်တဲ့ပူးပေါင်းမှုလိုကြောင်း NUG ပြော 

■ တိုက်ပွဲတွေပြင်းထန်နေချိန် စစ်မှုထမ်း အပတ်စဉ် (၇) ခေါ်ယူ 

■ ကော့ဘဇားဒုက္ခသည်စခန်းက ရိုဟင်ဂျာ နှစ်ထောင်ခန့် လူသစ်စုဆောင်းခံရ 

■ ဆယ်လအတွင်း ယာဉ်တိုက်မှုကြောင့် လူ ၁၇၀၀ နီးပါး သေဆုံး 

■ တရုတ်ကပြန်လွှဲတဲ့ စစ်ကောင်စီတပ်သား သုံးရာကျော် မူဆယ်မှာ ဆက်တွဲထား

■ ကျွန်းလှဒေသခံ တစ်သောင်းကျော် ဆေးဝါးနဲ့ စားနပ်ရိက္ခာ လိုအပ်နေ

■ ရေစကြိုက YSO စခန်းနဲ့ သဲတောရွာ တိုက်ခိုက်ခံရပြီး တစ်ဦး သေ၊ နှစ်ဦး ဒဏ်ရာရ


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ နိုဝင်ဘာ ၂၅ ရက်) 25 Nov 202400:06:49

■ ရန်ကုန်မှာ ခါးပိုက်နှိုက် လုယက်သူတွေကို ဖမ်းဆီးမယ်လို့ စစ်ကောင်စီပြော 

■ စစ်မှုထမ်းကင်းလွတ်ဖို့ လစဉ်ကြေးပေးနေရကြောင်း ဧရာ၀တီဒေသခံတွေပြော 

■ ရှမ်းပြည်နယ် တရုတ်ငွေလိမ်ဂိုဏ်းက နိုင်ငံခြားသား ၃၉ ဦး ထွက်ပြေးလွတ်မြောက်

■ မြန်မာရွေးကောက်ပွဲကို ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည် 

■ မလေးရှား ဆာဘားကျွန်းကို မြန်မာလုပ်သားစေလွှတ်မှု စစ်ကောင်စီ တားမြစ်

■ မိုင်းရယ်နဲ့ တန့်ယန်း ဆီ ကုန်ပစ္စည်းသယ်ခွင့် စစ်ကောင်စီ တင်းကျပ်ထား

■ စစ်ကြောင်းကြောင့် စစ်ကိုင်းဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ 

■ လက်နက်ကိုင်ဖြေရှင်းမှု လွတ်လပ်နိုင်ပေမဲ့ မငြိမ်းချမ်းနိုင်ကြောင်း စစ်ခေါင်းဆောင်ပြော


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ နိုဝင်ဘာ ၂၂ ရက်) 22 Nov 202400:06:47

■ မှော်ဘီ မြဝတီအသံလွှင့်ဌာနကို ရန်ကုန်ပြောက်ကျားအဖွဲ့ တိုက်ခိုက်

■ ဘိန်းအစားထိုး သီးနှံတွေကို မူဆယ် ကျင်စန်းကျော့ဂိတ်က တရုတ်တင်ပို့ခွင့်ပြု

■ တည်ငြိမ်အေးချမ်းမှ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်မယ်လို့ စစ်ကောင်စီ ပြော

■ တောင်ကုတ်ကို AA ထိန်းချုပ်၊ အချုပ်သား နှစ်ရာခန့်ကို စစ်ကောင်စီက ရွှေ့ပြောင်းထား

■ ကန်ပိုက်တီ နယ်စပ်ဂိတ် ပိတ်ပြီးနောက် မြစ်ကြီးနားမှာ စက်သုံးဆီ ပြတ်လပ်

■ ထိုင်းမှာ လိမ်လည်ခံရတဲ့ မြန်မာအလုပ်သမား တစ်ရာခန့် ဆန္ဒပြ

■ ထိုင်းကို တရားမဝင် လာရောက်မှုနဲ့ ဆယ်လအတွင်း မြန်မာ ၅၄၀၀ ကျော် ဖမ်းဆီးခံရ

■ One Friday Fight 88 မှာ ထွန်းမင်းအောင်နဲ့ မိုရိုဂို နိုင်ငံသားတို့ ထိုးသတ်မည်


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ နိုဝင်ဘာ ၂၁ ရက်) 21 Nov 202400:06:43

■ အာဆီယံကို အသုံးမချဖို့ မြန်မာကို စင်ကာပူ ကာကွယ်ရေးဝန်ကြီး သတိပေး

■ မြန်မာ့အရေး တက်ကြွတဲ့ကဏ္ဍက ပါဝင်ဖို့ ကုလကို အီးယူ တောင်းဆို

■ မုံရွာမှာ PDF စခန်း လေးခု စီးနင်းခံရပြီး အရပ်သား လေးဦး ဖမ်းဆီးခံရ

■ အမ်းတောင်ကြားလမ်းမှာ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ကိုးဦး သေဆုံး

■ အာဏာသိမ်းကာလအတွင်း ကလေး ၆၇၀ ကျော် သေဆုံး

■ စစ်တွေမှာ စက်သုံးဆီတစ်လီတာကို ကျပ်ငါးသောင်းခန့်အထိ ဈေးမြင့်

■ စစ်ဘေးသင့်စီးပွားရေး မြန်မာအထည်ချုပ်အလုပ်သမားတွေကို ထိခိုက်

■ ဆိုရှယ်မီဒီယာ စတားဖြစ်လာမဲ့ ချင်းမိုင်မြို့က ကျားမလေး


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ နိုဝင်ဘာ ၂၀ ရက်)20 Nov 202400:07:10

■ တရုတ်က ဖိအားပေးပေမဲ့ MNDAA တပ်တွေ လားရှိုးက မထွက်ခွာသေး

■ ဟုမ္မလင်း ရွှေထွက်ဒေသက စစ်ကောင်စီနဲ့ SNA တပ်စခန်းသုံးခုကို KIA သိမ်းယူ 

■ မောင်တောမှာ စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့ စာသင်ကျောင်း ဗုံးကြဲခံရ

■ ၂၀၂၃ မှာ မြေမြှုပ်မိုင်းကြောင့် လူသေဆုံးမှု မြန်မာနိုင်ငံ အများဆုံးဖြစ်

■ အိမ်မဲနဲ့ ဖျာပုံမြို့မှာ စစ်မှုမထမ်းချင်သူတွေ ငွေပေးရ

■ မင်းတပ်မြို့မှာ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းကနေ ဗုံးကြဲ

■ ထားဝယ် ပစ်ခတ်မှုမှာ အရပ်သား တစ်ဦးနဲ့ စစ်ကောင်စီတပ်သား ငါးဦး သေဆုံး

■ စစ်ကိုင်းတိုင်းက နေအိမ်မီးရှို့ဖျက်ဆီးခံရသူတွေ အကူအညီလိုအပ်


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ နိုဝင်ဘာ ၁၉ ရက်)19 Nov 202400:07:02

■ တမူးမှာ စစ်သားစုဆောင်းတာ များလာလို့ လူငယ်တွေ မြို့ကတိမ်းရှောင်

■ မြင်းခြံတိုက်ပွဲမှာ ရွာတချို့ကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာ

■ ကျောက်ဖြူမှာ ဘဏ်တွေပိတ်ထားပြီး လုံခြုံရေး တင်းကျပ်

■ မူဆယ် ဆင်ဖြူဂိတ်ပေါက်ကို တရုတ်နိုင်ငံဘက်က ပြန်ဖွင့်ပေး

■ ရေဖြူမှာ စစ်မှုထမ်းသင်တန်းဆင်း ငါးဦးနဲ့ ရေတပ်သားတစ်ဦး PDF ထံ ခိုလှုံ

■ တန့်ဆည်နဲ့ ရေဦးက နေအိမ် ၂၆၀ ခန့်ကို စစ်ကောင်စီတပ် မီးရှို့

■ မြို့သိမ်းတိုက်ပွဲအပြီး ပုလဲမြို့က နေအိမ် ငါးဆယ်ခန့် မီးရှို့ဖျက်ဆီးခံရ

■ သပိတ်ကျင်းမှာ လေကြောင်းတိုက်ခိုက်ခံရလို့ သားအမိနှစ်ဦး သေဆုံး

■ ပြည်တွင်းရွှေဈေး အနည်းငယ် ပြန်တက်လာ


Hosted on Acast. See acast.com/privacy for more information.

နေ့လယ်ခင်းသတင်း (၂၀၂၄ နိုဝင်ဘာ ၁၈ ရက်) 18 Nov 202400:07:00

■ မတ္တရာမှာ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေ 

■ ရခိုင်မှာ တစ်နှစ်အတွင်း အရပ်သား ၇၀၀ ကျော် သေဆုံး၊ ၁၅၀၀ ကျော် ဒဏ်ရာရ

■ မူဆယ်မြို့ကို စက်သုံးဆီသယ်ယူခွင့် TNLA ကန့်သတ် 

■ နေ့စဥ်ဖမ်းဆီးနေလို့ မလေးရှားကို တရားမဝင် မလာကြဖို့ ကူညီရေးအဖွဲ့တွေ သတိပေး

■ ကွတ်ခိုင်မြို့ ဗုံးကြဲခံရပြီး သုံးဦး သေ၊ ဆယ်ဦး ဒဏ်ရာရ 

■ ရေဦးမှာ စစ်ကောင်စီတပ် စီးနင်းတိုက်ခိုက်မှုကြောင့် လေးဦး သေဆုံး

■ ထိုင်းမှာ နှစ်ရက်တွင်း မြန်မာ ၂၆ ဦး ဖမ်းဆီးခံရ 

■ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းမှာ မိုးဆက်ရွာမည်


Hosted on Acast. See acast.com/privacy for more information.

© My Podcast Data · Independent project · Data from Apple & Spotify