Explorez tous les épisodes du podcast Fmaj7 - a Podcast by Mercury
| Titre | Date | Durée | |
|---|---|---|---|
| EP 006: ရီနေဆန်းခေတ်က music ဆိုတာ ဘယ်လိုလဲ? | 26 Oct 2024 | 00:16:34 | |
ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားကို ဆွဲခဲ့တဲ့သူ လီယိုနာဒိုဒါဗင်ချီ ဆိုတာက ရီနေဆန်းခေတ်ရဲ့ ပြယုဂ် တစ်ခုပါပဲ။လူတွေအချင်းချင်း သတ်နေဖြတ်နေကြရာကနေ နည်းနည်း ယဉ်ကျေးလာတဲ့ ကာလတစ်ခုကို ရီနေဆန်းခေတ်လို့ ခေါ်တယ်လို့ ဆိုပါတယ်။ ရီနေဆန်းခေတ်ကာလက သီချင်းအကြောင်းတွေ၊ ဘယ်လို တူရိယာတွေကို သုံးခဲ့ကြလဲ ဆိုတာကို မာကျူရီက တင်ဆက်ဆွေးနွေးထားပါတယ်။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like , Subscribe , Share လုပ်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်ကြပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် | |||
| EP 009: Own Tune တစ်ပဲ Copy တစ်ပိဿာခေတ်တွေ | 03 Dec 2024 | 00:17:07 | |
မြန်မာခေတ်ဦးပိုင်း Stereo သီချင်းအများစုဟာ နိုင်ငံခြား Copy သီချင်းတွေဖြစ်ပါတယ်လို့ အတိတ်က လွမ်းမောဖွယ်ရာတွေကို မာကျူရီက ပြန်ခေါ်သွားပါတယ်။ အရင်ခေတ်က နာမည်ကြီး ကျော်ကြားခဲ့ကြတဲ့ သီချင်းဟောင်းတွေကိုလည်း ဒီ podcast မှာ မိတ်ဆွေတို့ နားဆင်ရမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ မွဲတေကြပ်ညပ်နေတဲ့ ကာလတွေထဲမှာ နိုင်ငံခြားဂီတတွေက မြန်မာ အပါအဝင် အာရှနိုင်ငံအတော်များများမှာ ဘယ်လိုလွှမ်းမိုးမှုရှိခဲ့လဲဆိုတာ မိတ်ဆွေတို့ နားဆင်ရင်း ဆက်အတွေးချဲ့နိုင်ပါတယ်။ Burma Podcast Network က မိတ်ဆွေများအတွက် တင်ဆက်နေကျ သူပုန်ဓာတ် ၊ကဗျာဓာတ် ၊ မိတ်ဆွေဓာတ် များအပြင် ဂီတဓာတ်ကို လည်း ထုတ်လွှင့်လိုက်ရပါတယ်။ Burma Podcast Network ရဲ့ podcasts များကို YouTube, Facebook, Spotify, MMInfo စတဲ့ platform အစုံမှာ သွားရောက် နားဆင်နိုင်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် | |||
| EP 005: ကျော်ကြားခဲ့တဲ့ Western Classical Music ဘယ်ကစခဲ့လဲ? | 05 Aug 2024 | 00:12:58 | |
ဘုရားသခင်ကို ဆက်သွယ်တဲ့ ဂီတသံလို့ သတ်မှတ်ကြတဲ့ခေတ်၊အလယ်ခေတ် Western Music တွေက ဒီ Orchestra ဝိုင်းတွေနဲ့ တီးရတဲ့ Music တွေမပေါ်ခင် ရှေ့ပြေးဖြစ်တဲ့ Music တွေ ဖြစ်ခဲ့ကြောင်း ကိုမာကျူရီက ဂီတနဲ့ သမိုင်းကြောင်းကို ဒီအပိုင်းမှာ ဆွေးနွေးထားပါတယ်။Fmaji7 ကိုနားထောင်ကြည့်ပီး ဂီတဝါသနာရှင် မိတ်ဆွေများ သဘောကျနှစ်ခြိုက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ Burma Podcast Network ရဲ့ podcasts များကို YouTube, Facebook, Spotify, MMInfo စတဲ့ platform အစုံမှာ သွားရောက် နားဆင်နိုင်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် | |||
| EP 004: အာဖရိကန် - အမေရိကန် ဂီတများအကြောင်း ပြောကြရာဝယ် | 23 Mar 2024 | 00:09:45 | |
တစ်ချိန်က ကျွန်တွေဖြစ်ခဲ့တဲ့ လူမည်းတွေဆီကနေ စခဲ့တဲ့ ဘလူးစ် ဂီတဟာ African-American ယဥ်ကျေးမှု တစ်ခုဖြစ်လာခဲ့တဲ့ အထိပါပဲ။ အခုဆို တစ်ကမ္ဘာလုံးမှာ ပုံစံအမျိုးမျိုးနဲ့ ပြန့်ပွားနေတာကိုလည်း တွေ့ရမှာပါ။ လေ့လာလိုက်စားကြတဲ့ နောက် generation တွေကိုလည်း ကမ္ဘာမှာရော မြန်မာပြည်မှာပါ အစဥ်အဆက် တွေ့နေရဆဲပါပဲ။ Louis Armstrong, B.B King, Sonny Boy Williamson တို့ကနေစလို့ မြန်မာပြည်က အဆိုတော် စီယံ, ညီပု, ထူးအိမ်သင်တို့ အပါအဝင်ပါ။ စီယံရဲ့ “စည်းနဲ့ ဝါး”သီချင်း ကိုနားထောင်ကြည့်မယ်ဆိုရင် မြန်မာပြည်က တကယ်ထူးချွန်ပြီး အနုပညာအရည်အသွေးရှိတဲ့ ဂီတသမားတစ်ယောက်ရဲ့ ပညာနဲ့ တန်ဖိုးကို သိနိုင်ပါတယ်။ ကိုမာကျူရီရဲ့ Fmaji7 Episode-4 ကိုနားထောင်ကြည့်ပြီး ဂီတဝါသနာရှင် မိတ်ဆွေများ သဘောကျနှစ်ခြိုက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ Burma Podcast Network ရဲ့ Facebook နဲ့ YouTube channel တွေကို Like/Subscribe, share ပေးခြင်းဖြင့် Quality podcast များထပ်မံ ထုတ်လုပ်နိုင်ဖို့အတွက် support လုပ်နိုင်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် | |||
| EP 003: ဘလူးဇ်ဂီတအကြောင်း ပြောကြရာဝယ် | 24 Feb 2024 | 00:14:41 | |
လူသားနှစ်ဦး စကားစမြည်ပြောဖြစ်ဖို့၊ တစ်ဦးပေါ်တစ်ဦး ခင်တွယ်လေးစားဖို့၊ ဘဝလက်တွဲဖော်အဖြစ် မေတ္တာမျှဖို့အတွက် ခံစားနားဆင်တဲ့ သံစဥ်စာသား၊ ဂီတအမျိုးစားတွေက အင်မတန်အရေးကြီးပါတယ်။ ဆိုတော့ ဒီနှစ် Valentine မှစလို့ ပေါ်ပင် သီချင်းတွေ ဖွင့်ဖွင့်ပြီး တခုတ်တရ ခံစားမျက်ရည်ဝဲတတ်တဲ့ ပိန်းတိန်းတိန်းတွေ သင့်ဘဝထဲ မရောက်လာဖို့ BPN ဝိုင်းတော်သားများမှ ကိုမာကျူရီရဲ့ Blues ဂီတ အကြောင်းလေးတွေ တင်ဆက်ပေးရင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။ Happy Valentines! နားထောင်ပြီးသဘောကျတယ်ဆိုရင် Burma Podcast Network ရဲ့ Facebook နဲ့ YouTube channel တွေကို Like/Subscribe, share ပေးခြင်းဖြင့် Quality podcast များထပ်မံ ထုတ်လုပ်နိုင်ဖို့အတွက် support လုပ်နိုင်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် https://linktr.ee/burmapodcastnetwork | |||
| EP 002: ကမ္ဘာ့အဆင့်မီ မြန်မာဂီတ | 25 Dec 2023 | 00:11:29 | |
ဒီအပိုင်းမှာတော့ မြန်မာ့ဂီတကို ကမ္ဘာ့အဆင့်မှီအောင် အားထုတ်ခဲ့ကြတဲ့ ဂီတစာဆိုကြီးများဖြစ်တဲ့ ဆရာမြို့မငြိမ်း နဲ့ တယောဆရာကြီး တယောဦးတင်ရီ တို့ရဲ့ နှုတ်ထွက်စကားတွေ ၊ ဂုဏ်ယူစရာ အောင်မြင်မှုတွေနဲ့ မြန်မာ့ဂီတရဲ့ လွမ်းဆွတ်နှမြောစရာ အတိတ်တွေကို မာကျူရီက ပြန်ခေါ်သွားပါတယ်။ "တစ်ကိုယ်လုံးမှာ တန်ဖိုးရှိတာဆိုလို့ ဒီခေါင်းပဲရှိတယ်" လို့ပြောခဲ့တဲ့ ဆရာကြီး မြို့မငြိမ်းရဲ့ ဝမ်းနည်းဖွယ်ရာ အဆုံးသတ်မျိုးဟာ ယိုယွင်းနေတဲ့ ခေတ်ဆိုးကြီးက တစ်ခေတ်တစ်ယောက်ပေါ်တဲ့ အနုပညာသမားတစ်ဦးကို ဆုံးရှုံးခဲ့စေသလားဆိုတာတော့ မိတ်ဆွေတို့ ဆက်အတွေးချဲ့နိုင်ပါတယ်။ နားဆင်ကြပါဦး။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် | |||
| EP 001: ဂီတမိတ်ဆက် | 25 Dec 2023 | 00:09:58 | |
ဂီတဟာ ကမ္ဘာမြေပုံပေါ်က မျိုးနွယ်၊ နိုင်ငံ၊ နယ်နိမိတ်တွေကို ဖြတ်ကျော်ပြီး လူသားမျိုးနွယ်ရဲ့ ချစ်စရာ ငြိမ်းချမ်းရေး အသွင်တစ်ခုပါပဲ။ ဒီအပိုင်းမှာတော့ ဂီတပုံစံအသီးသီးထဲက မာကျူရီက Classical နဲ့ Jazz ဂီတအကြောင်းလေး မဆိုသလောက် တို့ထိပြသွားပါတယ်။ နားဆင်ကြည့်ပါအုံး။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် | |||
| EP 013: စိတ်သရုပ်ဖော်ဂီတ အတို့အထိ | 22 Mar 2025 | 00:21:28 | |
ဒီအပိုင်းက တော်လှန်ရေးထဲမှာ မွန်းကြပ်နေသူ မိတ်ဆွေတွေအတွက်ပါ။ ကရင်နီ၊ ရခိုင်၊ အညာ၊ ရှမ်း အစရှိတဲ့ စစ်မြေပြင်အသီးသီးက BPN နားထောင်ကြတဲ့ မိတ်ဆွေတွေကို ၂၀၂၅ မှာ ဘာများနားထောင်ချင်ကြသလဲလို့ စကားစပ်မိတုန်း မေးဖြစ်တော့ နိုင်ငံရေးမဟုတ်တဲ့ဟာ၊ တော်လှန်ရေးနဲ့ တိုက်ရိုက်မသက်ဆိုင်တာတွေ နားထောင်ချင်ပါတယ်တဲ့။ ဒီလိုရိုးသားတဲ့ အဖြေကိုကြားရတာ ပထမတော့ ထိတ်လန့်သွားပါတယ်။ နောက်မှ သူတို့ရှင်းပြတာက ရှေ့တန်းမှာ စစ်တိုက်ပြီးပြန်လာတဲ့အခါ စစ်တွေ၊နိုင်ငံရေးတွေအကြောင်း ထပ်နားထောင်ဖို့ အားမရှိပါဘူးတဲ့။ BPN က ထုတ်တဲ့ Podcast တွေမှာ စိတ်နှလုံးချမ်းသာစေမယ့် အရာလေးတွေ ၊ လူသားဆန်တဲ့ အတွေးအခေါ်လေးတွေ ပါဝင်မယ်ဆို နောက်တန်းပြန်ခွင့်ရချိန် ပုခက်လေးပေါ်ခဏအမောဖြေရင်း နားထောင်ရတာစိတ်ချမ်းသာပါပြီဆိုတဲ့ တုံ့ပြန်ချက်တွေကို လေးစားသောအားဖြင့်..." FMaj7 "ပေါ့ကတ်စ်ရဲ့ ကမ္ဘာဂီတရေစီးကြောင်းထဲက ရိုမန့်တစ်ဇင် ခံစားမှုဝါဒီဂီတဘယ်က အစပြုသလဲဆိုတာလေးနဲ့ တောထဲက၊ ပြည်တွင်းက မိတ်ဆွေတွေ Chill နိုင်ကြအောင် တင်ဆက်လိုက်ရပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် | |||
| Special EP: မာကျူရီနှင့် သင်္ကြန်သီချင်းများ | 14 Apr 2025 | 00:25:52 | |
သင်္ကြန်လို့ပြောလိုက်ရင် မှတ်မှတ်သားသာပြောစရာဖြစ်တဲ့ မန္တလေးသင်္ကြန် အကြောင်းကို FMaj7 ရဲ့ မာကျူရီက စစ်ဘေးသဘာဝဘေးများစွာကို ခံစားနေကြရဲ့တဲ့ တော်လှန်သော သောတရှင်အပေါင်းတို့အတွက် သင်္ကြန်အလွမ်းပြေသီချင်းများနဲ့ တင်ဆက်လိုက်ပါတယ်။ မာကျူရီ နဲ့ သင်္ကြန်သီချင်းများ Podcast မှာ ဝေမျှသွားမယ့်အကြောင်းအရာတွေကတော့
မိတ်ဆွေများအားလုံး စိတ်ဓာတ်ခိုင်ကြည်စွာ ကျန်းမာကြပါစေကြောင်း ကျွန်တော် မာကျူရီမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။ #BurmaPodcastNetwork #BPN #podcast#MyanmarPodcast #Burma #Myanmar #InfoMM#ThingyanFestival #ThingyanSong #Thingyan#Mandalay #mandalaymyanmar #Myoma | |||
| EP 014: Romantic ခေတ်ရဲ့ ဂီတပုံပြင် | 24 May 2025 | 00:25:23 | |
Romanticism လို့ခေါ်တဲ့ ရိုမန့်တစ်ခေတ်ရဲ့ ဂီတတွေအကြောင်းကို ဒီပေါ့ကတ်စ်မှာ မာကျူရီက တင်ဆက်ထားပါတယ်။ စာပေနဲ့ဂီတ ရောယှက်တင်ဆက်ပုံကို ဗမာ့ဂီတက ဘွဲ့သီချင်းတွေ၊ ငယ်ငယ်က သင်ခဲ့တဲ့ ကဗျာတွေနဲ့ မြင်သာအောင် ပြောပြထားပြီး Lieder ဆိုတာ ဘယ်ကနေ ဘယ်လိုဖြစ်ပေါ်လာတယ်၊ ပြီးတော့ Absolute Music နဲ့ Program Music အကြောင်းတွေကိုလည်း နားဆင်ကြရမှာပါ။ ဒီလိုပေါ့ကတ်စ် တပုဒ်ဖြစ်လာဖို့ သုတေသနပြု လေ့လာရတာတွေကစလို့ ထုတ်လုပ်ရေးအဆင့်ဆင့်အတွက် အချိန်၊ လူအင်အား၊ ငွေကြေးအင်အားတွေ စိုက်ထုတ်ထားပြီးမှ ဒီလို ပေါ့ကတ်စ်ကောင်းတပုဒ်ဖြစ်လာတာပါ။ Like, Subscribe, Share လုပ်ရင် BPN ဝိုင်းတော်သားများ ဆက်လက်ရပ်တည်နိုင်ဖို့ အထောက်အကူဖြစ်ပါတယ်။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် | |||
| EP 012: ဂျာမနီက ကမ္ဘာကျော် လူ့ခွစာ | 15 Feb 2025 | 00:19:21 | |
မြန်မာလိုဆို ပသျူးခေါင်းဖြတ်ဂိုဏ်းဆိုပြီး အများသိကြတဲ့ ဖရီးမေဆင်ဂိုဏ်း၊ အလူမီနာတီဂိုဏ်း စတဲ့ လျို့ဝှက်ဂိုဏ်းတွေရဲ့ ယဥ်ကျေးမှု တော်လှန်ရေးဆိုင်ရာ အတွေးအခေါ်တွေက ဗီသိုဗင်အပေါ် လွှမ်းမိုးမှုတွေ၊ ဂန္ဓဝင်ခေတ်ရဲ့ အကောင်းဆုံး တေးရေးဆရာ၊ ပြီးတော့ နောက်ထပ် ကူးပြောင်းမဲ့ ရိုမန့်တစ် ခေတ်ရဲ့ အပြောင်းအလဲကို ထိပ်ဆုံးကနေ ဦးဆောင်ခဲ့သူတစ်ယောက်...စတဲ့ သူ့ခေတ် သူ့အခါမှာ သူပုန်ထခဲ့တဲ့ ဗီသိုဗင်ရဲ့ အကြောင်းတွေကို ဒီအပိုင်းမှာ မာကျူရီက တင်ဆက်ထားပါတယ်။ Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ဆက်လက်ရပ်တည်ဖို့အတွက် ပံ့ပိုးကူညီနိုင်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် | |||
| EP 011: ဘုရားပေးတဲ့ ဂီတသမား Mozart | 18 Jan 2025 | 00:17:38 | |
(၈)နှစ်သား အရွယ်ကတည်းက ဂီတဆင်ဖိုနီတွေ စတင်ဖန်တီးခဲ့သူ မိုးဇက်၊ မိုးဇက်လိုပဲ အနုပညာပါရမီရှိသူ အမ မရီယာအန်နာမိုးဇက်၊ မိုးဇက်ရဲ့ ဖခင်ဖြစ်သူ တယောဆရာ လီယိုပိုးလ်၊ မိုးဇက် ဗီယင်နာမြို့မှာ နေထိုင်ခဲ့စဥ် နှစ်ကာလ စတာတွေကို မာကျူရီရဲ့ ဒီတစ်ပတ် Fmaj7 ပေါ့ကတ်စ်မှာ နားဆင်ရမှာပါ။ ကမ္ဘာမြေပေါ်မှာ ၃၅ နှစ်တာပဲ နေထိုင်ခဲ့ပြီး အနုပညာအစစ်တွေကို ချန်ထားပေးခဲ့တဲ့ မိုးဇက်ရဲ့အကြောင်း Podcast အပြည့်အစုံကို Burma Podcast Network ရဲ့ Platform တွေကနေ နားဆင်နိုင်ပါပြီ။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ဆက်လက်ရပ်တည်ဖို့အတွက် ပံ့ပိုးကူညီနိုင်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် | |||
| EP 010: ဂန္ဓဝင်ဂီတ ရောင်နီဦး | 14 Dec 2024 | 00:16:41 | |
Classical Music လို့ ခေါ်တဲ့အရာတွေကို ပျင်းစရာကောင်းလိုက်တာလို့ တွေးနေပြီလား။ဒီအပတ် Podcast မှာ မာကျူရီက ဂီတနဲ့ ပတ်သက်လာရင် ဂန္ဓဝင်ကြီးတွေရဲ့ အကြောင်းနဲ့ ဂီတသီအိုရီတွေကို ပြောပြထားပါတယ်။မိတ်ဆွေကြိုက်နှစ်သက်တဲ့ music အမျိုးအစားကရော ဘာဖြစ်မလဲ။Podcast ထဲက music တွေကို ခံစားနိုင်ဖို့အတွက် နားကြပ်လေးတပ်ပြီး နားဆင်လို့ရပါပြီနော်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် | |||
| EP 008: ဂစ်တာကြိုးညှိနည်း ဘယ်ကစခဲ့တာလဲ? | 30 Nov 2024 | 00:16:03 | |
မိတ်ဆွေတို့ ကြိုက်နှစ်သက်တဲ့ အနောက်တိုင်း music အမျိုးအစားက ဘာဖြစ်မလဲ။ဒီနေ့ မာကျူရီရဲ့ Podcast မှာတော့ Baroque ဆိုတဲ့ အသုံးအနှုန်းဘယ်ကလာသလဲ၊ ဗမာပြည်က ပုဂံဘုရားတွေ အကောင်းဆုံးလက်ရာ အနုပညာယဉ်ကျေးမှုတွေအကြောင်း ဆွေးနွေးထားပါတယ်။အနောက်တိုင်း music မှာ ချန်လှန်ထားလို့မရတဲ့ သမိုင်းကြောင်းတွေ ဖြစ်ပါတယ်။ Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like , Subscribe , Share လုပ်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်ကြပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် https://linktr.ee/burmapodcastnetwork | |||
| EP 007: ဂီတဆိုတာ သာမန်လူတွေအတွက် မဟုတ်တဲ့ Baroque ခေတ် | 09 Nov 2024 | 00:21:20 | |
Orchestra တွေရဲ့ အစပိုင်း ဖြစ်တည်မှုဖြစ်တဲ့ Baroque ခေတ်က ဂီတသမိုင်းကြောင်းတွေကို ဒီအပတ်မှာ နားဆင်ရမှာ ဖြစ်ပါတယ်။ Baroque ခေတ်ဆိုတာ မြန်မာပြည်မှာ အကြီးဆုံး အင်ပါယာ ဖြစ်ခဲ့တဲ့ တောင်ငူမင်းဆက်ရဲ့ ခေတ်ပါပဲ။အနောက်တိုင်းမှာ ဒီလို ဂီတတွေ ထွန်းကားနေချိန်မှာ မြန်မာနိုင်ငံမှာရော ဘာတွေဖြစ်နေလဲဆိုတာ မာကျူရီက ချိန်ဆ ပြောဆိုထားပါတယ်။ မိတ်ဆွေတို့ နှစ်ခြိုက်တဲ့ music အမျိုးအစားနဲ့ရော ကိုက်ညီရဲ့လား၊ ဆွေးနွေးခဲ့ကြပါဦးနော်။ Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like , Subscribe , Share လုပ်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်ကြပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် | |||
| EP016: မော်ဒန်အနုပညာခေတ်သို့ခြေလှမ်းစများ | 23 Aug 2025 | 00:28:18 | |
Impressionist ဂီတအကြောင်းကို အရင်အပိုင်းမှာ တင်ဆက်ပြီးပြီဆိုတော့ ခုတစ်ခါတော့ ခေတ်ပြိုင်ဂီတတွေအကြောင်းတွေကို ၁၉ ရာစု နှောင်းပိုင်းကစပြီး ဥရောပတစ်ခွင် ဖြစ်ပျက်ကြုံဆုံနေရတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ တိုးတက်ပြောင်းလဲလာမှု စတဲ့ အကြောင်းတွေနဲ့ မြင်သာအောင် မာကျူရီက တင်ဆက်ထားပါတယ်။ အနုပညာနဲ့ပတ်သက်ပြီး အရင်ဆုံးဖြစ်ပေါ်လာတဲ့ အယူအဆနှစ်ရပ်ဖြစ်တဲ့ Art for People’s Sake နဲ့ Art for Art’s Sake ကနေ Art for No Sake ထိ ဖြစ်လာခဲ့ပုံတွေအကြောင်းကို နားဆင်ရမှာပါ။ဒီလိုအကြောင်းအရာတွေ တင်ဆက်နိုင်ဖို့ အချိန်အတော်ကြာ သုတေသနပြုတာ၊ အတွေ့အကြုံ ဝေမျှပေးမယ့် မိတ်ဆွေတွေနဲ့ ယုံကြည်မှု တည်ဆောက်တာ၊ တည်းဖြတ်တာ စတာတွေ အားလုံးပြီးမှ မိတ်ဆွေတို့ နားဆင်နိုင်တဲ့ Podcast တစ်ပုဒ်ဖြစ်လာပါတယ်။ Like, Subscribe, Share လုပ်ပေးခြင်းဖြင့် Burma Podcast Network မှ နောက်ထပ်အပိုင်းများ ထုတ်လုပ်နိုင်ဖို့ ကူညီနိုင်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် | |||
| EP015: ပန်းချီကားတွေထဲက မြောလွင့်နေတဲ့ဂီတ Impressionism | 12 Jul 2025 | 00:21:39 | |
အနုပညာရပ်တွေဟာလည်း လောကနိယာမအတိုင်း တစ်ခုနဲ့တစ်ခု ဆက်စပ်တည်ရှိနေကြပါတယ်။ အနုပညာဆိုင်ရာအကျုံးဝင်တဲ့ ဂီတဖြစ်ဖြစ်၊ ပန်းချီဖြစ်ဖြစ်၊ ကဗျာစာပေပဲဖြစ်ဖြစ် နဂိုကနေ ဆန်းသစ်တီထွင်ပြီး တိုးတက်ဖြစ်ပေါ်လာတဲ့အခါ လောကအတွက် အကျိုးများလှတယ်။ တစ်ဖက်မှာလည်း ဝေဖန်ရေးလုပ်သူတွေက ဆန်းသစ်လာတဲ့ အနုပညာလှုပ်ရှားမှုတွေကို ခေါင်းစဉ်တပ်စောကြောကြရာကနေ ဘယ်အစ်ဇင်၊ ညာအစ်ဇင်၊ ဘယ့်နှယ့် ညဲ့နှယ့်ဝါဒတွေ ပိုင်းခြားဖြစ်ပေါ်လာရပါတော့တယ်။ အနုပညာလှုပ်ရှားမှု ဒါမှမဟုတ် ဝါဒ၊ ဝါဒီတွေအကြောင်း ခေတ်အလိုက်ဆွဲထုတ်ပြီး Fmaj7 ကတင်ဆက်လာတာ အခုဆိုရင် “Impression - အင်ပရက်ရှင်း” ခေတ်ကိုရောက်လာပြီဖြစ်ပါတယ်။ အဲ့ဒီခေတ်ဟာ ပန်းချီပညာရပ်ကနေ အစပြုတာဆိုတော့ “ပန်းချီကားတွေထဲက မြောလွင့်နေတဲ့ဂီတ အင်ပရက်ရှင်နစ်ဇင်” ဆိုပြီး ဂီတရေစီးကြောင်းကို မာကျူရီက ခေါင်းစဉ်တပ်ပါတယ်။ အခုအပိုင်းမှာ ထုံးစံအတိုင်း သူ့ရဲ့ လက်တံရှည်ရှည်နဲ့ ကြိုးစားမျှဝေထားတဲ့ ၂၀ ရာစုအစောပိုင်း ပန်းချီ၊ ဂီတ ဆက်စပ်လှုပ်ရှားမှုတွေအပြင် ဂီတဆိုင်ရာသီဝရီတွေ၊ အနောက်တိုင်း မဟာဂီတသီချင်းကြီးတွေကိုလည်း နားဆင်သူတွေ နားကြောစိမ့်စိမ့် ကြားသိကြရမှာဖြစ်ပါကြောင်း။ ဒီလိုအကြောင်းအရာတွေ တင်ဆက်နိုင်ဖို့ အချိန်အတော်ကြာ သုတေသနပြုတာ၊ အတွေ့အကြုံ ဝေမျှပေးမယ့် မိတ်ဆွေတွေနဲ့ ယုံကြည်မှု တည်ဆောက်တာ၊ တည်းဖြတ်တာ စတာတွေ အားလုံးပြီးမှ မိတ်ဆွေတို့ နားဆင်နိုင်တဲ့ Podcast တစ်ပုဒ်ဖြစ်လာပါတယ်။ Like, Subscribe, Share လုပ်ပေးခြင်းဖြင့် Burma Podcast Network မှ နောက်ထပ်အပိုင်းများ ထုတ်လုပ်နိုင်ဖို့ ကူညီနိုင်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် | |||