The Institute for Strategy and Policy – Myanmar – Détails, épisodes et analyse
Détails du podcast
Informations techniques et générales issues du flux RSS du podcast.

The Institute for Strategy and Policy – Myanmar
ISP-Myanmar
Fréquence : 1 épisode/23j. Total Éps: 66

Classements récents
Dernières positions dans les classements Apple Podcasts et Spotify.
Apple Podcasts
🇨🇦 Canada - nonProfit
04/08/2025#64🇨🇦 Canada - nonProfit
03/08/2025#53🇨🇦 Canada - nonProfit
02/08/2025#49🇨🇦 Canada - nonProfit
01/08/2025#35🇨🇦 Canada - nonProfit
31/07/2025#36🇨🇦 Canada - nonProfit
30/07/2025#29🇫🇷 France - nonProfit
30/07/2025#100🇨🇦 Canada - nonProfit
29/07/2025#18🇫🇷 France - nonProfit
29/07/2025#96🇫🇷 France - nonProfit
28/07/2025#96
Spotify
Aucun classement récent disponible
Liens partagés entre épisodes et podcasts
Liens présents dans les descriptions d'épisodes et autres podcasts les utilisant également.
See allQualité et score du flux RSS
Évaluation technique de la qualité et de la structure du flux RSS.
See allScore global : 38%
Historique des publications
Répartition mensuelle des publications d'épisodes au fil des années.
‘ISP နှင့်အတူ မိနစ် ၃၀’ အမှတ်စဉ် - ၃ (အယူအဆမှတ်စု)
Épisode 41
vendredi 23 août 2024 • Durée 05:19
ပြည်သူ့စစ်မှုထမ်းဥပဒေ (၂ဝ၁ဝ) ကို ၂ဝ၂၄ ခုနှစ် ဖေဖေါ်ဝါရီ ၁ဝ ရက်မှာ စတင်ပြီး အသက်ဝင်ကျင့်သုံးမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ မြန်မာပြည်သူတွေရဲ့ အကျပ်အတည်းအတွက် ချောက်ထဲကို လုံးလုံး တွန်းချစေမယ့် ဆုံချက်တခုဖြစ်နေပါတယ်။ ‘ISP နှင့်အတူ မိနစ် ၃ဝ’ အစီအစဉ်ရဲ့ တတိယဆွေးနွေးပွဲဖြစ်တဲ့ ‘ရှင်သူမှာပင် အသက်ရှူရပ်မတတ်-ရေနစ်သူ ဝါးကူထိုးသည့် စစ်မှုထမ်းဥပဒေ’ ရဲ့ အယူအဆမှတ်စုကို အခု Podcast မှာတော့ ဒီဆွေးနွေးပွဲရဲ့ အယူအဆမှတ်စုကို နားဆင်ကြရပါမယ်။
စီးပွားရေးစင်္ကြံစီမံကိန်းများအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်မှု
Épisode 40
vendredi 28 juin 2024 • Durée 09:50
ISP-Myanmar အနေနဲ့ ‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထား အမြင်စစ်တမ်း (၂၀၂၃)’ ကို ၂၀၂၄ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစစ်တမ်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) အပေါ် စစ်တမ်းဖြေဆိုသူတွေရဲ့အမြင်တွေလည်း ပါဝင်ပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး ISP-Myanmar ရဲ့ အဖွဲ့သားတွေဖြစ်တဲ့ ကိုလင်းထက်နဲ့ ကိုကောင်းစံတို့က အခု Podcast မှာ ဆွေးနွေးထားကြပါတယ်။ ဒါ့အပြင် ‘စစ်ဆင်ရေး ၁၀၂၇’ အလွန် ရှမ်းမြောက်ဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှုအပြင် မဟာဗျူဟာကျတဲ့ တရုတ်စီမံကိန်း တွေကို ထိန်းချုပ်ထားနိုင်မှုတွေကိုပါ နားဆင်ကြရပါမယ်။
အထိုင်သစ်ပြန်ချလာတဲ့ တရုတ်ရဲ့ မြန်မာ့အရေးမူဝါဒ
Épisode 30
vendredi 2 juin 2023 • Durée 11:20
အာဏာသိမ်းမှုအလွန် မြန်မာ့အရေးအကျပ်အတည်းအတွက် တရုတ်နိုင်ငံရဲ့ မူဝါဒ အထိုင်သစ်ပြန်ချလာတာကို တွေ့ရပါတယ်။
တရုတ်ရဲ့ ပြောင်းလဲလာတဲ့ မူဝါဒနဲ့ အခြေအနေတွေကို ယခု Podast မှာ သုံးသပ်တင်ပြထားပါတယ်။
အာဏာသိမ်း နှစ်နှစ်ပြည့် သက်တမ်းတိုးပြီး စစ်ဝင်္ကပါထဲ ဇွတ်တိုးဝင်ခြင်း
Épisode 28
jeudi 23 février 2023 • Durée 05:43
“ပုံမှန်မဟုတ်သောအခြေအနေ” ဆိုတဲ့ အကြောင်းပြချက်နဲ့ ၆ လသက်တမ်းတိုးပြီး မြို့နယ် ပေါင်း ၃၇ ခုကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ခြင်းဟာ စစ်ကောင်စီအနေနဲ့ စစ်၀င်္ကပါထဲကို တိုးဝင်ပြီး ဘယ်လိုနောက် ဆက်တွဲအခြေအနေတွေ ဖြစ်နိုင်တယ်ဆိုတာကို ယခု Podcast မှာသုံးသပ်တင်ပြထားပါတယ်။
ပြည်တွင်းစစ် တာရှည်နိုင်သော အချက်သုံးရပ်
Épisode 27
lundi 18 juillet 2022 • Durée 10:37
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၀) အဖြစ် ဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံဟာ ဘယ်အကြောင်းချက်တွေကြောင့် ပြည်တွင်းစစ် တာရှည်နေ သလဲဆိုတဲ့ အကြောင်း သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား မဟာမိတ်ဖွဲ့ခြင်း၏ အရေးပါမှု
Épisode 26
vendredi 17 juin 2022 • Durée 11:15
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၁) အဖြစ် ဖော်ပြခဲ့တဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအကြားက မဟာမိတ်ဖွဲ့မှု အယူအဆဟာ အင်မတန်မှ အရေးကြီးပြီး အလေးထားဖို့လိုအပ်တယ်ဆိုတဲ့ အကြောင်း သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
အန်တုတော်လှန်ရေးနှင့် ပြည်တွင်းစစ်အကြား အဆက်အစပ်ကို လေ့လာခြင်း
Épisode 25
vendredi 17 juin 2022 • Durée 11:21
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၀) အဖြစ် ဖော်ပြခဲ့တဲ့ အကြမ်းမဖက်လူထုတိုက်ပွဲ၊ လက်နက်ကိုင် အန်တုတော်လှန်ရေးနဲ့ ပြည်တွင်းစစ်အကြား ဆက်စပ်မှုအကြောင်းကို မြန်မာ့နိုင်ငံရေး မြေပြင်အခြေအနေ အချက်အလက်တွေနဲ့ နှိုင်းယှဉ်ပြီး သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
သင်ယူမှု ဆုံးရှုံးခြင်း မဖြစ်စေရန် အရေးကြီးပါသည်
Épisode 24
vendredi 17 juin 2022 • Durée 12:22
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၅) အဖြစ် ဖော်ပြခဲ့တဲ့ လေ့လာသင်ယူမှု ရရှိနိုင်ခြင်းဟာ ကလေးသူငယ် အခွင့်အရေး တခုဖြစ်တဲ့အတွက် ပညာရေးမူဝါဒပဲ ဖြစ်ဖြစ်၊ လှုံ့ဆော်လှုပ်ရှားမှုတွေပဲ ဖြစ်ဖြစ် ချမှတ်ရာမှာ ရေတိုသက်သက် မကြည့်ဘဲ ရှေရှည်အနေနဲ့ ဘက်စုံထောင့်စုံ လက်တွေ့ကျကျ စဉ်းစားသင့်တယ် ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
ထီးနန်းကို မင်းစည်းစိမ်အဖြစ် မှတ်ယူတဲ့ နိုင်ငံရေးဓလေ့
Épisode 23
jeudi 16 juin 2022 • Durée 10:25
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၉) အဖြစ် ဖော်ပြခဲ့တဲ့ ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှု ထွန်းကားစေဖို့အတွက် နိုင်ငံရေးဓလေ့ ရှုထောင့်က အာဏာကိုရှုမြင်ပုံတွေအကြောင်း သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
အကြမ်းမဖက် လူထုလှုပ်ရှားမှု၏ အစွမ်းထက်ဆုံး လက်နက်တခု
Épisode 22
jeudi 16 juin 2022 • Durée 11:25
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၁) အဖြစ် ဖော်ပြခဲ့တဲ့ အာဏာရှင်ရဲ့ နိုင်ငံရေးအင်အားကို ချည့်နဲ့သွားအောင် အကြမ်းမဖက် လူထုလှုပ်ရှားမှု နည်းမျိုးစုံနဲ့ အဆက်မပြတ် ဖိအားပေးဖို့လိုတယ် ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။