Explorez tous les épisodes du podcast The Institute for Strategy and Policy – Myanmar
| Titre | Date | Durée | |
|---|---|---|---|
| ‘ISP နှင့်အတူ မိနစ် ၃၀’ အမှတ်စဉ် - ၃ (အယူအဆမှတ်စု) | 23 Aug 2024 | 00:05:19 | |
ပြည်သူ့စစ်မှုထမ်းဥပဒေ (၂ဝ၁ဝ) ကို ၂ဝ၂၄ ခုနှစ် ဖေဖေါ်ဝါရီ ၁ဝ ရက်မှာ စတင်ပြီး အသက်ဝင်ကျင့်သုံးမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ မြန်မာပြည်သူတွေရဲ့ အကျပ်အတည်းအတွက် ချောက်ထဲကို လုံးလုံး တွန်းချစေမယ့် ဆုံချက်တခုဖြစ်နေပါတယ်။ ‘ISP နှင့်အတူ မိနစ် ၃ဝ’ အစီအစဉ်ရဲ့ တတိယဆွေးနွေးပွဲဖြစ်တဲ့ ‘ရှင်သူမှာပင် အသက်ရှူရပ်မတတ်-ရေနစ်သူ ဝါးကူထိုးသည့် စစ်မှုထမ်းဥပဒေ’ ရဲ့ အယူအဆမှတ်စုကို အခု Podcast မှာတော့ ဒီဆွေးနွေးပွဲရဲ့ အယူအဆမှတ်စုကို နားဆင်ကြရပါမယ်။ | |||
| စီးပွားရေးစင်္ကြံစီမံကိန်းများအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်မှု | 28 Jun 2024 | 00:09:50 | |
ISP-Myanmar အနေနဲ့ ‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထား အမြင်စစ်တမ်း (၂၀၂၃)’ ကို ၂၀၂၄ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစစ်တမ်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) အပေါ် စစ်တမ်းဖြေဆိုသူတွေရဲ့အမြင်တွေလည်း ပါဝင်ပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး ISP-Myanmar ရဲ့ အဖွဲ့သားတွေဖြစ်တဲ့ ကိုလင်းထက်နဲ့ ကိုကောင်းစံတို့က အခု Podcast မှာ ဆွေးနွေးထားကြပါတယ်။ ဒါ့အပြင် ‘စစ်ဆင်ရေး ၁၀၂၇’ အလွန် ရှမ်းမြောက်ဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှုအပြင် မဟာဗျူဟာကျတဲ့ တရုတ်စီမံကိန်း တွေကို ထိန်းချုပ်ထားနိုင်မှုတွေကိုပါ နားဆင်ကြရပါမယ်။ | |||
| အထိုင်သစ်ပြန်ချလာတဲ့ တရုတ်ရဲ့ မြန်မာ့အရေးမူဝါဒ | 02 Jun 2023 | 00:11:20 | |
အာဏာသိမ်းမှုအလွန် မြန်မာ့အရေးအကျပ်အတည်းအတွက် တရုတ်နိုင်ငံရဲ့ မူဝါဒ အထိုင်သစ်ပြန်ချလာတာကို တွေ့ရပါတယ်။ တရုတ်ရဲ့ ပြောင်းလဲလာတဲ့ မူဝါဒနဲ့ အခြေအနေတွေကို ယခု Podast မှာ သုံးသပ်တင်ပြထားပါတယ်။ | |||
| အာဏာသိမ်း နှစ်နှစ်ပြည့် သက်တမ်းတိုးပြီး စစ်ဝင်္ကပါထဲ ဇွတ်တိုးဝင်ခြင်း | 23 Feb 2023 | 00:05:43 | |
“ပုံမှန်မဟုတ်သောအခြေအနေ” ဆိုတဲ့ အကြောင်းပြချက်နဲ့ ၆ လသက်တမ်းတိုးပြီး မြို့နယ် ပေါင်း ၃၇ ခုကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ခြင်းဟာ စစ်ကောင်စီအနေနဲ့ စစ်၀င်္ကပါထဲကို တိုးဝင်ပြီး ဘယ်လိုနောက် ဆက်တွဲအခြေအနေတွေ ဖြစ်နိုင်တယ်ဆိုတာကို ယခု Podcast မှာသုံးသပ်တင်ပြထားပါတယ်။ | |||
| ပြည်တွင်းစစ် တာရှည်နိုင်သော အချက်သုံးရပ် | 18 Jul 2022 | 00:10:37 | |
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၀) အဖြစ် ဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံဟာ ဘယ်အကြောင်းချက်တွေကြောင့် ပြည်တွင်းစစ် တာရှည်နေ သလဲဆိုတဲ့ အကြောင်း သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။ | |||
| လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား မဟာမိတ်ဖွဲ့ခြင်း၏ အရေးပါမှု | 17 Jun 2022 | 00:11:15 | |
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၁) အဖြစ် ဖော်ပြခဲ့တဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအကြားက မဟာမိတ်ဖွဲ့မှု အယူအဆဟာ အင်မတန်မှ အရေးကြီးပြီး အလေးထားဖို့လိုအပ်တယ်ဆိုတဲ့ အကြောင်း သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။ | |||
| အန်တုတော်လှန်ရေးနှင့် ပြည်တွင်းစစ်အကြား အဆက်အစပ်ကို လေ့လာခြင်း | 17 Jun 2022 | 00:11:21 | |
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၀) အဖြစ် ဖော်ပြခဲ့တဲ့ အကြမ်းမဖက်လူထုတိုက်ပွဲ၊ လက်နက်ကိုင် အန်တုတော်လှန်ရေးနဲ့ ပြည်တွင်းစစ်အကြား ဆက်စပ်မှုအကြောင်းကို မြန်မာ့နိုင်ငံရေး မြေပြင်အခြေအနေ အချက်အလက်တွေနဲ့ နှိုင်းယှဉ်ပြီး သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။ | |||
| သင်ယူမှု ဆုံးရှုံးခြင်း မဖြစ်စေရန် အရေးကြီးပါသည် | 17 Jun 2022 | 00:12:22 | |
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၅) အဖြစ် ဖော်ပြခဲ့တဲ့ လေ့လာသင်ယူမှု ရရှိနိုင်ခြင်းဟာ ကလေးသူငယ် အခွင့်အရေး တခုဖြစ်တဲ့အတွက် ပညာရေးမူဝါဒပဲ ဖြစ်ဖြစ်၊ လှုံ့ဆော်လှုပ်ရှားမှုတွေပဲ ဖြစ်ဖြစ် ချမှတ်ရာမှာ ရေတိုသက်သက် မကြည့်ဘဲ ရှေရှည်အနေနဲ့ ဘက်စုံထောင့်စုံ လက်တွေ့ကျကျ စဉ်းစားသင့်တယ် ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။ | |||
| ထီးနန်းကို မင်းစည်းစိမ်အဖြစ် မှတ်ယူတဲ့ နိုင်ငံရေးဓလေ့ | 16 Jun 2022 | 00:10:25 | |
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၉) အဖြစ် ဖော်ပြခဲ့တဲ့ ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှု ထွန်းကားစေဖို့အတွက် နိုင်ငံရေးဓလေ့ ရှုထောင့်က အာဏာကိုရှုမြင်ပုံတွေအကြောင်း သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။ | |||
| အကြမ်းမဖက် လူထုလှုပ်ရှားမှု၏ အစွမ်းထက်ဆုံး လက်နက်တခု | 16 Jun 2022 | 00:11:25 | |
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၁) အဖြစ် ဖော်ပြခဲ့တဲ့ အာဏာရှင်ရဲ့ နိုင်ငံရေးအင်အားကို ချည့်နဲ့သွားအောင် အကြမ်းမဖက် လူထုလှုပ်ရှားမှု နည်းမျိုးစုံနဲ့ အဆက်မပြတ် ဖိအားပေးဖို့လိုတယ် ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။ | |||
| လူထုလှုပ်ရှားမှု အနိုင်အရှုံးရလဒ်အကြောင်း စဉ်းစားပုံ | 14 Jun 2022 | 00:07:39 | |
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၁၈ ရက်နေ့က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၉) အဖြစ် ဖော်ပြခဲ့တဲ့ လူထုလှုပ်ရှားမှုရဲ့ အကျိုးဆက်ဟာ နိုင်ငံတော် သာမက သာမန်လူတဦးချင်းစီရဲ့ ဘဝဇာတ်ကြောင်းကိုပါ အလှည့်အပြောင်း ဖြစ်စေတဲ့ ရလဒ်တွေ ရှိတတ်တယ် ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။ | |||
| အာဏာရှင်ဒေါက်တိုင် နောက်ခံနိုင်ငံကြီးများ၏ ဘက်ပြောင်း ထောက်ခံမှုအကြောင်း လေ့လာချက် | 14 Jun 2022 | 00:08:57 | |
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၁၃ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၈) အဖြစ် ဖော်ပြခဲ့တဲ့ အာဏာရှင်ကို ကျောထောက် နောက်ခံပေးထားတဲ့ အင်အားကြီးနိုင်ငံတွေဟာ ဘယ်လို အခြေအနေမှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ပြောင်းလဲထောက်ခံသလဲ ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။ | |||
| နေပြည်တော်လိုဂျီ - နေပြည်တော်ကို သရုပ်ဖော်နိုင်မည့် ဝေါဟာရသုံးခု | 12 Jun 2024 | 00:30:12 | |
စစ်အာဏာသိမ်းမှုအလွန် နေပြည်တော်ကို သရုပ်ဖော်တဲ့အခါ နေပြည်တော်ပလ္လင်ရဲ့ အဆင်တန်ဆာ လေးရပ်လို့ ဆိုနိုင်တဲ့ နိုင်ငံတော်၊ အုပ်စိုးပုံစနစ်၊ အင်စတီကျူးရှင်းတွေနဲ့ ခေါင်းဆောင်မှု စတာတွေဟာ အနှစ်အသားမဲ့ "အတွင်းလှိုက်စား" (hollowed-out) ခံနေရပါပြီ။ နေပြည်တော်ပလ္လင်ကို ကျားကန်ပေးထားတဲ့ ထောက်တိုင်သုံးခုဖြစ်တဲ့ အယူဝါဒရေးရာ၊ နိုင်ငံရေးဘောဂဗေဒနဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ ပထဝီနိုင်ငံရေးဟာလည်း သံချေးတက် သက်တမ်းကုန် ပြုန်းတီးလာပြီး ယွင်းစား (corrosion) လာနေပါပြီ။ စစ်အာဏာရှင်ကို တွန်းလှန်အံတုနေတဲ့ လူထုရဲ့ နိုင်ငံရေးလေထု၊ ဝန်းကျင်ကလည်း အပြင်းထန်ဆုံး "မုန်တိုင်းထန်" (stormy political climate) တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ နေပြည်တော်ရဲ့ အခြေအနေနဲ့ "လှိုက်စား"၊ "ယွင်းစား"၊ "မုန်တိုင်းထန်" ဆိုတဲ့ ဝေါဟာရယူဆချက်သုံးရပ်အကြောင်းကို "ISP နှင့်အတူ မိနစ် ၃၀" အစီအစဥ်မှာ ကိုကျော်ထက်နဲ့ မဆောင်းရနံ့တို့က ဆွေးနွေးထားတာကို အခု Podcast မှာလည်း နားဆင်ကြရပါမယ်။ | |||
| အခြေမခိုင် မဏ္ဍပ်နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု | 14 Jun 2022 | 00:06:54 | |
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်နေ့က ကနဦးသုံးသပ်ချက်အမှတ် - (၉) အဖြစ်ဖော်ပြခဲ့တဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ ဘာကိုဆိုလိုသလဲ ဆိုတာအပြင် ဒီဖိတ်ခေါ်ချက်နဲ့ပတ်သတ်ပြီး ဖြစ်လာနိုင်ခြေရှိတဲ့ ဖြစ်တန်ခြေ ၂ ရပ်အကြောင်း လေ့လာဆန်းစစ်ချက်ကို ယခု Podcast မှာ နားဆင်ရ ပါမယ်။ | |||
| မြန်မာ့အရေး အသုံးချခံမြေစာပင် ဖြစ်နိုင်ခြေ | 21 Mar 2022 | 00:07:49 | |
မြန်မာ့အရေး နိုင်ငံတကာ အထူးကိုယ်စားလှယ်တွေဟာ ရလဒ်ထွက်အောင် မလုပ်နိုင်သေးသလို၊ ယုံကြည်ထိုက်လောက်တဲ့ ကိုးစားခံရမှု အားသာချက်လည်း ကျဆင်းနေပါတယ်။ တချိန်တည်း မှာပဲ မြန်မာ့အကျပ်အတည်းဟာ ပြဿနာပြေလည်ရေးထက် အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုအတွက် အသုံးချခံ မြေစာပင် ဖြစ်လာနိုင်တဲ့ အခင်းအကျင်းတွေလည်း ရှိလာပါတယ်။ ဒီအကြောင်း ISP-Myanmar ရဲ့ ကနဦးသုံးသပ်ချက်ကို အခု Podcast မှာ နားဆင်နိုင်ပါပြီ။ | |||
| အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏ တုံ့ပြန်မှု သုံးချက် | 18 Feb 2022 | 00:05:46 | |
တရုတ်-မြန်မာ ဆက်ဆံရေးအလှည့်အပြောင်း သံခင်းတမန်ခင်း စဉ်းစားချက်တွေမှာ နိုင်ငံရေးဘောဂဗေဒအမြင်နဲ့ ရှုမြင်နိုင်ဖို့ ပိုမိုလိုအပ်လာတဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း အခြေအနေတွေအပေါ် အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏ တုံ့ပြန်ချဉ်းကပ်ပုံ အချက် သုံးချက်ကို ယခု Podcast မှာ သုံးသပ်တင်ပြထားပါတယ်။ | |||
| တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများနှင့် ပဋိပက္ခလားရာ | 18 Feb 2022 | 00:06:29 | |
တရုတ်-မြန်မာ ဆက်ဆံရေးအလှည့်အပြောင်း သံခင်းတမန်ခင်း စဉ်းစားချက်တွေမှာ နိုင်ငံရေးဘောဂဗေဒအမြင်နဲ့ ရှုမြင်နိုင်ဖို့ ပိုမိုလိုအပ်လာတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးတွေနဲ့ ပဋိပက္ခမြေပုံလားရာ စတဲ့ ဆက်စပ်အခြေအနေတွေကို ယခု Podcast မှာ သုံးသပ်တင်ပြထားပါတယ်။ | |||
| ရပ်ဝန်းလမ်းကြောင်း စီမံကိန်းများ အခြေအနေ | 17 Feb 2022 | 00:06:55 | |
တရုတ်-မြန်မာ ဆက်ဆံရေးအလှည့်အပြောင်း သံခင်းတမန်ခင်း စဉ်းစားချက်တွေမှာ နိုင်ငံရေးဘောဂဗေဒအမြင်နဲ့ ရှုမြင်နိုင်ဖို့ ပိုမိုလိုအပ်လာတဲ့ တရုတ်-မြန်မာ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းတွေနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေကို ယခု Podcast မှာ သုံးသပ်တင်ပြထားပါတယ်။ | |||
| ၂၀၂၁ ခုနှစ်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှု အခြေအနေ | 17 Feb 2022 | 00:08:20 | |
တရုတ်-မြန်မာ ဆက်ဆံရေးအလှည့်အပြောင်း သံခင်းတမန်ခင်း စဉ်းစားချက်တွေမှာ နိုင်ငံရေးဘောဂဗေဒအမြင်နဲ့ ရှုမြင်နိုင်ဖို့ ပိုမိုလိုအပ်လာတဲ့ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေကို ယခု Podcast မှာ သုံးသပ်တင်ပြထားပါတယ်။ | |||
| ၂၀၂၁ ခုနှစ်အတွင်း တရုတ်-မြန်မာ ကုန်သွယ်ရေး အခြေအနေ | 17 Feb 2022 | 00:10:48 | |
တရုတ်-မြန်မာ ဆက်ဆံရေးအလှည့်အပြောင်း သံခင်းတမန်ခင်း စဉ်းစားချက်တွေမှာ နိုင်ငံရေးဘောဂဗေဒအမြင်နဲ့ ရှုမြင်နိုင်ဖို့ ပိုမိုလိုအပ်လာတဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးကဏ္ဍကို ယခု Podcast မှာ သုံးသပ်တင်ပြထားပါတယ်။ | |||
| ချိန်ထိုးအကဲဖြတ်အပ်သည့် ရှုထောင့်သုံးရပ် | 04 Feb 2022 | 00:07:27 | |
စစ်အာဏာသိမ်းမှု တနှစ်ပြည့်ခဲ့ပေမဲ့ အာဏာသိမ်းစစ်တပ်ဟာ သူတို့အပေါ် ဆန့်ကျင်တဲ့ တွန်းလှန်ပုန်ကန်မှုတွေကို နိုင်ငံအနှံ့၊ ဒေသအနှံ့မှာ ရင်ဆိုင်နေရပြီး အာဏာကိုင်စွဲအုပ်ချုပ်ပိုင်ခွင့်လည်း မရသေးပါဘူး။ စစ်အာဏာသိမ်းမှု တနှစ်ပြည့်ချိန် ချိန်ထိုး အကဲဖြတ်အပ်တဲ့ ရှုထောင့်သုံးရပ်နဲ့ ရှေ့ဆက်ဖြစ်တန်ခြေအတွက် ကနဦး သုံးသပ်ချက်ကို ISP-Myanmar ရဲ့ Podcast Channel တွေမှာ နားဆင်နိုင်ပါတယ်။ | |||
| “လူသားချင်းစာနာထောက်ထားမှုအပြင်” ချဉ်းကပ်မှုနည်းလမ်း | 25 Jan 2022 | 00:07:55 | |
စစ်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာချိန်မှာ လူသားချင်းစာနာ ထောက်ထားမှု ကိစ္စ ရပ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ချဉ်းကပ်မှု နည်းလမ်းကို EAOs သုံးဖွဲ့ က ထောက်ခံလိုက်ပါတယ်။ ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး ISP-Myanmar က ရေးသားထားတဲ့ ကနဦး သုံးသပ်ချက်ကို နားဆင်ရပါမယ်။ | |||
| လူမဆန်သော စစ်ဘေးနှင့် အရပ်သားပြည်သူ ကာကွယ်ရေး | 17 Jan 2022 | 00:06:47 | |
ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ လေကြောင်းထိုးစစ်အပါအဝင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံးမှုက စံချိန်တင် ဖြစ်ခဲ့ပါတယ်။ ဒီလို အခြေအနေဆိုးမှာ အရေးတကြီး လိုအပ်လာတဲ့ အရပ်သား ကာကွယ်စောင့်ရှောက်ရေးကို စောင့်ဆိုင်းနေရုံ၊ ရှုတ်ချနေရုံနဲ့ ဖြေရှင်းနိုင်ဖွယ် မရှိပါဘူး။ ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး ISP-Myanmar က ရေးသားထားတဲ့ ကနဦး သုံးသပ်ချက်ကို နားဆင်ရပါမယ်။ | |||
| "ISP နှင့်အတူ မိနစ် ၃၀" - နေပြည်တော်လိုဂျီ | 12 Jun 2024 | 00:04:52 | |
မမြင်သာ ပိန်းပိတ်နေတဲ့ အာဏာရှင်စနစ်တွေကို လေ့လာကြရာမှာ ကရင်မလင်နိုလိုဂျီ (kremlinoglogy)၊ ပြုံးယမ်းဂိုလိုဂျီ (Pyongyangology) နဲ့ ပီကင်းဂိုလိုဂျီ (Pekingology) ဆိုပြီး စာပေတွေမှဖော်ပြခဲ့ကြတာ ရှိပါတယ်။ ISP-Myanmar အနေနဲ့ မြန်မာနိုင်ငံက စစ်ကောင်စီရဲ့အရွေ့တွေကို နေပြည်တော်လိုဂျီ (Naypyitawlogy) ဆိုပြီး သိနားလည်ဖို့ကြိုးစားပါတယ်။ "ISP နှင့်အတူ မိနစ် ၃၀" အစီအစဥ်ရဲ့ ဒုတိယဆွေးနွေးပွဲမှာတော့ နေပြည်တော်မှာ ရှိနေကြတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ စစ်ရေး၊ နိုင်ငံရေး စဥ်းစားချက်တွေအပြင် စနစ်၊ အစိုးရ၊ ပြည်သူလူထုထောက်ခံမှုစသဖြင့် သိုင်းဝိုင်းနေမှုတွေကို ခြုံငုံဖော်ပြလိုတာ ဖြစ်ပါတယ်။ အခု Podcast မှာတော့ ဒီဆွေးနွေးပွဲရဲ့ အယူအဆမှတ်စုကို နားဆင်ကြရပါမယ်။ | |||
| မြန်မာ့အရေး ကမ္ဘောဒီးယားအထူးကိုယ်စားလှယ်နှင့် လုပ်နိုင်စွမ်းအကန့်အသတ် | 11 Jan 2022 | 00:06:10 | |
၂၀၂၂ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆုက်ခွန်း (Prak Sokhonn) ကို တာဝန်ပေးလိုက်ပါတယ်။ အထူးကိုယ်စားလှယ်သစ် ပရက်ဆုက်ခွန်းဟာ မြန်မာနိုင်ငံအရေးကို ဖြေရှင်းနိုင်ဖို့အတွက် အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် ကို အထမြောက်အောင် ဆောင်ရွက်နိုင်မလား ဆိုတဲ့ ကနဦး သုံးသပ်ချက်ကို ISP’s OnPoint အဖြစ် ကျစ်ကျစ်လျစ်လျစ် ပိုင်းခြားပြီး အကဲဖြတ် ဖော်ပြထားပါတယ်။ | |||
| တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီနှင့် မြန်မာနိုင်ငံ | 24 Dec 2021 | 00:06:28 | |
တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီစနစ်အကြောင်း ဖော်ပြခဲ့တဲ့ စက္ကူဖြူ စာတမ်းတစောင်ကို တရုတ် နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးက ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီတရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီဟာ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီတို့၊ စည်းကမ်းပြည့်၀သော ဒီမိုကရေစီတို့ကို အမြစ်လှန် ဖြိုဖျက်ချင်တဲ့ မြန်မာ့ နိုင်ငံရေးလေထုမှာ ထိထိရောက်ရောက် လွှမ်းမိုးနိုင်မလား ဆိုတဲ့ အကြောင်းကနဦး သုံးသပ်ချက်ကို ISP’s OnPoint အဖြစ် ကျစ်ကျစ်လျစ်လျစ် ပိုင်းခြားပြီး အကဲဖြတ် ဖော်ပြထားပါတယ်။ | |||
| အသံမထွက်ဘဲ ခြောက်ခြားနိုင်စွမ်း၊ မမြင်ရဘဲ အရှိုက်ထိ ထိုးနှက်နိုင်စွမ်း | 24 Dec 2021 | 00:06:26 | |
ဒီဇင်ဘာ ၁၀ ရက်မှာ မြန်မာပြည်တဝှမ်း အသံတိတ် သပိတ်မှောက်ကြပါတယ်။ အသံတိတ်သပိတ်ရဲ့ အောင်မြင်မှုက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ သန္နိဋ္ဌာန်နဲ့ ပစ်တိုင်းထောင်လို အလဲအဖြိုမခံ ကြံ့ကြံ့ခိုင် ပြန်ရုန်းထနိုင်စွမ်း ကို ပေါ်လွင်စေကြောင်း ကနဦး သုံးသပ်ချက်ကို ISP’s OnPoint အဖြစ် ကျစ်ကျစ်လျစ်လျစ် ပိုင်းခြားပြီး အကဲဖြတ် ဖော်ပြထားပါတယ်။ | |||
| အကျဉ်းချရုံဖြင့် ပျက်ပြယ်မသွားမည့်ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်းကဏ္ဍ | 23 Dec 2021 | 00:05:15 | |
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချ ဖိနှိပ် ကန့်သတ်ရုံနဲ့ သူ့ရဲ့နိုင်ငံရေးအခန်းကဏ္ဍ ပျက်ပြယ်သွားမှာ မဟုတ်တဲ့ အကြောင်း ကနဦး သုံးသပ်ချက်ကို ISP’s OnPoint အဖြစ် ကျစ်ကျစ်လျစ်လျစ် ပိုင်းခြားပြီး အကဲဖြတ် ဖော်ပြထားပါတယ်။ | |||
| မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ | 09 Nov 2021 | 00:18:00 | |
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေပါပြီ။ နောက်ဆုံးအကြိမ် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး ကြိုးပမ်းမှုကပဲ ဆယ်စုနှစ် တခု ရှိလာခဲ့ပါပြီ။ ဒါနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခင်းအကျင်းသစ်နဲ့ နွေဦးတော်လှန်ရေးကနေ ထွက်ပေါ်လာတဲ့ အသစ်အသစ်သော လက်နက်ကိုင်အင်အားစုတွေ အကြောင်းကို ISP-Myanmar ရဲ့ ပြင်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်း က ဆန်းစစ်သုံးသပ် ဆွေးနွေးထားပါတယ်။ | |||
| NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း | 26 Oct 2021 | 00:20:55 | |
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးခြင်း ခြောက်နှစ်ပြည့်ခဲ့ပါပြီ။ ဒါနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ ငြိမ်းချမ်းရေး ရှေ့ဆက်ဖြစ်တန်ခြေတွေက ဘယ်လိုရှိပါမလဲ ဆိုတဲ့ အကြောင်းအချက်တွေကို ISP-Myanmar က ဖြန့်ထွက်စဉ်းစား သုံးသပ်ဆွေးနွေးထားပါတယ်။ | |||
| မြန်မာ့စစ်အာဏာသိမ်းမှုအပေါ် တရုတ်၏ရပ်တည်ချက် – အကျိုးစီးပွားဝိရောဓိများနှင့် မူဝါဒလားရာများ | 10 Sep 2021 | 00:21:05 | |
တရုတ်နိုင်ငံဟာ စစ်ကောင်စီကိုကာကွယ်ပြီး ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေသလဲ၊ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုကို တုံ့ပြန်ရာမှာ တရုတ်ရဲ့ အခြေခံ စဉ်းစားချက်တွေက ဘာတွေလဲ၊ တရုတ်ရဲ့ မူဝါဒတွေကို ဘယ်လို လွှမ်းမိုး နိုင်မလဲဆိုတဲ့အပေါ် နိုင်ငံတကာ လေ့လာသူတွေ၊ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်၊ ကောက်ချက်ချမှုတွေကို ISP-Myanmar ရဲ့ အခု ဆန်းစစ်ချက်မှာ မိတ်ဆက်ဆွေးနွေးထားပါတယ်။ | |||
| မြန်မာ့ဘဏ်စနစ် ပြိုလဲတော့မလား ဆွေးနွေးချက်များအား ဆန်းစစ်လေ့လာခြင်း | 02 Aug 2021 | 00:26:05 | |
ငွေသားရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ ဗဟိုဘဏ်က အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမဲ့ အာဏာ မသိမ်းခင် ကာလက ရှိခဲ့တဲ့ အခြေအနေ၊ အဆင့်မျိုး ပြန်ရောက်အောင် ထိန်းသိမ်းနိုင်စွမ်း မရှိသေးတာ တွေ့ရပါတယ်။ နဂိုကတည်းက ချည့်နဲ့နေပြီး ချို့ယွင်းချက် ဗရပွ ဖြစ်နေတဲ့ မြန်မာ့ဘဏ်စနစ်ဟာ ဒီကြားထဲ အကျပ်အတည်းတခုခုနဲ့ ထပ်ကြုံရရင် အမှိုက်ကစ ပြသာဒ် မီးလောင် မဖြစ်ဘူးလို့လည်း မပြောနိုင်ပါဘူး။ ဒါကြောင့်လည်း ဘဏ်စနစ်တခုလုံး ပြိုလဲတော့မလား ဆိုတဲ့ ဆွေးနွေးချက်တွေ ရှိလာပါတယ်။ ဒီဆွေးနွေးချက်တွေအပေါ် ISP-Myanmar ရဲ့ ဆန်းစစ်ချက်ကို နားဆင်ရပါမယ်။ | |||
| မြန်မာ့အရေး ကျရှုံးနိုင်ငံဖြစ်တော့မလား ဆွေးနွေးချက်များအား ဆန်းစစ်ခြင်း | 28 Jul 2021 | 00:35:14 | |
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီးဖြစ်လာတဲ့ အခြေအနေတွေအပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်နေပါတယ်။ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ကျရှုံးနိုင်ငံတခု (failed state) အဖြစ် ဦးတည်သွားနိုင်တယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလေ့လာသူတွေက ဆိုနေကြပါတယ်။ မြန်မာ့အရေး ကျရှုံးနိုင်ငံ ဖြစ်တော့မလား ဆွေးနွေးချက်တွေအပေါ် ISP-Myanmar ရဲ့ ဆန်းစစ်ချက်ကို အခုဆောင်းပါးမှာ နားဆင်ရပါမယ်။ | |||
| မြန်မာ့လူကျော်လူမော်များ၏ အထင်နှင့်အမြင်ကို ဆန်းစစ်ခြင်း | 07 Jun 2024 | 00:26:46 | |
ISP-Myanmar က ‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထား အမြင်စစ်တမ်း (၂၀၂၃)’ ကို ၂၀၂၄ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီစစ်တမ်းမှာ ပါဝင်ခဲ့တဲ့ ထူးခြားတွေ့ရှိချက်တွေကို ဧပြီ ၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဥ်မှာ ISP-Myanmar ရဲ့ China Studies Program က အဖွဲ့သားတွေဖြစ်တဲ့ မနန်းလွင်နဲ့ မရည်မွန်ဝေဦးတို့က ဆွေးနွေးခဲ့ကြပါတယ်။ စစ်တမ်းရဲ့ ထူးခြားတွေ့ရှိချက်တွေကို အခု Podcast မှာလည်း နားဆင် ကြရပါမယ်။ | |||
| "ISP နှင့်အတူ မိနစ် ၃၀" အစီအစဥ်ကို မိတ်ဆက်ခြင်း | 04 Jun 2024 | 00:05:33 | |
ISP-Myanmar ရဲ့ ဖန်တီးမှုအသစ်တခု ဖြစ်တဲ့ "ISP နှင့်အတူ မိနစ် ၃၀" အစီအစဥ် ကို မိတ်ဆက်ချင်ပါတယ်။ ISP ကပြင် ရပ်ဝန်းသူ ရပ်ဝန်းသားတွေပဲ တက်ရောက် ဆွေးနွေးနိုင်မယ့် ဒီအစီအစဉ်အကြောင်း အသေးစိတ်ကို အခု Podcastမှာ နားဆင်နိုင်ပါတယ်။ မိနစ် ၃၀ ပဲ ကြာမြင့်မယ့် ဒီဆွေးနွေးပွဲ အစီအစဉ်မှာ ပါဝင်ကြဖို့နဲ့ မေးခွန်းတွေ မေးကြဖို့ဖိတ်ကြားပါရစေ။ | |||
| နိုင်ငံရေးစိတ်ကူးစိတ်သန်းသစ်နှင့် လက်တွေ့ကျသော မဟာဗျူဟာ | 28 Mar 2024 | 00:17:49 | |
“စစ်ဆင်ရေး ၁၀၂၇”ဟာ မြန်မာ့ပဋိပက္ခကို အခြေအနေသစ်တခုဆီ တွန်းပို့လိုက်ပါပြီ။ နွေဦးတော်လှန်ရေးနောက်ပိုင်း မြန်မာနိုင်ငံရေးအဖြေဟာ ၂၀၂၁ ခုနစ် အာဏာမသိမ်းခင် အခြေအနေမျိုးကို ပြန်သွားနိုင်ရေးဆိုတာမျိုးက မဆီလျော်တော့သလို၊ “စစ်ဆင်ရေး ၁၀၂၇”ဟာ မြန်မာ့ပဋိပက္ခမြေပုံနဲ့ ပထဝီနိုင်ငံရေးကို ခွဲမရအောင် ပိုမိုရှုပ်ထွေးစွာ ချိတ်ဆက်လိုက်သလိုဖြစ်ခဲ့ပါပြီ။ “စစ်ဆင်ရေး ၁၀၂၇”နဲ့ ပတ်သတ်ပြီး ISP-Myanmar က ကနဦးသုံးသပ်ချက်သုံးခုကို ရေးသားဖြန့်ဝေခဲ့ပါတယ်။ ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ဝေခဲ့တဲ့ နောက်ဆုံးသုံးသပ်ချက်မှာ နိုင်ငံရေးစိတ်ကူးစိတ်သန်းသစ်နဲ့ လက်တွေ့ကျတဲ့ မဟာဗျူဟာအကြောင်း ရေးသားဖော်ပြထားတာကို အခု Podcast မှာ နားဆင်ကြရပါမယ်။ | |||
| တရုတ်လိုလားသော တည်ငြိမ်မှုမျှခြေနှင့် မမျှော်မှန်းနိုင်သည့် အန္တရာယ် | 28 Mar 2024 | 00:11:02 | |
မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံက မြှုပ်နှံထားတဲ့ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းရဲ့ ထက်ဝက်နီးပါးဟာ “စစ်ဆင်ရေး ၁၀၂၇” ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း (ရှမ်းမြောက်ဒေသ)မှာ တည်ရှိတဲ့အတွက် ဒီစစ်ဆင်ရေးဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ “စစ်ဆင်ရေး ၁၀၂၇”နဲ့ ပတ်သတ်ပြီး ISP-Myanmar က ကနဦးသုံးသပ်ချက်သုံးခုကို ရေးသားဖြန့်ဝေခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ဝေခဲ့တဲ့ ဒုတိယမြောက်သုံးသပ်ချက်မှာ စစ်ပွဲနဲ့ ခွဲမရအောင်ချိတ်ဆက်နေတဲ့ စီးပွားရေးဆိုင်ရာတွေအပြင် တရုတ်နိုင်ငံရဲ့တုံ့ပြန်ပုံတွေအကြောင်း ပိုင်းခြားဆန်းစစ်ထားတာတွေကို အခု Podcast မှာ နားဆင်ကြရပါမယ်။ | |||
| လမ်းများအားလုံး လောက်ကိုင်သို့လား၊ နေပြည်တော်ဆီလား | 05 Jan 2024 | 00:10:39 | |
‘စစ်ဆင်ရေး ၁၀၂၇’ လုပ်ရတဲ့ အဓိကရည်ရွယ်ချက်က ကျားဖြန့်လိမ်လည်မှုတွေ ပပျောက်ဖို့၊ မိမိတို့ဒေသကို မိမိတို့ အခုထက်ပိုထိန်းချုပ်ဖို့နဲ့ စစ်အာဏာရှင် စနစ်အမြစ်ဖြတ်ဖို့ ဆိုပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုပါတယ်။ ‘စစ်ဆင်ရေး ၁၀၂၇’ နဲ့ပတ်သက်ပြီး ISP-Myanmar က ကနဦးသုံးသပ်ချက် သုံးခုကို ရေးသားဖြန့်ဝေခဲ့ပါတယ်။ နိုဝင်ဘာ ၁၀ ရက်မှာ ပထမဆုံးထုတ်ဝေခဲ့တဲ့ အခုတပုဒ်မှာတော့ စစ်ဆင်ရေးနောက်ခံနဲ့ စစ်ပွဲကနေ ပေးနေတဲ့ အချက်ပေးနေပုံအကြောင်း သုံးသပ်ထားချက်တွေကို အခု Podacst မှာ နားဆင်ကြရပါမယ်။ | |||
| ဆိုင်ကလုန်းမိုခါ အယ်နီညိုရှေ့ပြေးနှင့် မြန်မာ့ပဋိပက္ခအနာဂတ် | 09 Jun 2023 | 00:10:44 | |
၂၀၂၃ ခုနှစ် မေ ၁၄ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းမိုခါ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးကို ဗဟိုပြုပြီး ဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းက လူဦးရေ ၅ ဒသမ ၄ သန်း ဟာ မုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရပါတယ်။ အခုမုန်တိုင်းဟာ ဒီနှစ်မိုးရာသီအတွက် ပထမဆုံးဖြစ်ပေမဲ့ အစွန်းရောက်သဘာဝဘေးအယ်လ်နီညို (El Niño) ရှေ့ပြေးရဲ့ လက္ခဏာတရပ်လည်း ဖြစ်ပါတယ်။ ယခု Podcast မှာတော့ ဆိုင်ကလုန်းမိုခါအပါအဝင် အယ်နီညိုသဘာဝဘေးတို့ရဲ့ မြန်မာပြည်သူတွေနဲ့ မြန်မာ့အနာဂတ်အပေါ် သက်ရောက်မှုတို့ကို နားဆင်ရမှာဖြစ်ပါတယ်။ | |||
| လုပ်ငန်းစဉ်ဗျူဟာလိုအပ်နေသော မြန်မာ့အကျပ်အတည်းနှင့် စိနသံခင်းတမန်ခင်း | 17 Sep 2024 | 00:14:52 | |
မြန်မာ့အကျပ်အတည်းကနေ ထွက်မြောက်ဖို့ မြန်မာလူထုလိုလားချက််နဲ့လည်း မကင်းကွာဘဲ လက်တွေ့လည်းကျမယ့် လုပ်ငန်းစဉ်ဗျူဟာ(process strategy) တရပ် မရှိမဖြစ် လိုအပ်နေပါတယ်။ အဲဒီလစ်ဟာချက်ကို ဖြည့်ဆည်းဖို့ အားစိုက်ကြိုးစားလာတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ငန်းစဉ် အလုပ် ဖြစ်၊ မဖြစ်ဆိုတာက မဟာဗျူဟာကျင်လည်မှုနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေအပေါ်မှာ မူတည်ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၉ ရက်က ဖြန့်ချိခဲ့တဲ့ ကနဦးသုံးသပ်ချက် အမှတ်-၂၁ 'လုပ်ငန်းစဉ်ဗျူဟာလိုအပ်နေသော မြန်မာ့အကျပ်အတည်းနှင့် စိနသံခင်းတမန်ခင်း' ဆိုတဲ့ သုံးသပ်ချက်ကို အခု Podcast မှာ နားဆင်ကြရပါမယ်။ | |||
| စစ်ပွဲများအလယ်က နယ်စပ်ကုန်သွယ်ရေး | 12 Sep 2024 | 00:15:48 | |
‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း တရုတ်နိုင်ငံနဲ့ အဓိက ကူးသန်းမှုလုပ်နေတဲ့ ရှမ်းမြောက်ကုန်သွယ်ရေးလမ်းက လုံး၀ရပ်ဆိုင်းသွားပါပြီ။ အဲဒီအစား ရှမ်းအရှေ့ကုန်သွယ်ရေးလမ်းသစ် ဖော်ဆောင်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေပေမဲ့ ခရီးပေါက်မယ့် အခြေအနေ မရှိသေးပါဘူး။ စစ်ပွဲတွေအလယ်က နယ်စပ်ကုန်သွယ်ရေးအခြေအနေကို အခု Podcast မှာနားဆင်ကြရပါမယ်။ | |||
| စစ်ခေါင်းဆောင်နှင့် တကိုယ်တော်ရှိုး | 11 Sep 2024 | 00:24:20 | |
အာဏာသိမ်းမှုအလွန် သုံးနှစ်ကျော်ကာလအတွင်းမှာ နိုင်ငံနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွား အခြေအနေတွေက ဘက်ပေါင်းစုံမှာ ချွတ်ခြုံကျနေပါတယ်။ နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခတွေကလည်း ကြီးမားကျယ်ပြန့် ပြင်းထန်နေပြီး မြန်မာစစ်တပ်ဘက်မှာလည်း တိုင်းစစ်ဌာနချုပ်ကြီးတခုလုံး ကျရှုံးသွားတဲ့အထိ ရာဇဝင်တွင်လောက်တဲ့ အကျိုးဆက်တွေ ဖြစ်နေပါတယ်။ ယခု Podcast မှာ ထင်တိုင်းကြဲ ဆုံးဖြတ်မှုတွေနဲ့ ခေါင်းရှောင်လက်ညှိုးထိုးနိုင်ငံရေးလုပ်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ ကံကြမ္မာဟာ ကျဆုံးမယ့်ဘက်ကို ခြေလှမ်းပိုစိပ်လာတဲ့အကြောင်း တစိတ်တပိုင်း ဖော်ပြထားပါတယ်။ | |||
| ရှင်သူမှာပင် အသက်ရှူရပ်မတတ် ရေနစ်သူ ဝါးကူထိုးသည့် စစ်မှုထမ်းဥပဒေ | 06 Sep 2024 | 00:30:34 | |
စစ်ခေါင်းဆောင်အနေနဲ့ လူမှုစီးပွားဒုက္ခတွေဖြစ်ရခြင်းရဲ့ အရင်းခံဟာ စစ်ရေး၊ နိုင်ငံရေးပြဿနာတွေကြောင့်လို့ မမြင်ဘဲ၊ ဖြေရှင်းဖို့လည်း မကြိုးစားဘဲ အနာနဲ့ ဆေးနဲ့ တခြားစီ ဆိုသလို၊ ခုတ်ရာတခြား၊ ရှရာတခြားဖြစ်တဲ့ ကပြောင်းကပြန် မူဝါဒ အလွဲတွေနဲ့ပဲ ဖြေရှင်းနေတာ ကို တွေ့ရပါတယ်။ ‘ISP နှင့်အတူ မိနစ် ၃ဝ’ အစီအစဉ်ရဲ့ တတိယဆွေးနွေးပွဲမှာ မသက်ကြည်စင်နဲ့ မစင်ဒီတို့က ဆွေးနွေးထားတာကို အခု Podcast မှာလည်း နားဆင်ကြရပါမယ်။ | |||
| ‘ISP နှင့်အတူ မိနစ် ၃၀’ အမှတ်စဉ်-၄ (အယူအဆမှတ်စု) | 06 Nov 2024 | 00:06:17 | |
မြန်မာနိုင်ငံ စစ်မျက်နှာတွေရဲ့ အနားသတ်လိုင်းတွေဟာ အလျင်အမြန်ကို ပြောင်းလဲနေကြပါတယ်။ တိုက်အခံပြု အန်တုနေတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း အရောင်အသွေး စုံလွန်းလှပါတယ်။ သူတို့ကြားထဲက ဦးတည်ရည်မှန်းထားကြတဲ့ အိပ်မက်တွေကလည်း မတူညီကြပါဘူး။ ISP-Myanmar အနေနဲ့ကတော့ ပဋိပက္ခတွေရဲ့ လူသားမျက်နှာဘက်အခြမ်းနဲ့ လူသားလုံခြုံရေးရှုထောင့်ကို အလေးပေးဖော်ပြလိုပါတယ်။ စစ်ပွဲပဋိပက္ခတွေနဲ့ လူသားလုံခြုံရေးရှုထောင့်တွေကို ISP-Myanmar ရဲ့ သုတေသီတွေက ဘယ်လိုဆုပ်ကိုင်တင်ပြဖို့ ရုန်းကန်ကြိုးပမ်းနေသလဲဆိုတာကို အခု Podcast မှာ နားဆင်ကြရမှာဖြစ်ပါတယ်။ | |||
| စီးပွားမက်လုံးအပေါ်အခြေခံသော ပဋိပက္ခအရှိန်လျှော့ချခြင်း၏ အကျိုးအပြစ် | 14 Nov 2024 | 00:14:32 | |
ပဋိပက္ခကို အရှိန်လျှော့ချတာကို အမြတ်ဝေစုခွဲတဲ့အပေါ်မှာ အခြေခံပြီးလုပ်မယ်ဆိုရင် ရေတိုမှာ တစုံတရာအကျိုးရှိကောင်း ရှိနိုင်ပေမဲ့ နိုင်ငံရေးအရ ညှိနှိုင်းအဖြေရှာတဲ့အထိ ဖြစ်မလာဘူးဆိုရင် ဆိုးပြစ်ပိုများဖို့ပဲ ရှိပါတယ်။ စီးပွားမက်လုံးကိုအခြေခံတဲ့ ပဋိပက္ခလျှော့ချမှုဆိုတာက မူကိုအခြေခံထားတာမဟုတ်ဘူး။ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးမူ၊ ဖက်ဒရယ်မူ၊ ကွန်ဖက်ဒရေးရှင်းမူ စသဖြင့် လွှမ်းခြုံမှုရှိတဲ့၊ မူအပေါ်အခြေခံတဲ့ စီးပွားရေးမဟုတ်ပါဘူး။ တခါ အရင်းအမြစ်တွေ၊ သယံဇာတတွေ၊ အာဏာတွေကို ခွဲဝေရေး၊ အဲဒီလိုခွဲဝေဖို့မှာ လိုအပ်တဲ့ အင်စတီကျူးရှင်းစနစ်တွေ တည်ဆောက်ရေးမဟုတ်ပါဘူး။ ဒါကို သတိချပ်ရပါမယ်။ ပဋိပက္ခရဲ့ နိုင်ငံရေးဘောဂဗေဒကို ထည့်သွင်းမစဉ်းစားဘူးဆိုရင် မြန်မာ့အကျပ်အတည်းဟာ အဖြေရနိုင်မှာမဟုတ်ပါဘူး။ မြန်မာ့ပဋိပက္ခရဲ့ နိုင်ငံရေးဘောဂဗေဒ အကြောင်းကို အခု podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။ | |||
| စကားပြောသောဒေတာ - မြန်မာ့ပဋိပက္ခနှင့် လူမှုဒုက္ခကို လက်ဆုပ်လက်ကိုင် တင်ပြခြင်း | 13 Nov 2024 | 00:29:57 | |
လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေတဲ့ အခြေအနေ၊ ဝန်းကျင်မျိုးမှာ သုတေသီတွေအတွက် သုတေသန ပြုလုပ်ရတာဟာ အင်မတန်မှကို အခက်အခဲနဲ့ စိန်ခေါ်မှုတွေများပါတယ်။ ISP-Myanmar အနေနဲ့ကတော့ သုတေသနအတွက် အကြောင်းအရာတွေ ရွေးချယ်တဲ့အခါ အချက်သုံးချက်နဲ့ ဆုံချက်ကျအောင် ကြိုးစား လေ့ရှိပါတယ်။ ပထမတခုကတော့ အကြောင်းအရာပြဿနာက မျက်မှောက်ကာလဖြစ်မှု (Current Issues) ပါ။ ဒုတိယကတော့ နည်းစနစ်ပိုင်းနဲ့ပညာရပ်ဆိုင်ရာအရ ဆီလျော်အောင်လေ့လာနိုင်မှု (Methodological Informed) ဖြစ်ပါတယ်။ တတိယတခုကတော့ မူဝါဒရေးရာအတွက် အထောက်အပံ့ဖြစ်စေမှု (Policy Implications) ပါ။ အခု podcast မှာတော့ အဲဒီလို ကြိုးပမ်းမှုတွေရဲ့ ကန့်လန့်ကာနောက်ကွယ် (Behind the scene) ကို လှစ်ဟတင်ပြထားပါတယ်။ | |||
| ‘ISP နှင့်အတူ မိနစ် ၃၀’ အမှတ်စဉ်-၅ (အယူအဆမှတ်စု) | 02 Dec 2024 | 00:05:03 | |
၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်ကစပြီး မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေထဲက ၁၄ ခုထက်မနည်းကို တရုတ်အစိုးရက ကာလအကန့်အသတ်မရှိ ပိတ်ခဲ့ပါတယ်။ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေကို ဖိအားပေးဖို့ ရည်ရွယ်တာလို့ ယူဆနိုင်ပါတယ်။ ဒီလိုပိတ်လိုက်တာကြောင့် တရုတ်နိုင်ငံကနေ မြန်မာဘက်ကို တင်ပို့နေတဲ့ ကုန်စည်တွေအတွက် အခက်ဖြစ်စေပြီး ပြည်သူတွေကိုပါ သက်ရောက်မှု ကြီးခဲ့ပါတယ်။ တရုတ်နည်းတရုတ်ဟန်နဲ့ ဆောင်ရွက်လာတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေက ဘယ်လိုသဘောဆောင်ပါသလဲ၊ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ဘယ်လိုဆက်ရှိနိုင်ပါသလဲ စတဲ့အချက်တွေကို အခု podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။ | |||
| တရုတ်နည်းတရုတ်ဟန် ဆန်ရှင် | 17 Jan 2025 | 00:31:38 | |
မြန်မာ-တရုတ် နယ်စပ်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်မှာ တရုတ်နိုင်ငံရဲ့ ပိတ်ဆို့မှုနောက်ကွယ်က ရည်ရွယ်ချက်၊ တွန်းအားတွေနဲ့ သက်ရောက်မှုတွေကို အပိုင်းသုံးပိုင်းခွဲပြီး အခု Podcast မှာ ဆွေးနွေးသွာမှာ ဖြစ်ပါတယ်။ ပထမအချက်က တရုတ်နိုင်ငံအနေနဲ့ မြန်မာ-တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေပေါ်မှာ ချမှတ်တဲ့ တရုတ်နည်းတရုတ်ဟန် ပိတ်ဆို့မှု အကြောင်းဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ တရုတ်အစိုးရရဲ့ ပိတ်ဆို့မှုဆန်ရှင်ဟာ အရင်းအနှီးနဲ့ စွန့်စားရမှု ကြီးမားတယ်ဆိုတဲ့အချက်ပါ။ တတိယတချက်ကတော့ တရုတ်နိုင်ငံရဲ့ ဆန်ရှင်ပိတ်ဆို့မှုဖိအားတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေက ဘယ်လိုတုံ့ပြန်နေသလဲဆိုတာ ဖြစ်ပါတယ်။ | |||
| ‘ISP နှင့်အတူ မိနစ် ၃၀’ အမှတ်စဉ်-၆ (အယူအဆမှတ်စု) | 28 Jan 2025 | 00:05:44 | |
စစ်ရေးပဋိပက္ခ အရှိန်တက်နေတဲ့ ကျမတို့လို နိုင်ငံမှာဆိုရင် အမျိုးသမီးတွေအနေနဲ့ စစ်ဘေးကတမျိုး၊ ရာသီဥတုဘေးကတဖုံ၊ စားဝတ်နေရေး အခက်အခဲမျိုးစုံနဲ့ ရုန်းကန်နေကြတာပါ။ ကုန်ထုတ်လုပ်မှုစွမ်းအား လျော့နည်းနေချိန်၊ စစ်ရေးပဋိပက္ခ အရှိန်တက်နေချိန်၊ အဘက်ဘက်က စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ အမျိုးသမီးတွေရဲ့ဘဝဖွံ့ဖြိုးတိုးတက်မှုက လက်တွေ့မှာတော့ ချန်ရစ်ခံရတတ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန်ကာလမှာ ဘယ်လိုဘယ်ပုံ ပိုကျပ်တည်းနေကြရသလဲဆိုတာ အခု Podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။ | |||
| ၂၀၂၄ ခုနှစ်ရဲ့ အဆိုးရွားဆုံးဒဏ်ချက်တွေကို အမျိုးသမီးထုမှာ တွေ့ရတယ် | 29 Jan 2025 | 00:31:02 | |
စစ်အာဏာသိမ်းကာလ လေးနှစ်အတွင်းမှာ စီးပွားရေးကကျပ်၊ နိုင်ငံရေးကခက်တဲ့အပြင် သဘာဝကပ်ဘေးကပါ ထပ်ဆင့်နေပါတယ်။ ဒီလို အဘက်ဘက်က ထိုးနှက်ချက်တွေကို ဘုံချကြည့်ရင် အမျိုးသမီးတွေရဲ့ကျောမှာ အများဆုံးသွားတွေ့ရပါတယ်။ အတွင်းကျကျဆန်းစစ်ကြည့်ရင် အပေါ်ယံအံကျိတ်ထားတဲ့၊ ပါးကွက်ကြား၊ မိတ်ကပ်တွေနဲ့ ဟန်လုပ်ပြုံးနေတဲ့ မျက်နှာဖုံးတွေအောက်မှာ အမျိုးသမီးတွေရဲ့ဘဝဟာ တလွှာပြီးတလွှာ၊ တချက်ပြီးတချက် အမွှန်းခံထားရတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေရဲ့ဘဝဟာ ဘာတွေထူးပြီး ခက်ခဲနေသလဲ။ ISP-Myanmar ရဲ့ သုတေသနကွန်ရက်က လေ့လာနေတဲ့ လူမှုစီးပွားလေ့လာတွေ့ရှိချက်တွေအပြင် ပြည်တွင်းနေ အမျိုးသမီးထုဆီက သိလာရတဲ့ လက်ငင်းအခြေအနေတွေကို အခု Podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။ | |||