Back

Explore every episode of the podcast Be Your Own Healer

Dive into the complete episode list for Be Your Own Healer . Each episode is cataloged with detailed descriptions, making it easy to find and explore specific topics. Keep track of all episodes from your favorite podcast and never miss a moment of insightful content.

Rows per page:

1–50 of 54

TitlePub. DateDuration
Bhava-paccaya Jati 09 mars 202500:29:06

ကြုံတွေ့ရတဲ့ ဒုက္ခတွေဟာ သူကြောင့် ကိုယ့်ကြောင့်ဆိုတာ မဟုတ်ပဲ ဘဝနဲ့ တွဲပါလာပြီးသား ဒုက္ခတရား တွေသာဖြစ်ပါတယ်ရှင်🪷

သိပ်ပြောချင်တယ်28 janv. 202500:52:42

တရားတယ် မတရားဘူးဆိုတာ သိတဲ့ဥာဏ် မင်းမှာရှိပါတယ်။ အဲဒီ အသိဥာဏ်ကို မလေးစားရင် မင်းကိုယ်ကိုမင်း မလေးစားဘူးလို့ ဆိုရမယ်။ မင်းကိုယ်ကိုမင်း မလေးစားရင် မင်းဘဝဟာ ဘာအဓိပ္ပါယ် ရှိသေးသလဲ…

ဘဝအဓိပ္ပါယ်26 janv. 202501:07:33

အဓိပ္ပါယ်ဆိုတာ အတွေ့အကြုံတိုင်းမှာရနိုင်တယ်။ ကိုယ်က မြင်တတ်ဖို့ ယူတတ်ဖို့ပဲ လိုတယ်။ ဒါကြောင့် ကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ ကြုံရတဲ့အခါမှာ “ ဒီအတွေ့အကြုံဟာ ငါ့ကို ပိုပြီး စိတ်ထားကောင်းတဲ့သူ ပိုပြီး အသိဥာဏ်လေးနက်တဲ့သူ ဖြစ်စေရမယ်” လို့ သဘောထားရင် အဲဒီအတွေ့အကြုံဟာတန်ဖိုးရှိတဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ အတွေ့အကြုံ ဖြစ်လာမယ်…

သည်းခံ၊ အမှန်လုပ်၊ မုချ ချမ်းသာမည် 01 déc. 202400:46:13

ကိုယ့်ကိုယ်ကို ယုံသလား၊ မယုံဘူးလား။ ဒီမေးခွန်းကို ပြတ်ပြတ်သားသားဖြေပါ။ မယုံရင်တော့ ဘာမှ ဆက်ပြောစရာ မရှိတော့ဘူး။ စိတ်ရဲ့သဘာဝက သူ့ကိုမယုံရင် သူဘာမှ ဖြစ်အောင် လုပ်မပေးနိုင်ဘူး။

The root of suffering is Attachment06 oct. 202400:29:33

ကိုယ့်ရဲ့ စိတ်ခံစားချက်တွေက ကိုယ့်လက်ထဲကို ပြန်ရောက်လာတဲ့နေ့ဟာ လွတ်လပ်မှုကို စပြီး ခံစားရတယ် 💛

တရားကို ကျင့်သုံးတဲ့သူကို တရားက စောင့်ရှောက်တယ် 22 sept. 202400:43:45

တရားကို သိလေလေ ဘဝကို ရှင်းရှင်းလင်းလင်း မြင်လေလေပဲ။ ရွေးချယ်ရတာ ဆုံးဖြတ်ရတာလည်း လွယ်လေလေပဲ။ ဘာဖြစ်လို့ ဆုံးဖြတ်ရတာ လွယ်သလဲဆိုတော့ ရိုးသားမှူမှာ အခြေခံလို့။ မျှတမှုမှာ အခြေခံလို့။ အကောင်းဆုံးစိတ်ထားနဲ့လုပ်ရင် နောက်ဆုံးမှာ အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်လို့ ။

ဂုဏဂဝေသီ - ၂01 sept. 202400:48:00

ကိုယ့်လောက ဟာ ကိုယ့်စိတ်ထဲမှာသာ ရှိတယ်…

ကိုယ့်လောက သန့်ရှင်းဖို့ ကိုယ့်စိတ် သန့်ရှင်းရမယ်..

ကိုယ့်လောက ရိုးရှင်းဖို့ ကိုယ့်စိတ် ရိုးရှင်းရမယ်…

ကိုယ့်လောက အေးချမ်းဖို့ ကိုယ့်စိတ် အေးချမ်းရမယ်…

The changes between me & myself 💛14 juil. 202400:25:20
တကယ်တော့ အမြဲတမ်း အပြောင်းအလဲတွေနဲ့ အတူတကွ ယှဉ်တွဲနေထိုင်လာကြရတယ်… ပြီးတော့ ကိုယ် စိုးရိမ်နေတဲ့ ပူပန်နေတဲ့ အရာတွေက တကယ် စိုးရိမ်ရ ကြောက်ရမယ့် အရာမဟုတ်မှန်း သိလိုက်တယ်…။
သင် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ06 juil. 202400:35:29
ကိုယ်ထားတဲ့ ရည်မှန်းချက်က အမြဲတမ်း ကိုယ့်စိတ်ထားကို မြှင့်ပေးထားတယ်။ ဘာကြီးဖြစ်နေဖြစ်နေ ငါ့ရဲ့ ဦးတည်ချက်ကို ဘယ်တော့မှ မပြောင်းဘူး။
Action/Reaction/Response 23 juin 202400:40:41
မြင်တာ ကြားတာတွေကို အလိုအလျောက်တုန့်ပြန်တာ နဲအောင် ကိုယ့်စိတ်ကိုယ် သတိနဲ့ သိနေပါ။ အဲဒီလိုနေမှ ကိုယ့်ဘဝ လမ်းဟာဖြောင့်မယ်။ သူများကို တုန့်ပြန်တာ များရင် ကိုယ့်ဘဝလမ်း ကောက်ကွေ့သွားတယ်။
ကိုယ့်ဘဝကိုကိုယ် ယုံကြည်တယ်14 juin 202400:33:38
ကိုယ်ဘဝမှာ အောင်မြင်ဖို့ ကြီးပွါးဖို့ တိုးတက်ဖို့ ဆိုတာ သူများတစ်ဖက်သားကို နင်းပြီးမှ သွားဖို့မလိုဘူးဆိုတာ သိတယ်။ သူများကိုနင်းပြီး တက်ဖို့စိတ်တောင်မကူးဘူး။
တည်ငြိမ်နေတဲ့ စိတ်ဟာ ထက်နေတဲ့ဓားနဲ့တူတယ်20 mai 202400:25:44
သတိ၊ သမာဓိ ကောင်းလာတဲ့အခါမှာ ကိုယ့်စိတ်ရဲ့အရည်အသွေးတွေ၊ အသိဥာဏ်အရည်အသွေးတွေ မြင့်မားလာတဲ့ အခါကျတော့ ကိုယ့်ကိုယ်ကို လေးစားမှု၊ယုံကြည်မှု၊ အားကိုးမှု၊ချစ်ခင်မှု၊တန်ဖိုးထားမှု မြင့်လာတယ်။ မြင့်လာတော့ စိတ်က သိပ်အားရှိတာပဲ။
Stillness 320 mars 202400:00:50
အရှေ့လေအေးလေးကလည်း နုတယ် ဆောင်းဝင်လာပြီပဲ….
Stillness 220 mars 202400:00:48
အနားမှာ ရှိပါလျှက်နဲ့ နှုတ်ဆိတ်နေမိတဲ့အခါငါ့ကို ခွင့်လွှတ်ပါကွယ်…
Stillness 120 mars 202400:07:33
ငြိမ်သက်ခြင်းထဲမှာ လောကကြီးက အထင်ကြီးသွားစရာ ဘာမှမရှိပါဘူး…. ဒါပေမယ့် ငြိမ်သက်ခြင်းထဲမှာ ပြည့်စုံခြင်း ရှိတယ်….
သူ့ဂုဏ်ကို နှိမ့်၊ ကိုယ့်ဂုဏ် နှိမ့်၏14 janv. 202400:35:42
သူများမကောင်းကြောင်းကို ပြောနေတဲ့အခါမှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်စမ်းပါ။ ငါဘယ်လိုလူ ဖြစ်သွားပြီလဲ။ စိတ်ထားကောင်းတဲ့ လူတစ်ယောက်တော့ မဟုတ်တော့ဘူးနော်။ စိတ်ထားနိမ့်ကျတဲ့ လူတစ်ယောက်ဖြစ်နေပြီ။ သူများအတင်းပြောတာကိုးးး
Sweet Endings & Sweeter Beginnings 31 déc. 202300:26:43
“ စိတ်ထားတွေ မတူတော့ ခံယူချက်တွေ မတူဘူး ၊ ခံယူချက်တွေ မတူတော့ စေတနာတွေ မတူဘူး၊ စေတနာတွေ မတူတော့ လုပ်ရပ်တွေ မတူဘူး၊ လုပ်ရပ်တွေ မတူတော့ ဘဝတွေ မတူဘူး” ဆိုတာကို Thinzar ပိုပြီး သဘောပေါက်လာတယ်…. 🙏🏻
မှန်ကို ဘာ့ကြောင့် ကြည့်ရတာလဲ19 nov. 202300:28:48
ဝေဖန်တာတွေထဲမှာ ကိုယ့်ကိုကိုယ်ဝေဖန်တာလောက် အရေးကြီးတာ မရှိတော့ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ ကိုယ့်ကိုကိုယ် ဝေဖန်လိုက်တာ ကိုယ့်ဘဝရဲ့ အချက်အချာဖြစ်တဲ့ ကိုယ့်ရဲ့ နှလုံးသားအထိ ရောက်သွားတယ်။
မှားတာဟာ ဘာမှမဆန်းဘူး။ ပြင်ဖို့ပဲ လိုတယ်။06 nov. 202300:29:12
ငါဟာ ကိုယ့်အမှားကိုယ် ပြင်ပြီးတော့ အမှားနည်းလေ ဖြစ်လာရမယ်။ မှားတာဟာ ဘာမှမဆန်းဘူး။ ပြင်ဖို့ပဲ လိုတယ်။ မှားတာက အကြီးမှားဆုံး ဆုံးရှုံမှု မဟုတ်ဘူး။ အမှားကို မပြင်နိုင်တာကမှ အကြီးမားဆုံး ဆုံးရှုံးမှု ဖြစ်တယ်။
My Yoga Journey 24 sept. 202300:26:54
Yoga ကျင့်လာရင်း ၁ နှစ်နှစ် ၉လ အတွင်းမှာ ပြောင်းလဲလာမှုတွေ အတွေ့အကြုံလေးတွေအကြောင်း ပြောထားပါတယ်ရှင် 🪷
ချီးမွမ်းတဲ့အခါ ဝမ်းသာတဲ့စိတ်က မလွတ်လပ်တဲ့စိတ်17 sept. 202300:21:33
သူတစ်ပါးရဲ့ ဝေဖန်ချက်တွေက ငါ့ကို မနှိပ်စက်နိုင်တော့ဘူး။ ငါဟာ သူတစ်ပါးရဲ့ ဝေဖန်ချက်တွေ နှိပ်စက်တာကို ခံနေရတဲ့လူ မဟုတ်တော့ဘူး…
Be aware of what you want 10 sept. 202300:13:36
တချို့ကိုယ်လိုချင်တဲ့အရာတွေက ကိုယ့်ကိုပြန်ပြီး ဒုက္ခပေးနေတယ်ဆိုတာ သတိထားဖို့လိုပါတယ်….
You cannot get ahead by getting even. 03 sept. 202300:32:00
သူများကိုယ့်ကို အထင်ကြီးတယ်ဆိုတာ သူ့စိတ်ထဲမှာ ခဏလေးပေါ်လိုက်တဲ့ အတွေးလေးတစ်ခုပါ။ ဘာမှ အရေးမကြီးပါဘူး၊ နော်။ သူများကိုယ့်ကို ကဲ့ရဲ့တယ်ဆိုတာလဲ သူ့စိတ်ထဲမှာ ခဏလေး ပေါ်လိုက်တဲ့ အတွေးလေးတစ်ခုပါ။ အဲဒါလဲ ဘာမှ အရေးမကြီးပါဘူး။
သူများအပြစ်ကို ပြန်မပြောတော့ဘူး27 août 202300:27:47
You don’t have to explain yourself. တဲ့ ကိုယ်တစ်ခုခု လုပ်တာကို လူတိုင်းလက်ခံအောင် ကိုယ်က လိုက်ပြီးတော့ ရှင်းပြနေဖို့ မလိုပါဘူး….
ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချင်တယ်20 août 202300:32:45
အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို သူတပါးလက်ထဲ ထည့်လိုက်ရင် ကိုယ့်ဘဝဟာ သူတပါးလက်ထဲရောက်သွားမှာပေါ့…
ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း ( အမှာစာ ) 13 août 202300:13:33
စိတ်ထဲမှာ ဖြစ်တဲ့ ပြည်တွင်းစစ်တွေ အကြောင်းပြောပြချင်ပါတယ်။ အဲဒီ ပြည်တွင်းစစ်တွေကို ဘယ်လိုအေးချမ်းအောင် လုပ်ခဲ့ရတယ် ဆိုတာတွေ ပြောပြချင်တယ်။
Quick Update 23 juil. 202300:06:54
This is just a quick update for my next episode 💛.. If you want to discuss about the previous book that I read pls msg me @avery._lin_ is my Instagram. 🫶🏼
သရုပ်ဆောင်နေမှန်းသိရဲ့လား16 juil. 202300:32:21
ကိုယ့်အခြေအနေ အဆင့်အတန်း မြင့်မားခဲ့တဲ့ အချိန်မှာတုန်းက မမှန်မကန် အလွန်အကျွံ လောဘ၊ဒေါသ၊ မာနကြီးခဲ့တဲ့သူဟာ ဗြုန်းခနဲဆို ရှိတာတွေ ဆုံးရှုံးသွားရင် တော်တော် အခံရခက်သွားမှာပဲ နော်။ လူတောတိုးနိုင်မှာ မဟုတ်တော့ဘူး။
စိတ်ကျန်းမာဖို့ ပထမ10 juil. 202300:39:07
“ငါဟာ စိတ်ဓာတ်ပျော့ညံ့တဲ့သူလား၊ စိတ်ဓာတ်အားကောင်းတဲ့သူလား၊ဘယ်အတိုင်းအတာထိအားကောင်းလာပြီလဲ”လို့မေးသင့်တယ်။
ဥာဥာ နဲ့ ဂုဂု ၏ အမှတ်တရ အလွဲများ 01 juil. 202300:24:10
ဆရာလေး နှစ်ယောက်ရဲ့ အလွဲလေးတွေ ရယ်စရာလေးတွေကို အမှတ်တရ အနေနဲ့ ပြောထားပါတယ်ရှင် 💛
ကိုယ်ချစ်တဲ့ အလုပ်ကို လုပ်နေတယ်ဆိုရင်22 juin 202300:14:43
ကိုယ်က သဘောထား မြင့်မြတ်သွားရင် ဘယ်အလုပ်ပဲလုပ်လုပ် အဲဒီအလုပ်က ကိုယ့်ရဲ့ မြင့်မြတ်မှုကို အကောင်အထည်ဖော်ပေးနေတယ်။ ကိုယ်လုပ်တဲ့အလုပ်က ကိုယ့်ရဲ့ မျှတတဲ့စိတ်နဲ့ အသိဥာဏ်ကို လေးနက်အောင်၊ မြင့်မြတ်အောင်လုပ်ပေးနေတယ်၊စိတ်ချမ်းသာမှုရအောင် လုပ်ပေးတယ်။
လူကြီးပညာရေး11 juin 202300:14:36
ကိုယ့်စိတ်ကို ကိုယ်သိရင် စိတ်က်ု အေးချမ်းအောင်ထားနိုင်လာတယ်။ အဲဒီ အေးချမ်းတဲ့စိတ်နဲ့ သူ့ကို အေးအေးဆေးဆေး လေးလေးစားစား မေတ္တာ ကရုဏာနဲ့ ဆက်ဆံရင် မိတ်ဆွေဖြစ်သွားတော့မှာပဲ။ လူတိုင်းဟာ အဲဒါမျိုးကို လိုချင်ကြပါတယ်။ ကိုယ်က အရင် ပေးနိုင်ဖို့ အရေးကြီးပါတယ်။
ဒုက္ခပေးတဲ့သူတောင်မှ04 juin 202300:24:10
ငါ့ကို ဘယ်သူမှ မကောင်းမပြောရင် ကောင်းမှာပဲလို့ ယူဆမှာပဲနော်။ အမှန်ကတော့ အဲဒီလို ယူဆတာမကောင်းဘူး။ ငါ့ကို ဘယ်သူမှ မကောင်းမပြောရင် ငါဟာ ရင့်ကျက်လာတဲ့သူ ဖြစ်မလာနိုင်ဘူး။ ကိုယ့်ကို ချီးမွမ်းနေတဲ့ကြားမှာ ပြုံးပြုံးလေးနေရတာ ဘာမှ အခက်အခဲ မရှိဘူး။
သူတစ်ပါးကို တန်ဖိုးချလိုက်ရင်29 mai 202300:23:57
အင်မတန် နက်နဲသိမ်မွေ့တဲ့အချက်က သူတစ်ပါးကို မလေးမစား ဆက်ဆံလိုက်ရပြီဆိုရင် အဲဒီလိုဆက်ဆံတုန်းမှာ ကိုယ့်စိတ်ကို ပြန်ကြည့်လိုက်စမ်းပါ။ အင်မတန် အခံရခက်တယ်။ ကိုယ့်ကိုယ်ကို အထင်သေးသွားတယ်။ ကိုယ့်ကိုယ်ကို လေးစားမှုလျော့သွားတယ်ဆိုတာ တွေ့ရလိမ့်မယ်။
ငါစိတ်ချမ်းသာဖို့ သူလဲ စိတ်ချမ်းသာမှ ဖြစ်မယ်20 mai 202300:16:24
ကိုယ့်အကြောင်းကို ပိုသိလေလေ သူတစ်ပါးကိုလည်း ကိုယ်ချင်းစာနိုင်လေလေ ဖြစ်လာတယ်။ ကိုယ်တိုင်က မေတ္တာဘယ်လောက်ငတ်သလဲဆိုတာသိရင် သူတစ်ပါး မေတ္တာ ဘယ်လောက် ငတ်သလဲဆိုတာ သိတယ်။
ကိုယ်ချင်းစာစိတ်နဲ့ သီလ18 mai 202300:18:10
ကိုယ့်ကို လူတစ်ယောက်က လိမ်တာညာတာ ဟန်လုပ်တာ မပါဘဲနဲ့ အရိုးသားဆုံး၊အပွင့်လင်းဆုံး ဆက်ဆံမယ်ဆိုရင် စိတ်ထဲမှာ အင်မတန် အေးချမ်းတယ်။ အဲဒါကြောင့် ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း ဆက်ဆံတာဟာ စိတ်ကို အေးချမ်းစေတယ်။ ကျေနပ်မှု ကြင်လင်မှု အများကြီး ရစေတယ်။
အောင်မြင်သောဘဝ07 mai 202300:18:48
ကိုယ့်အကြောင်းကို မသိဘဲနဲ့ ပြင်ပတခြား ရုပ်ဝတ္တုတွေအကြောင်း ဘယ်လောက်သိသိ အဲဒီလူဟာ ဘဝကို အဓိပ္ပာယ်ရှိရှိ နေလို့မရဘူး
ဘုရားပွင့်လာကျိုးများစွာ03 mai 202300:13:36
ငရဲရှိတယ် တိရစ္ဆာန်ရှိတယ် ပြိတ္တာရှိတယ် လူနုံ လူမွဲ လူဆင်းရဲရှိတယ် သေရဦးမယ် သတိထား။ အမရပူရ မဟာဂန္ဓာရုံ ဆရာတော်
အဖြေကအတွင်းမှာ22 avr. 202300:19:44
သေခါနီး ဘာကျန်သလဲ။ ဘာအဖတ်တင်သလဲ။ ဘာမှအဖတ်မတင်ဘူး။တစ်ခုမှ ယူသွားလို့မရဘူး။သွားကြားထိုးတံတစ်ချောင်းတောင်ယူသွားလို့ မရဘူး။
မှန်ကြည့်နေရသလို14 avr. 202300:17:31
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဘဝကို အဆင်ပြေအောင် လူဖြစ်ရကျိုးနပ်အောင် ကြိုးစားဖို့ပဲ လိုတယ်
ပစ္စုပ္ပန်ထပ်ပိုမကောင်းဘူး06 avr. 202300:06:52
သင်မျှော်လင့်တဲ့အနာဂတ်ဟာ ပစ္စုပ္ပန်ဖြစ်လာတဲ့အခါ သင့်မှာ အဲဒီပစ္စုပ္ပန်ထပ် ပိုကောင်းတယ်လို့ထင်ရတဲ့ နောက်ထပ် အနာဂတ်တစ်ခု ရဦးမှာပဲ။
ဂုဏဂဝေသီ02 avr. 202300:32:56
Temporary Nunhood Experience 🙏🏼
အဆုံးမရှိသော သင်ယူမှု18 mars 202300:15:09
သူများအထင်ကြီးတာ အထင်သေးတာ သိပ်အရေးမကြီးလှပါဘူး။ သူတို့စိတ်ထဲမှာ ခဏပေါ်တဲ့ အတွေးတစ်ခုပါပဲ….
သင်ခန်းစာမရမချင်း11 mars 202300:07:52
ကံကို ပုံချတယ်ဆိုတဲ့အဓိပ္ပာယ်က ငါ့ကိုယ်ငါ မပြုပြင်ချင်ဘူး၊ မပြုပြင်နိုင်ဘူး၊ ငါ့ကိုယ်ငါ တာဝန်မယူချင်ဘူး။ ငါ့ချို့ယွင်းချက်ဟာ ငါ့တာဝန်မဟုတ်ဘူးလို့ ဆိုတာနဲ့ အတူတူပဲ။
မှားရင်းပြင်ရင်း23 oct. 202200:12:19
သူများမှားလို့ ကိုယ်ခံရတာထက် ကိုယ်မှားလို့ ကိုယ်ခံရတာက ပိုဆိုးပါတယ်။ အမှားများတဲ့သူ၊ သဘောထား မှားနေတဲ့သူ၊ သဘောထား သေးတဲ့သူဟာ စိတ်ဝေဒနာ ဖြစ်တယ်။
ဘဝလို့ခေါ်တဲ့ အချိန်ပြည့်ကျောင်းကြီး10 oct. 202200:04:48
အလေးနက်ဆုံး အသိဥာဏ်ကို ဘဝအတွေ့အကြုံထဲကပဲ ရနိုင်တယ်။ စာအုပ်ထဲက မရနိုင်ဘူး။ ဘဝဟာ အလေးနက်ဆုံး စာအုပ်ပဲ။
ခဏရတဲ့ ခန္ဓာကိုယ်10 oct. 202200:07:08
လူဖြစ်ရုံနဲ့ လူဖြစ်ကျိုးမနပ်သေးဘူး။ မြင့်မြတ်တဲ့လူသား တစ်ယောက်ဖြစ်အောင် ကြိုးစားမှ လူဖြစ်ကျိုး နပ်မယ်။
ဘဝ ဆိုတဲ့ ကျောင်း10 oct. 202200:05:04
Rules for Being Human. လူ့ပြည်ကိုသွားတော့မည့် လူတစ်ယောက်ကို မှာနေတဲ့ သဘောမျိုးဖြစ်တယ်
Taste နှစ်သက်တတ်မှု02 avr. 202200:05:11
ကိုယ် နှစ်သက်တတ်တဲ့အရာတွေဟာ ပုဂ္ဂလိက ( personal) သိပ်ဆန်ပြီး တစ်ကိုယ်ရည် ပျော်ရွှင်မှုအတွက် ရွေးချယ်ကြတာ ဖြစ်တယ်။ ဒါပေမဲ့….
Religion & Tradition 01 avr. 202200:04:55
ဒီထောင့်စေ့ပြီး လှပပြည့်စုံလွန်းလှတဲ့ တရားတော်တွေဟာလည်း တကယ်တော့ သံသရာမြစ်ကို ဖြတ်တဲ့အချိန်မှာ ပြင်းထန်တဲ့ အတ္တမုန်တိုင်းတွေ၊ ကြောက်စရာကောင်းတဲ့ အဝိဇ္ဇာဝဲဂယက်တွေကို ကြံ့ကြံ့ခံပြီး တစ်ဖက်လမ်းကို ပို့ပေးနိုင်မယ့် လှေတစ်စင်းပါပဲ။
© My Podcast Data · Independent project · Data from Apple & Spotify