Fmaj7 - a Podcast by Mercury – Détails, épisodes et analyse

Détails du podcast

Informations techniques et générales issues du flux RSS du podcast.

Podcast Fmaj7 - a Podcast by Mercury

Fmaj7 - a Podcast by Mercury

BurmaPodcastNetwork

Musique

Fréquence : 1 épisode/38j. Total Éps: 17

Hosting podcast Spotify for Podcasters
Fmaj7 ဆိုတဲ့ Podcast ကတော့ ကမ္ဘာမြေအတွက်လိုအပ်နေတဲ့ ဂီတဓာတ်ကို ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။ ဂီတအမျိုးအစားတွေ ၊ ဖြစ်တည်ပုံတွေ ၊ ဖန်တီးပုံတွေကို သမိုင်းကြောင်းလှန် ကောက်နှုတ်တင်ဆက်ပေးမယ့် ကိုမာကျူရီကတော့ Jazz ဂီတကို မြတ်နိုးသူတစ်ယောက်လည်းဖြစ်မယ်ဆိုတာ Podcast နာမည်မြင်တာနဲ့ မိတ်ဆွေတို့ သတိထားမိပါလိမ့်မယ်။ Burma Podcast Network က မိတ်ဆွေများအတွက် တင်ဆက်နေကြ သူပုန်ဓာတ် ၊ ကဗျာဓာတ် ၊ မိတ်ဆွေဓာတ်များအပြင် ဂီတဓာတ်ကိုလည်း ထုတ်လွှင့်လိုက်ရပါတယ်။ နားဆင်ကြပါအုံးခင်ဗျာ။
Site
RSS
Apple

Classements récents

Dernières positions dans les classements Apple Podcasts et Spotify.

Apple Podcasts

  • 🇺🇸 États-Unis - musicHistory

    03/09/2025
    #81
  • 🇺🇸 États-Unis - musicHistory

    01/09/2025
    #76
  • 🇺🇸 États-Unis - musicHistory

    29/08/2025
    #97
  • 🇺🇸 États-Unis - musicHistory

    21/08/2025
    #84
  • 🇩🇪 Allemagne - musicHistory

    26/07/2025
    #69
  • 🇺🇸 États-Unis - musicHistory

    25/07/2025
    #97
  • 🇩🇪 Allemagne - musicHistory

    21/07/2025
    #90
  • 🇩🇪 Allemagne - musicHistory

    20/07/2025
    #73
  • 🇩🇪 Allemagne - musicHistory

    19/07/2025
    #63
  • 🇩🇪 Allemagne - musicHistory

    18/07/2025
    #48

Spotify

    Aucun classement récent disponible



Qualité et score du flux RSS

Évaluation technique de la qualité et de la structure du flux RSS.

See all
Qualité du flux RSS
À améliorer

Score global : 27%


Historique des publications

Répartition mensuelle des publications d'épisodes au fil des années.

Episodes published by month in

Derniers épisodes publiés

Liste des épisodes récents, avec titres, durées et descriptions.

See all

EP 006: ရီနေဆန်းခေတ်က music ဆိုတာ ဘယ်လိုလဲ?

Saison 1 · Épisode 6

samedi 26 octobre 2024Durée 16:34

ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားကို ဆွဲခဲ့တဲ့သူ လီယိုနာဒိုဒါဗင်ချီ ဆိုတာက ရီနေဆန်းခေတ်ရဲ့ ပြယုဂ် တစ်ခုပါပဲ။လူတွေအချင်းချင်း သတ်နေဖြတ်နေကြရာကနေ နည်းနည်း ယဉ်ကျေးလာတဲ့ ကာလတစ်ခုကို ရီနေဆန်းခေတ်လို့ ခေါ်တယ်လို့ ဆိုပါတယ်။ ရီနေဆန်းခေတ်ကာလက သီချင်းအကြောင်းတွေ၊ ဘယ်လို တူရိယာတွေကို သုံးခဲ့ကြလဲ ဆိုတာကို မာကျူရီက တင်ဆက်ဆွေးနွေးထားပါတယ်။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like , Subscribe , Share လုပ်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်ကြပါတယ်။

Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

⁠⁠https://linktr.ee/burmapodcastnetwork⁠

EP 009: Own Tune တစ်ပဲ Copy တစ်ပိဿာခေတ်တွေ

Saison 1 · Épisode 9

mardi 3 décembre 2024Durée 17:07

မြန်မာခေတ်ဦးပိုင်း Stereo သီချင်းအများစုဟာ နိုင်ငံခြား Copy သီချင်းတွေဖြစ်ပါတယ်လို့ အတိတ်က လွမ်းမောဖွယ်ရာတွေကို မာကျူရီက ပြန်ခေါ်သွားပါတယ်။ အရင်ခေတ်က နာမည်ကြီး ကျော်ကြားခဲ့ကြတဲ့ သီချင်းဟောင်းတွေကိုလည်း ဒီ podcast မှာ မိတ်ဆွေတို့ နားဆင်ရမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ မွဲတေကြပ်ညပ်နေတဲ့ ကာလတွေထဲမှာ နိုင်ငံခြားဂီတတွေက မြန်မာ အပါအဝင် အာရှနိုင်ငံအတော်များများမှာ ဘယ်လိုလွှမ်းမိုးမှုရှိခဲ့လဲဆိုတာ မိတ်ဆွေတို့ နားဆင်ရင်း ဆက်အတွေးချဲ့နိုင်ပါတယ်။ Burma Podcast Network က မိတ်ဆွေများအတွက် တင်ဆက်နေကျ သူပုန်ဓာတ် ၊​ကဗျာဓာတ် ၊ မိတ်ဆွေဓာတ် များအပြင် ဂီတဓာတ်ကို လည်း ထုတ်လွှင့်လိုက်ရပါတယ်။ Burma Podcast Network ရဲ့ podcasts များကို YouTube, Facebook, Spotify, MMInfo စတဲ့ platform အစုံမှာ သွားရောက် နားဆင်နိုင်ပါတယ်။

Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

⁠⁠https://linktr.ee/burmapodcastnetwork⁠

EP 005: ကျော်ကြားခဲ့တဲ့ Western Classical Music ဘယ်ကစခဲ့လဲ?

Saison 1 · Épisode 5

lundi 5 août 2024Durée 12:58

ဘုရားသခင်ကို ဆက်သွယ်တဲ့ ဂီတသံလို့ သတ်မှတ်ကြတဲ့ခေတ်၊အလယ်ခေတ် Western Music တွေက ဒီ Orchestra ဝိုင်းတွေနဲ့ တီးရတဲ့ Music တွေမပေါ်ခင် ရှေ့ပြေးဖြစ်တဲ့ Music တွေ ဖြစ်ခဲ့ကြောင်း ကိုမာကျူရီက ဂီတနဲ့ သမိုင်းကြောင်းကို ဒီအပိုင်းမှာ ဆွေးနွေးထားပါတယ်။Fmaji7 ကိုနားထောင်ကြည့်ပီး ဂီတဝါသနာရှင် မိတ်ဆွေများ သဘောကျနှစ်ခြိုက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ Burma Podcast Network ရဲ့ podcasts များကို YouTube, Facebook, Spotify, MMInfo စတဲ့ platform အစုံမှာ သွားရောက် နားဆင်နိုင်ပါတယ်။

Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

⁠⁠https://linktr.ee/burmapodcastnetwork⁠

EP 004: အာဖရိကန် - အမေရိကန် ဂီတများအကြောင်း ပြောကြရာဝယ်

Saison 1 · Épisode 4

samedi 23 mars 2024Durée 09:45

တစ်ချိန်က ကျွန်တွေဖြစ်ခဲ့တဲ့ လူမည်းတွေဆီကနေ စခဲ့တဲ့ ဘလူးစ် ဂီတဟာ African-American ယဥ်ကျေးမှု တစ်ခုဖြစ်လာခဲ့တဲ့ အထိပါပဲ။ အခုဆို တစ်ကမ္ဘာလုံးမှာ ပုံစံအမျိုးမျိုးနဲ့ ပြန့်ပွားနေတာကိုလည်း တွေ့ရမှာပါ။ လေ့လာလိုက်စားကြတဲ့ နောက် generation တွေကိုလည်း ကမ္ဘာမှာရော မြန်မာပြည်မှာပါ အစဥ်အဆက် တွေ့နေရဆဲပါပဲ။ Louis Armstrong, B.B King, Sonny Boy Williamson တို့ကနေစလို့ မြန်မာပြည်က အဆိုတော် စီယံ, ညီပု, ထူးအိမ်သင်တို့ အပါအဝင်ပါ။ စီယံရဲ့ “စည်းနဲ့ ဝါး”သီချင်း ကိုနားထောင်ကြည့်မယ်ဆိုရင် မြန်မာပြည်က တကယ်ထူးချွန်ပြီး အနုပညာအရည်အသွေးရှိတဲ့ ဂီတသမားတစ်ယောက်ရဲ့ ပညာနဲ့ တန်ဖိုးကို သိနိုင်ပါတယ်။ ကိုမာကျူရီရဲ့ Fmaji7 Episode-4 ကိုနားထောင်ကြည့်ပြီး ဂီတဝါသနာရှင် မိတ်ဆွေများ သဘောကျနှစ်ခြိုက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ Burma Podcast Network ရဲ့ Facebook နဲ့ YouTube channel တွေကို Like/Subscribe, share ပေးခြင်းဖြင့် Quality podcast များထပ်မံ ထုတ်လုပ်နိုင်ဖို့အတွက် support လုပ်နိုင်ပါတယ်။

Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

⁠⁠https://linktr.ee/burmapodcastnetwork⁠

EP 003: ဘလူးဇ်ဂီတအကြောင်း ပြောကြရာဝယ်

Saison 1 · Épisode 3

samedi 24 février 2024Durée 14:41

လူသားနှစ်ဦး စကားစမြည်ပြောဖြစ်ဖို့၊ တစ်ဦးပေါ်တစ်ဦး ခင်တွယ်လေးစားဖို့၊​ ဘဝလက်တွဲဖော်အဖြစ် မေတ္တာမျှဖို့အတွက် ခံစားနားဆင်တဲ့ သံစဥ်စာသား၊ ​ဂီတအမျိုးစားတွေက အင်မတန်အရေးကြီးပါတယ်။ ဆိုတော့ ဒီနှစ် Valentine မှစလို့ ပေါ်ပင် သီချင်းတွေ ဖွင့်ဖွင့်ပြီး တခုတ်တရ ခံစားမျက်ရည်ဝဲတတ်တဲ့ ပိန်းတိန်းတိန်းတွေ သင့်ဘဝထဲ မရောက်လာဖို့ BPN ဝိုင်းတော်သားများမှ ကိုမာကျူရီရဲ့ Blues ဂီတ အကြောင်းလေးတွေ တင်ဆက်ပေးရင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။ Happy Valentines! နားထောင်ပြီးသဘောကျတယ်ဆိုရင် Burma Podcast Network ရဲ့ Facebook နဲ့ YouTube channel တွေကို Like/Subscribe, share ပေးခြင်းဖြင့် Quality podcast များထပ်မံ ထုတ်လုပ်နိုင်ဖို့အတွက် support လုပ်နိုင်ပါတယ်။

Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

⁠https://linktr.ee/burmapodcastnetwork


EP 002: ကမ္ဘာ့အဆင့်မီ မြန်မာဂီတ

Saison 4 · Épisode 2

lundi 25 décembre 2023Durée 11:29

ဒီအပိုင်းမှာတော့ မြန်မာ့ဂီတကို ကမ္ဘာ့အဆင့်မှီအောင် အားထုတ်ခဲ့ကြတဲ့ ဂီတစာဆိုကြီးများဖြစ်တဲ့ ဆရာမြို့မငြိမ်း နဲ့ တယောဆရာကြီး တယောဦးတင်ရီ တို့ရဲ့ နှုတ်ထွက်စကားတွေ ၊ ဂုဏ်ယူစရာ အောင်မြင်မှုတွေနဲ့ မြန်မာ့ဂီတရဲ့ လွမ်းဆွတ်နှမြောစရာ အတိတ်တွေကို မာကျူရီက ပြန်ခေါ်သွားပါတယ်။ "တစ်ကိုယ်လုံးမှာ တန်ဖိုးရှိတာဆိုလို့ ဒီခေါင်းပဲရှိတယ်" လို့ပြောခဲ့တဲ့ ဆရာကြီး မြို့မငြိမ်းရဲ့ ဝမ်းနည်းဖွယ်ရာ အဆုံးသတ်မျိုးဟာ ယိုယွင်းနေတဲ့ ခေတ်ဆိုးကြီးက တစ်ခေတ်တစ်ယောက်ပေါ်တဲ့ အနုပညာသမားတစ်ဦးကို ဆုံးရှုံးခဲ့စေသလားဆိုတာတော့ မိတ်ဆွေတို့ ဆက်အတွေးချဲ့နိုင်ပါတယ်။ နားဆင်ကြပါဦး။

Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

⁠https://linktr.ee/burmapodcastnetwork

EP 001: ဂီတမိတ်ဆက်

Saison 1 · Épisode 1

lundi 25 décembre 2023Durée 09:58

ဂီတဟာ ကမ္ဘာမြေပုံပေါ်က မျိုးနွယ်၊ နိုင်ငံ၊ နယ်နိမိတ်တွေကို ဖြတ်ကျော်ပြီး လူသားမျိုးနွယ်ရဲ့ ချစ်စရာ ငြိမ်းချမ်းရေး အသွင်တစ်ခုပါပဲ။ ဒီအပိုင်းမှာတော့ ဂီတပုံစံအသီးသီးထဲက မာကျူရီက Classical နဲ့ Jazz ဂီတအကြောင်းလေး မဆိုသလောက် တို့ထိပြသွားပါတယ်။ နားဆင်ကြည့်ပါအုံး။

Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

⁠https://linktr.ee/burmapodcastnetwork

EP 013: စိတ်သရုပ်ဖော်ဂီတ အတို့အထိ

Saison 2 · Épisode 13

samedi 22 mars 2025Durée 21:28

ဒီအပိုင်းက တော်လှန်ရေးထဲမှာ မွန်းကြပ်နေသူ မိတ်ဆွေတွေအတွက်ပါ။ ကရင်နီ၊ ရခိုင်၊ အညာ၊ ရှမ်း အစရှိတဲ့ စစ်မြေပြင်အသီးသီးက BPN နားထောင်ကြတဲ့ မိတ်ဆွေတွေကို ၂၀၂၅ မှာ ဘာများနားထောင်ချင်ကြသလဲလို့ စကားစပ်မိတုန်း မေးဖြစ်တော့ နိုင်ငံရေးမဟုတ်တဲ့ဟာ၊ တော်လှန်ရေးနဲ့ တိုက်ရိုက်မသက်ဆိုင်တာတွေ နားထောင်ချင်ပါတယ်တဲ့။ ဒီလိုရိုးသားတဲ့ အဖြေကိုကြားရတာ ပထမတော့ ထိတ်လန့်သွားပါတယ်။ နောက်မှ သူတို့ရှင်းပြတာက ရှေ့တန်းမှာ စစ်တိုက်ပြီးပြန်လာတဲ့အခါ စစ်တွေ၊နိုင်ငံရေးတွေအကြောင်း ထပ်နားထောင်ဖို့ အားမရှိပါဘူးတဲ့။ BPN က ထုတ်တဲ့ Podcast တွေမှာ စိတ်နှလုံးချမ်းသာစေမယ့် အရာလေးတွေ ၊ လူသားဆန်တဲ့ အတွေးအခေါ်လေးတွေ ပါဝင်မယ်ဆို နောက်တန်းပြန်ခွင့်ရချိန် ပုခက်လေးပေါ်ခဏအမောဖြေရင်း နားထောင်ရတာစိတ်ချမ်းသာပါပြီဆိုတဲ့ တုံ့ပြန်ချက်တွေကို လေးစားသောအားဖြင့်..." FMaj7 "ပေါ့ကတ်စ်ရဲ့ ကမ္ဘာဂီတရေစီးကြောင်းထဲက ရိုမန့်တစ်ဇင် ခံစားမှုဝါဒီဂီတဘယ်က အစပြုသလဲဆိုတာလေးနဲ့ တောထဲက၊ ပြည်တွင်းက မိတ်ဆွေတွေ Chill နိုင်ကြအောင် တင်ဆက်လိုက်ရပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

⁠⁠https://linktr.ee/burmapodcastnetwork⁠

Special EP: မာကျူရီနှင့် သင်္ကြန်သီချင်းများ

lundi 14 avril 2025Durée 25:52

သင်္ကြန်လို့ပြောလိုက်ရင် မှတ်မှတ်သားသာပြောစရာဖြစ်တဲ့ မန္တလေးသင်္ကြန် အကြောင်းကို FMaj7 ရဲ့ မာကျူရီက စစ်ဘေးသဘာဝဘေးများစွာကို ခံစားနေကြရဲ့တဲ့ တော်လှန်သော သောတရှင်အပေါင်းတို့အတွက် သင်္ကြန်အလွမ်းပြေသီချင်းများနဲ့ တင်ဆက်လိုက်ပါတယ်။


မာကျူရီ နဲ့ သင်္ကြန်သီချင်းများ Podcast မှာ ဝေမျှသွားမယ့်အကြောင်းအရာတွေကတော့

  • ရွှေမန်းသူ မန်းသားတို့က မန္တလေးရဲ့ ယဉ်ကျေးပျော်ရွှင်ဖွယ် သင်္ကြန်အလေ့အထတစ်ခုကို ဘယ်လိုစတင်ခဲ့ကြတာလဲ?
  • သင်္ကြန်ဆိုတဲ့အသံကြားတာနဲ့ တွဲလျက်မြင်မိတဲ့ တူးပို့ တူးပို့ဆိုတာ ဘယ်သူတွေက ဘယ်လိုတီထွင်ခဲ့တာလဲ?
  • နယ်ချဲ့ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီးဖြစ်ခဲ့တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကာလမှာ သင်္ကြန်ကို ဘယ်လိုတွေဖြတ်သန်းခဲ့ကြလဲ?
  • "ညိုမြ" ဆိုတဲ့စကားစတင်ဖြစ်ပေါ်လာခဲ့ပုံအကြောင်း၊ ပြည်တော်ဝင်သီချင်းရဲ့ ရာဇဝင်၊ ရွှေမန်းတောင်ရိပ်ခိုစတဲ့ သင်္ကြန်လို့ပြောလိုက်တာနဲ့ တွဲမြင်နေရတဲ့ သီချင်းတွေ အကြောင်းစသဖြင့် နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့တဲ့ သင်္ကြန်ရဲ့ သမိုင်းကြောင်းတွေကို Burma Podcast Network ရဲ့ Platform တွေဖြစ်တဲ့ YouTube, Spotify နဲ့ Apple Podcast တို့မှာ Special Episode အနေနဲ့ တင်ဆက်လိုက်ပါတယ်။

မိတ်ဆွေများအားလုံး စိတ်ဓာတ်ခိုင်ကြည်စွာ ကျန်းမာကြပါစေကြောင်း ကျွန်တော် မာကျူရီမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။

#BurmaPodcastNetwork #BPN #podcast#MyanmarPodcast #Burma #Myanmar #InfoMM#ThingyanFestival #ThingyanSong #Thingyan#Mandalay #mandalaymyanmar #Myoma

EP 014: Romantic ခေတ်ရဲ့ ဂီတပုံပြင်

samedi 24 mai 2025Durée 25:23

Romanticism လို့ခေါ်တဲ့ ရိုမန့်တစ်ခေတ်ရဲ့ ဂီတတွေအကြောင်းကို ဒီပေါ့ကတ်စ်မှာ မာကျူရီက တင်ဆက်ထားပါတယ်။

စာပေနဲ့ဂီတ ရောယှက်တင်ဆက်ပုံကို ဗမာ့ဂီတက ဘွဲ့သီချင်းတွေ၊ ငယ်ငယ်က သင်ခဲ့တဲ့ ကဗျာတွေနဲ့ မြင်သာအောင် ပြောပြထားပြီး Lieder ဆိုတာ ဘယ်ကနေ ဘယ်လိုဖြစ်ပေါ်လာတယ်၊ ပြီးတော့ Absolute Music နဲ့ Program Music အကြောင်းတွေကိုလည်း နားဆင်ကြရမှာပါ။

ဒီလိုပေါ့ကတ်စ် တပုဒ်ဖြစ်လာဖို့ သုတေသနပြု လေ့လာရတာတွေကစလို့ ထုတ်လုပ်ရေးအဆင့်ဆင့်အတွက် အချိန်၊ လူအင်အား၊ ငွေကြေးအင်အားတွေ စိုက်ထုတ်ထားပြီးမှ ဒီလို ပေါ့ကတ်စ်ကောင်းတပုဒ်ဖြစ်လာတာပါ။ Like, Subscribe, Share လုပ်ရင် BPN ဝိုင်းတော်သားများ ဆက်လက်ရပ်တည်နိုင်ဖို့ အထောက်အကူဖြစ်ပါတယ်။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။


Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

⁠⁠https://linktr.ee/burmapodcastnetwork


Podcasts Similaires Basées sur le Contenu

Découvrez des podcasts liées à Fmaj7 - a Podcast by Mercury. Explorez des podcasts avec des thèmes, sujets, et formats similaires. Ces similarités sont calculées grâce à des données tangibles, pas d'extrapolations !
Podcast Audio Oasis Storytelling
Podcast L'Eveil des Consciences
Podcast INXS: Access All Areas
Podcast Finances Fondamentales
Podcast QQ土木人生
Podcast The Hub - Sports Entertainment Network
Podcast DÉJÀ VU !
Podcast On se barre
Podcast Beyond Clean Podcast
Podcast Landscape Photography World
© My Podcast Data