Retour

Explorez tous les épisodes du podcast Rodiobook

Plongez dans la liste complète des épisodes de Rodiobook. Chaque épisode est catalogué accompagné de descriptions détaillées, ce qui facilite la recherche et l'exploration de sujets spécifiques. Suivez tous les épisodes de votre podcast préféré et ne manquez aucun contenu pertinent.

Rows per page:

1–50 of 168

TitreDateDurée
ဖြိုးသီဟ - ပေျာ်ရွှင်ပါစေ19 Aug 202305:28:50

ဒေါက်တာဖြိုးသီဟ ရေးသားတဲ့ ပေျာ်ရွှင်ပါစေ ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြပေးတာပါ။

အစအဆုံး ၁၈ ပိုင်း ရှိပါတယ်၊ ဖြည်းဖြည်းချင်းတင်ပေးသွားပါမယ်ဗျ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
သာဓု - အတာ ( စဆုံး ၂၈ ပိုင်း )30 Jul 202314:08:06

ဆရာကြီး ဦးသာဓု ရေးသားတဲ့ အတာ ဆိုတဲ့ စာအုပ်လေးကို အသံထွက်ဖတ်ပြတာပါ။

အစအဆုံး ၂၈ ပိုင်း၊ ကြာချိန် ၁၄နာရီ ၀၈ မိနစ် ပါ၊ အစအဆုံးတင်ပေးထားပါတယ်ဗျ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
အမြန်ရထားပေါ်မှ လူသတ်မှု (စဆုံး - ၁၇ ပိုင်း)26 Jul 202308:07:06

မူရင်း စာရေးဆရာမကြီး အက်ဂါသာခရစ်စတီး ရဲ့ Murder on the orient express ကို

ဆရာတကသိုလ်နေဝင်း မြန်မာပြန်ထားတဲ့ အမြန်ရထားပေါ်မှ လူသတ်မှု ကို ဖတ်ပြထားတာပါ၊

အစအဆုံး ၁၇ ပိုင်း တင်ပေးထားပါတယ်။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
ဖြိုးသီဟ - ဗုဒ္ဓအလိုကျ (Minimalism) ( စ-ဆုံး ၁၂ ပိုင်း )05 Jun 202308:09:47

ဒေါက်တာဖြိုးသီဟ ရေးသားတဲ့ ဗုဒ္ဓအလိုကျ (Minimalism) ကို အသံထွက် ဖတ်ပြထားတာလေးပါ။

အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများပါခဲ့လျှင် ကျနော့်တာဝန်ပါခင်ဗျာ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
မြသန်းတင့် - စစ်နှင့်ငြိမ်းချမ်းရေး (အတွဲ ၃ - စာအုပ်အမှတ် ၉ မှ ၁၂ ဇာတ်သိမ်းအထိ)20 Apr 202331:23:41

ဆရာကြီး မြသန်းတင့် မြန်မာပြန်ပေးထားတဲ့ စစ်နှင့်ငြိမ်းချမ်းရေး စာအုပ်ကြီးကို အသံထွက် ဖတ်ပြပေးနေတာဖြစ်ပါတယ်။

အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
မြသန်းတင့် - ရှားလော့ဟုမ်း၏ စွန့်စားခန်းများ16 Apr 202309:02:26

ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ ရှားလော့ဟုမ်း၏ စွန့်စားခန်းများ ဆိုတဲ့ စာအုပ်ကို အသံထွက် ဖတ်ပြပေးတာဖြစ်ပါတယ်။

အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့် တာဝန်ပါခင်ဗျာ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
ဂျူး - ရှင်သန်ခြင်း (ရုပ်ရှင်ခံစားမှု)14 Apr 202300:31:02

ဆရာမဂျူး ရဲ့ ရုပ်ရှင်ခံစားမှုဆောင်းပါးများစွာထဲကမှ ရှင်သန်ခြင်း ဆိုတဲ့ ဆောင်းပါးလေးတပုဒ်ကို အသံထွက်ဖတ်ပြပေးတာပါ။

အသံထွက်ဖတ်ပြခြင်းမှာ မှားယွင်းမှုနဲ့ လိုအပ်ချက်များရှိခဲ့ပါက ကျနော့်တာဝန်ပါဗျ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
ဂျူး - အိပ်မက်ထဲကမြို့တော် (ဝတ္ထုတို)05 Mar 202300:56:46

ဆရာမဂျူး ရဲ့ အိပ်မက်ထဲကမြို့တော် ဆိုတဲ့ ဝတ္ထုတိုကို အသံထွက်ဖတ်ပြတာပါ။

ပထမပိုင်း နဲ့ ဇာတ်သိမ်းပိုင်း (၂)ပိုင်းခွဲပြီး တင်ပေးသွားပါမယ်။

အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နဲ့ မှားယွင်းမှုများ ရှိခဲ့ရင် ကျနော့်တာဝန်ပါခင်ဗျာ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
မြသန်းတင့် - စစ်နှင့်ငြိမ်းချမ်းရေး Part - 2 (စာအုပ် ၅ မှ ၈ အထိ)01 Feb 202332:33:22

ကမ္ဘာကေျာ်စာရေးဆရာကြီး လီယိုတော်စတွိုင်း ရဲ့ နာမည်ကေျာ် ဂန္တဝင်စာအုပ်ကြီးကို 

ဆရာမြသန်းတင့် က ရသပြောင်မြောက်စွာ ဘာသာပြန်ပေးထားတဲ့ 'စစ်နှင့်ငြိမ်းချမ်းရေး' ကို အသံထွက်ဖတ်ပြပေးတာပါ။ 

ယခုအပိုင်းများက ပုဂံစာအုပ်တိုက်ရဲ့ ပထမအကြိမ်ထုတ်မူ ၁၂အုပ်တွဲစာအုပ်ရဲ့ ၅အုပ်မြောက်စာအုပ်ကို ဖတ်ပြပေးတာပါ။ 

အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်များ မှားယွင်းမှုများ အဆင်မပြေမှုများရှိခဲ့ပါက ကျနော့်တာဝန်သာဖြစ်ကြောင်း ကြိုတင်တောင်းပန်ပါတယ်ခင်ဗျာ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
မြသန်းတင့် - စစ်နှင့်ငြိမ်းချမ်းရေး (Part - 1) စာအုပ် ၁ မှ ၄ အထိ အပိုင်း(၅၀)30 Nov 202229:59:19

ကမ္ဘာကေျာ်စာရေးဆရာကြီး လီယိုတော်စတွိုင်း ရဲ့ နာမည်ကေျာ် ဂန္တဝင်စာအုပ်ကြီးကို ဆရာမြသန်းတင့် က ရသပြောင်မြောက်စွာ ဘာသာပြန်ပေးထားတဲ့ 'စစ်နှင့်ငြိမ်းချမ်းရေး' ကို အသံထွက်ဖတ်ပြပေးတာပါ။ 

ပုဂံစာအုပ်တိုက်ရဲ့ ပထမအကြိမ်ထုတ်မူ ၁၂အုပ်တွဲမှ အမှာစာများ၊ မှတ်စုများ နှင့်တကွ

စာအုပ် ၁ မှ စာအုပ် ၄ အထိ အပိုင်း(၅၀) ကို Part -1 အနေနဲ့ တင်ပေးပြီး၊ စာအုပ် ၅ မှ ၈ အထိ Part - 2 အနေနဲ့ တင်ပေးသွားပါမယ်ဗျ။

အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်များ မှားယွင်းမှုများ အဆင်မပြေမှုများရှိခဲ့ပါက ကျနော့်တာဝန်သာဖြစ်ကြောင်း ကြိုတင်တောင်းပန်ပါတယ်ခင်ဗျာ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
တော်ကောင်းမင်း - ဆန်ပြောင်းနီမိသားစု (ဘာသာပြန်ဝတ္ထုရှည်)08 Oct 202218:37:45

တရုတ်ပြည်ရဲ့ အမြင့်ဆုံးစာပေဆုဖြစ်တဲ့ မော်တွန်း စာပေဆု၊ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့အဆင့် နိုဗယ်စာပေဆု တို့အပြင်၊ အခြားနိုင်ငံအသီးသီးရဲ့ စာပေဆုများစွာ ချီးမြှင့်ခံထားရပြီး သူ့စာပေလက်ရာအတော်များများကို ဘာသာပေါင်းများစွာသို့ ပြန်ဆိုခြင်းခံထားရတဲ့ ကမ္ဘာကျော် စာရေးဆရာကြီး မော့ယန် ရဲ့ စာအုပ်တစ်အုပ်ကို အသံထွက် ဖတ်ပြပေးချင်ပါတယ်။ ဒီစာအုပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ရာမှာလည်း ဆုများရရှိခဲ့ပါသေးတယ်။

ဆန်ပြောင်းနီမိသားစု မှာ မော့ယန်က တရုတ်စာပေလောကထံသာမက  ကမ္ဘာ့စာပေလောကထံသို့ပါ တင်ဆက်လိုက်သည့် ဩဇာလွှမ်းမိုးမှုကြီးမားသော လက်ရာတစ်ပုဒ်ဖြစ်ပါသည်။

ဇာတ်ကြောင်းပြောသူကတဆင့် ဂျပန်ခုခံရေး စစ်ပွဲကာလအတွင်း သူ၏ ဘိုးဘွားများက ကောင်းမိတုန်းပေတိုက်နယ်တွင် ရဲဝံ့စွန့်စား၊ ကြေကွဲလိှုက်လှဲဖွယ်ကောင်းစွာ ခြိမ့်ခြိမ့်သဲ ကပြအသုံးတော်ခံခဲ့ကြပုံ၊ ရှေးလူကြီးသူမများသည် တဖက်မှာ ကျူးကျော်သူ ဂျပန်တို့ကို ခုခံတိုက်ခိုက်ရင်း တစ်ဖက်မှာလည်း  နောင်လာနောက်သားမျိုးဆက်သစ်များ မယှဉ်သာလောက်သည့် ဂန္တဝင်မြောက်အချစ်ပွဲများကို ဆင်နွှဲခဲ့ကြသည်။ စိတ်ကူးအတွေး နယ်ချဲ့နိုင်စရာများစွာတို့ ထုံမွမ်းနေသော ဤဝတ္ထုဖြင့် မော့ယန်က သူ၏ ဇာတိ ကောင်းမိတုန်းပေတိုက်နယ်ကို ကမ္ဘာ့စာပေထံသို့ ဆောင်ကြည်းမိတ်ဆက်ပေးလာခဲ့ပါသည်။

ဆန်ပြောင်းနီမိသားစု တွင် ဆန်ပြောင်းနီ၊ ဆန်ပြောင်းအရက်၊ ခွေးလမ်း၊ ဆန်ပြောင်းအသုဘ၊ အသေဆန်း ဟူသော အပိုင်း(၅)ပိုင်းဖြင့် ဖွဲ့စည်းထားပါသည်။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
Tim - ကမ္ဘာကြီး၏အရသာ (ဘာသာပြန် ဝတ္ထုလတ်)02 Oct 202202:54:35

အမေရိကန်ပြည်ဖွား တရုတ်စာရေးဆရာ ကန်လျူ ရဲ့ ဝတ္ထုလတ် တပုဒ်ကို အသံထွက်ဖတ်ပြတာပါ။

ဒီဝတ္ထုလတ် "ကမ္ဘာကြီး၏အရသာ" ဟာ ကန်လျူရဲ့ ဝတ္ထုတို(၃)ပုဒ်နဲ့ ဝတ္ထုလတ်(၁)ပုဒ် ပါဝင်တဲ့

Tim ဘာသာပြန် "မိစ္ဆာလိုက်ပွဲ" စာအုပ်ထဲက နောက်ဆုံးတပုဒ်ဖြစ်ပါတယ်။

ဒီစာအုပ်မှာပါဝင်တဲ့ ဝတ္ထုတို(၃)ပုဒ်ဖြစ်တဲ့

၁။  မိစ္ဆာလိုက်ပွဲ

၂။  တရားရှင်နှင့်မေျာက်ဘုရင်

၃။  စကားလုံး ပဉ္စလက် တို့ကို အသံထွက်ဖတ်ပြခဲ့ပြီး ဖြစ်ပါတယ်ဗျ။

ဘာသာပြန်သူ"Tim"က နှင်းဆီဖြူက ကျင်းပတဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ဆုရဖူးသူ လူငယ်တစ်ဦးဖြစ်တာမို့ သူ့လက်ရာကလည်း ပြောစရာမလိုအောင်ကောင်းမွန်ပါတယ်။

မူရင်းရေးသားသူ Ken Liu ဟာ Hugo Award ၂ ခါနဲ့ Nebula Award ၁ ခါ ရဖူးပြီး တရုတ်ခေတ်ဟောင်းဒဏ္ဍာရီများနဲ့ ခေတ်သစ်သိပ္ပံပညာတွေကို ပေါင်းစပ်ရေးသားပြီး အံ့ဩလောက်တဲ့ ဇာတ်လမ်းများ ဖန်တီးရေးသားနိုင်စွမ်းတဲ့ မက်ဂျစ်ကယ်ရီယယ်လစ်ဇင် အရေးအသားများနဲ့ ကျော်ကြားသူ အမေရိကန်ပြည်ဖွား တရုတ်စာရေးဆရာတယောက်ပါ။

(ကန်လျူရဲ့ ဝတ္ထုတိုတပုဒ်ဖြစ်တဲ့ "စက္ကူကျား"ကိုလည်း ဆရာမမေဇင်မောင်ဘာသာပြန်လက်ရာနဲ့ ကျနော် အသံထွက်ဖတ်ပြခဲ့ဖူးပါတယ်။)

#Tim

#မိစ္ဆာလိုက်ပွဲ

#KenLiu

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
ဂျူး - မြစ်ပြင်ပေါ်မှာ (ဝတ္ထုတို) 01 Oct 202200:27:54

ဆရာမဂျူး ရဲ့ မြစ်ပြင်ပေါ်မှာ ဆိုတဲ့ ဝတ္ထုတိုကို အသံထွက်ဖတ်ပြတာပါ။

အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါဗျ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
ဂျူး - တနင်္ဂနေွနေ့မှာနားတယ် (ဝတ္ထုတို - အသံစာအုပ်)20 Sep 202200:31:34

ဆရာမဂျူး ရဲ့ မေွးနေ့အမှတ်တရ အဖြစ် ဆရာမရဲ့ "တနင်္ဂနေွနေ့မှာ နားတယ်" ဆိုတဲ့ ဝတ္ထုတိုလေးကို ဖတ်ပြတာပါဗျ။  

သဘောကျနှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ။  အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
ဒီနိုဗို - မခံနိုင်အောင်ပေါ့ပါးဘ၀နေ့ညများ (ဝတ္ထုရှည်) Audiobook by Milan Kundera The Unbearable Lightness of Being, translated by D No Vo.11 Sep 202211:16:09

ဆရာဒီနိုဗို မြန်မာပြန်ထားတဲ့ ချက်စာရေးဆရာ မီလန်ကွန်ဒရာ ရဲ့ မခံနိုင်အောင်ပေါ့ပါး ဘ၀နေ့ညများ စာအုပ်ကို အသံထွက်ဖတ်ပြတာပါ။

မူရင်းစာရေးဆရာ မီလန်ကွန်ဒရာသည် အရေးပါဆုံး ခေတ်ပြိုင် ချက်စာရေးဆရာများထဲမှ တယောက်ဖြစ်သည်။ နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိခဲ့သည့် အနည်းငယ်မျှသော ချက်စရာရေးဆရာများထဲတွင် ပါဝင်သည်။ သူ၏ ဖန်တီးမှုတိုင်း၊ နိုင်ငံရေးနှင့် ယဉ်ကေျးမှုရေးရာ ပြောဆိုမှုတိုင်းက သူ့အချိန်ကာလတွင် အမြဲ ဆေွးနေွးစရာ ဖြစ်ခဲ့သည်။ ကွန်မြူနစ် အုပ်စိုးမှုကို နိုင်ငံရေးနောက်ခံ အရေးအသားများထက်၊ ပြင်းထန်သည့် ပုဂ္ဂလိကဝါဒ အခြေခံဖြင့် တုံ့ပြန်ခဲ့သည်။

ယခုစာအုပ် တွင် ကွန်ဒရာက အပေါ်ယံစိတ်ကူးယဉ်ဖြစ်မှု၊ ဆိုးရွားညံ့ဖျင်းမှု၊ ပင်ကိုမဖြစ်မှု၊ မစစ်မှန်သည့် အနုပညာ စသည်တို့ကို အာဏာရှင်အစိုးရနှင့် ထပ်တူပြုထားခဲ့သည်။

သူ့ကို လက်တင်အမေရိကားတွင် ဂါစီယာမားကွဇ်၊ ရုရှားတွင် ဆိုဇင်နစ်ဇင်၊ ချက်ကိုစလိုဗက်ကီးယား အတွက် မီလန်ကွန်ဒရာဟု ပြောလေ့ရှိကြသည်။ ၁၉၈၅တွင် Jerusalem Prize for Literature on the Freedom of Man in Society ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။

"ကျနော်တို့အားလုံး ဘ၀မှာကြုံရတဲ့ အချစ်ကို

လေးချင်လည်း လေးမည်၊ ပေါ့ချင်လည်း ပေါ့မည်လို့ ပြောတာကို လက်မခံနိုင်ကြ။

အချစ်ဆိုတာ မလွဲမသေွ ဖြစ်ကိုဖြစ်ရမယ့် ကိစ္စ ။

အချစ်မရှိဘဲနဲ့ ကျနော်တို့ဘ၀တေွဟာ အရင်လို ပြန်မဖြစ်နိုင်တော့ဘူးလို့ ကျနော်တို့ ယူဆထားကြသည်။"

"အကယ်၍ ထာ၀ရသံသရာလည်ခြင်းသည် အလေးပင်ဆုံး ဝန်ထုပ်ဝန်ပိုးဟု ဆိုခဲ့လျှင် ကျနော်တို့မှာ ဘ၀ရဲ့ပေါ့ပါးမှုတေွနဲ့ တန်ပြန်ရင်ဆိုင်ကြရုံသာ ရှိတော့သည်။ ဤသို့ဆိုလျှင် လေးလံမှုမှာ မနှစ်မြို့ဖွယ်ရာကောင်းပြီး ပေါ့ပါးမှုကသာ နှစ်သက်ဖွယ် ကောင်းနေခဲ့သည်လား။

အလေးလံဆုံးသော ဝန်ထုပ်ဝန်ပိုးတေွက ကျနော်တို့ကို နင်းခြေသည်၊ နစ်မြုပ်စေသည်။ ဟိုးအောက်ခြေတွင် ကျနော်တို့ကို တွယ်နေှာင်လို့ထားသည်။ သို့သော်လည်း အရွယ်မရေွး ဖတ်ကြသည့် အချစ်ကဗျာတေွထဲမှာ မိန်းမက ယောကျ်ားရဲ့ လေးလံလှသည့်  ခန္ဓာကို တောင့်တပြန်သည်။ ဒီ့အတွက် အလေးလံဆုံးသော ဝန်သည် တချိန်တည်းတွင် ဘ၀ရဲ့ ထက်သန်ပြင်းပြဆုံး ဖြည့်ဆည်းမှုလည်း ဖြစ်နေခဲ့ပြန်သည်။ ဝန်က လေးလေလေ ဘ၀တေွက မြေကြီးနဲ့ နီးလေလေ၊ ပိုပြီး စစ်မှန် ပိုပြီး မှန်ကန်လာလေလေပင်။

နောက်တမျိုး ပြောရလျှင် ဝန်မရှိသည့်အခါ လူဟာ လေထက် ပေါ့ပါးလို့ အမြင့်မှာ ပျံဝဲနေလိမ့်မည်။ မြေပြင်ကို စွန့်ခွာ၊ မြေကြီးဆန်မှုကို စွန့်လွှတ်သည့်အတွက် တစိတ်တပိုင်းသာ စစ်မှန်တော့မည်။ သူ့ရဲ့ ရေွ့လျားမှုဟာ လွတ်လပ်သလောက် အရေးမပါ ဖြစ်နေခဲ့ပေမည်။

ဒီတော့ကာ ကျနော်တို့ ဘာကို ရေွးကြမလဲ၊ လေးလံမှုလား၊ ပေါ့ပါးမှုလား။

သေချာသည်ကတော့  ပေါ့ပါးမှုနဲ့ လေးလံမှုမှာ အဆန်းကြယ်ဆုံးနဲ့ ဒွိဟ အဖြစ်ဆုံး ဆန့်ကျင်ဘက်အစုံ ဖြစ်နေခဲ့ခြင်းပင်။"

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
ဂျူး - တတိယမြောက်ညနေခင်း (ဝတ္ထုတို) 11 Sep 202200:45:43

"လူဆိုသည်မှာ မိမိ၌ရှိသော အရာတစ်ခုကို တန်ဖိုးရှိရှိ အသုံးမချတတ်ဘဲ

မိမိ ဘယ်တော့မျှ ရနိုင်မှာမဟုတ်သည့် တစုံတရာကို

မက်မော တမ်းတတတ်သည့် အမျိုးအစားပါလား"

ဆရာမ ဂျူး ရဲ့ "တတိယမြောက် ညနေခင်း" ဆိုတဲ့ ဝတ္ထုတို ကို အသံထွက် ဖတ်ပြတာပါ။

အဆင်မပြေမှုများ မှားယွင်းမှုများ ပါရှိခဲ့လျှင် ကျနော့်တာဝန်ဖြစ်ပါတယ်ဗျ။

ဖတ်ခွင့်ပြုပေးတဲ့ ဆရာမဂျူး ကို ကေျးဇူးတင်ပါတယ်ဗျ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
တင်မောင်မြင့် - ပြစ်မှုနှင့်ပြစ်ဒဏ် (ဝတ္ထုရှည် - အသံစာအုပ်) Burmese Language Audiobook 'Crime and Punishment' by Fyodor Dostoevsky.07 Aug 202222:14:24

ကမ္ဘာ့ဂန္တဝင်စာရင်းဝင်တဲ့ ရုရှားဘာသာပြန် ဝတ္ထုရှည်ကြီး တပုဒ်ကို ဖတ်ပြပေးချင်ပါတယ်။ 

မူရင်းဝတ္ထုကြီး ထွက်စဉ်ကလည်း ကမ္ဘာတလွှားမှာ ဟိုးလေးတကျော် အုတ်အော်သောင်းတင်း နဲ့ တသသစွဲမက်ကြိုက်နှစ်သက်ခဲ့ကြသလို၊ 

အင်္ဂလိပ်ဘာသာပြန်ဆိုကြတော့လည်း ဆုတွေရရှိခဲ့ပါတယ်၊

မြန်မာဘာသာကို ဆရာတင်မောင်မြင့် ဘာသာပြန်တော့လည်း ၂၀၁၂ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိခဲ့ပါတယ်။

အင်မတန်ရက်စက်တဲ့ လူသတ်မှု(ပြစ်မှု)ကြီးကို လူသတ်သမားက ပြန်ပြောပြတဲ့ ပုံစံနဲ့ စိတ်လှုပ်ရှား ထိတ်လန့်တုန်လှုပ်ရခြင်းများစွာနဲ့ ဖတ်ရှုကြရမှာဖြစ်ပါတယ်။

ဘယ်လိုအရာတွေက တွန်းအားပေးလို့ ပြစ်မှုကျူးလွန်ရခြင်းလဲ ?

အဲဒီပြစ်မှုကို စုံထောက်ရဲအရာရှိက ဇွဲနပဲကြီးကြီးနဲ့ ဘယ်လို ထောက်လှမ်းမလဲ ?

သူတို့၂ယောက်ရဲ့ စိတ်ဓါတ်ရေးရာ ပညာပြိုင်ခန်းတွေနဲ့ လျို့ဝှက်သည်းဖို ဖတ်ရမယ့် ဝတ္ထုရှည်ကြီးဖြစ်ပါတယ်။

*တခုတော့ ကြိုတင်အသိပေးချင်ပါတယ်၊ ဇာတ်လမ်းကောင်းသလောက် စာအုပ်ကြီးကလည်း ထူထဲလွန်းတာမို့ အပိုင်းများမှာပါဗျ၊

မူရင်းရေးသားသူ၊ အင်္ဂလိပ်လိုပြန်သူ၊ မြန်မာပြန်သူတို့ရဲ့ အမှာစာတွေချည်းပဲ အပိုင်း ၁ပိုင်း သပ်သပ် တင်ပေးပါမယ်။

တင်မောင်မြင့် - ပြစ်မှုနှင့်ပြစ်ဒဏ် Audiobook 'Crime and Punishment' by Fyodor Dostoevsky, Burmese Language.

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
ရေွှဥဒေါင်း - အင်နာကရနီနား ( ဝတ္ထုရှည် - ၈ ပိုင်း )30 Jul 202203:57:19

သိပ်ကိုစွဲလမ်းရတဲ့ ကမ္ဘာကျော် ဂန္တဝင်ဝတ္ထုကြီး တပုဒ်ကို အသံထွက်ပြီး ဖတ်ပြပေးချင်ပါတယ်၊

မူရင်းရေးသားသူက ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းပါ၊

ဒီစာအုပ်ကို မြန်မာဘာသာနဲ့ ဆရာကြီးရွှေဥဒေါင်းက အကျဉ်းချုပ်ဘာသာပြန်၊ 

ဆရာတင်မောင်မြင့်က အစအဆုံးမူရင်းအတိုင်း ဘာသာပြန်ဆိုခဲ့ကြပြီး၊ 

ဆရာမြသန်းတင့်က "မမ"ဆိုပြီး မြန်မာမှုပြုခဲ့ပါတယ်။

​အစအဆုံးမူရင်းအတိုင်း ဖတ်ပြပေးချင်ပေမယ့် မူရင်းက တော်တော်ကြီးကို ရှည်လျားတာမို့ 

ဆရာကြီးရွှေဥဒေါင်း ရဲ့ အကျဉ်းချုပ်ဘာသာပြန်မူကိုပဲ ဖတ်ပြပေးပါမယ်ခင်ဗျာ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
မင်းသုဝဏ် - အယ်ဒီတာ (အသံစာအုပ် - ဝတ္ထုတို)29 Jul 202200:14:38

ဆရာကြီးမင်းသုဝဏ် မြန်မာပြန်ပေးထားတဲ့ တဂိုးရဲ့ “အယ်ဒီတာ” ဆိုတဲ့ ဝတ္ထုတိုလေးကို အသံထွက်ဖတ်ပြပေးတာပါ။

မူရင်းရေးသားသူ ကမ္ဘာကျော် အိန္ဒိယစာဆို စွယ်စုံပညာရှင် 'ရာဘင်ဒြာနသ် တဂိုး' သည် ဘင်္ဂလီအနွယ်တစ်ဦးဖြစ်ပြီး စာပေနိုဗယ်လ်ဆုကို ၁၉၁၃ ခုနှစ်ကပင် ချီးမြှင့်ခံရသည့် အာရှတိုက်မှ ပထမဦးဆုံး နိုဗယ်လ်ဆုရှင်ဖြစ်သည်။

တဂိုး၏ စာပေအနုပညာနှင့် မြင့်မြတ်လှသည့် လူ့စွမ်းရည်သည် အိန္ဒိယ၊ အာရှကိုကျော်၍ ဥရောပနှင့် အမေရိကန်တိုင် ပြန့်နှံ့ခဲ့သည်။

ဆရာဇော်ဂျီက 'ခေတ်သစ်မြန်မာစာပေတွင် တဂိုး၏ စာပေအနုပညာ ဒဿနဩဇာသည် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်' ဟု မိန့်ဆိုခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၄နှစ်အကြာ ရန်ကုန်မြို့၌ 'မြန်မာနိုင်ငံတဂိုးအသင်း' (၁၉၅၂)ပေါ်ထွန်းလာ၍ နှစ်စဉ်တဂိုးမွေးနေ့ ကျင်းပခဲ့သည်။

ထိုနေ့တွင် တဂိုး၏ ဘဝနှင့်စာပေဟောပြောပွဲ၊ တဂိုးပြဇာတ်၊ တဂိုးဂီတကပွဲများ ကျင်းပခဲ့ကြသည်။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
ဇော်ဂျီ - "ကာဗူလီဝါးလား" (ဝတ္ထုတို)26 Jul 202200:28:51

ဆရာကြီးဇော်ဂျီ မြန်မာပြန်ပေးထားတဲ့ တဂိုးရဲ့ "ကာဗူလီဝါးလား" ဆိုတဲ့ ဝတ္ထုတိုလေးကို အသံထွက်ဖတ်ပြပေးတာပါ။

မူရင်းရေးသားသူ ကမ္ဘာကျော် အိန္ဒိယစာဆို စွယ်စုံပညာရှင် 'ရာဘင်ဒြာနသ် တဂိုး' သည် ဘင်္ဂလီအနွယ်တစ်ဦးဖြစ်ပြီး စာပေနိုဗယ်လ်ဆုကို ၁၉၁၃ ခုနှစ်ကပင် ချီးမြှင့်ခံရသည့် အာရှတိုက်မှ ပထမဦးဆုံး နိုဗယ်လ်ဆုရှင်ဖြစ်သည်။

တဂိုး၏ စာပေအနုပညာနှင့် မြင့်မြတ်လှသည့် လူ့စွမ်းရည်သည် အိန္ဒိယ၊ အာရှကိုကျော်၍ ဥရောပနှင့် အမေရိကန်တိုင် ပြန့်နှံ့ခဲ့သည်။

ဆရာဇော်ဂျီက 'ခေတ်သစ်မြန်မာစာပေတွင် တဂိုး၏ စာပေအနုပညာ ဒဿနဩဇာသည် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်' ဟု မိန့်ဆိုခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၄နှစ်အကြာ ရန်ကုန်မြို့၌ 'မြန်မာနိုင်ငံတဂိုးအသင်း' (၁၉၅၂)ပေါ်ထွန်းလာ၍ နှစ်စဉ်တဂိုးမွေးနေ့ ကျင်းပခဲ့သည်။

ထိုနေ့တွင် တဂိုး၏ ဘဝနှင့်စာပေဟောပြောပွဲ၊ တဂိုးပြဇာတ်၊ တဂိုးဂီတကပွဲများ ကျင်းပခဲ့ကြသည်။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
အေးမင်းစော - ကြွင်းကျန်ရစ်သော (အသံစာအုပ် - ဝတ္ထုရှည်)18 Jul 202202:50:21

ကျနော်တို့ မြန်မာစကားမှာ "ဥပါဒါန်ကြောင့် ဥပါဒ်ရောက်"လို့ ရှိပါတယ်။

ဗုဒ္ဓ က "ကံ ကံ၏အကျိုး"၊ ယေရှု ကလည်း "ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရမယ်" ဆိုပြီး ကိုယ်ပြုလိုက်တဲ့ လုပ်ရပ်တိုင်းဟာ မလွဲမသွေ ကိုယ်ပြန်ခံစား စံစားရမယ်လို့ ဟောကြား သွန်သင်ခဲ့ ကြပါတယ်။

လူတိုင်းဟာ တနေ့ မလွဲမသွေ သေဆုံးရမှာ ဖြစ်ပြီး မသေခင် လူ့လောကမှာ ဘယ်လိုနေထိုင်ပြုမူမလဲဆိုတာက လူ့တန်ဖိုးဖြစ်ပါတယ်၊ တကယ့်ဂုဏ်သိက္ခာ အစစ်ဖြစ်ပါတယ်။

ရာထူး၊ စည်းစိမ်ဥစ္စာ၊ နေရာဌာန၊ အောင်မြင်မှု ဆိုတာ ထိုက်တန်တဲ့သူမှ ခံစား စံစားရတာမျိုးပါ။

ဆရာအေးမင်းစော ရဲ့ "ကြွင်းကျန်ရစ်သော"ဆိုတဲ့ စာအုပ်ထဲမှာ လောဘဇော တိုက်၊ ဒေါသ၊ မောဟ ရမ္မက်မီးတွေ၊ ကိလေသာမီးတွေ လောင်မြိုက်ပြီး ဇာတ်သိမ်းမကောင်းတဲ့သူ တယောက်အကြောင်းကို ရေးဖွဲ့ပေးထားပါတယ်။

အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နားဆင်ပေးကြပါဦး။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
ဂျူး - တစ်ဦးတည်းသောသား (အသံစာအုပ် - ဝတ္ထုတို) (၂ပိုင်း)09 Jul 202201:26:39

ဆရာမ ဂျူး ရဲ့ ဝတ္ထုတို တစ်ပုဒ်ဖြစ်တဲ့ "တစ်ဦးတည်းသောသား" ကို အသံထွက်ဖတ်ပြပေးတာပါဗျ။

အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နဲ့ မှားယွင်းမှုများ ပါခဲ့ပါလျှင် ကျနော့် အပြစ်ပါခင်ဗျာ။

အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နားဆင်ပေးကြပါဦး။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
ရေွှဥဒေါင်း - မေျှာ်တလင့်လင့် (အသံစာအုပ် - ဝတ္ထုရှည်) (၁၀ ပိုင်း)27 Jun 202206:43:34

ကမ္ဘာ့ဂန္တဝင် စာရင်းဝင် နာမည်ကျော်ဝတ္ထုတပုဒ် ဖြစ်တဲ့ "မျှော်တလင့်လင့်" ကို ဖတ်ပြပေးသွားမှာ ဖြစ်ပါတယ်။

လူ့စရိုက်ကို ပီပြင်စွာ ပုံဖော်နိုင်တဲ့ ရသမြောက်ဝတ္ထုကြီးဖြစ်တဲ့ "မျှော်တလင့်လင့်"ဟာ မူရင်းရေးသားသူ ချားလ်ဒစ်ကင် ရဲ့ အကောင်းဆုံးဝတ္ထုအဖြစ် သတ်မှတ်ခံထားရပြီး မြန်မာနိုင်ငံမှာလည်း ၁၉၅၀ ခုနှစ် စာပေဗိမာန် ရဲ့ ဘာသာပြန် စာပေဆု ကို ဒီဝတ္ထုနဲ့ ဆရာကြီး ရွှေဥဒေါင်း ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ဆရာကြီးရွှေဥဒေါင်း ဟာ ဒီဝတ္ထုကြီးကို အနှစ်ချုပ်(အကျဉ်း) ပဲ ပြန်ဆို ရေးသားခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဆရာမောင်ထွန်းသူ က အစအဆုံး ပြန်ဆိုထားပါသေးတယ်ဗျ။

ကျနော်က ဆရာကြီးရွှေဥဒေါင်း ရဲ့ ဘာသာပြန်မူကို ဖတ်ပြပေးသွားမှာ ဖြစ်ပါတယ်။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
တင်မောင်မြင့် - ပုလဲနက် (ဝတ္ထုလတ် - အသံစာအုပ်)23 Jun 202201:56:06

ဆရာကြီးဦးတင်မောင်မြင့် ဘာသာပြန်ထားတဲ့ "ပုလဲနက်" ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြပေးသွားမှာဖြစ်ပါတယ်၊

ကမ္ဘာကျော် ဂန္တဝင် ရသစာပေကောင်းများကို အကျဉ်းချုံ့ပြီး လူငယ်များအတွက် ရုပ်ပြအကျဉ်းအနေနဲ့ ထွက်ရှိထားတဲ့စာအုပ်များထဲက တအုပ်ဖြစ်ပါတယ်။

လူငယ်များအတွက် ရေးတာဖြစ်ပေမဲ့ ဒီအရွယ် ဒီဘဝမျိုးတွေကို ဖြတ်သန်းခဲ့ကြတဲ့ လူကြီးတွေအတွက်ပါ အကျိုးရှိနိုင်ပြီး ငယ်ဘဝကို ပြန်လည်တမ်းတ စားမြုံ့ပြန်နိုင်ကြပါလိမ့်မယ်လို့ အမေရိကန် ဂန္တဝင်စာရေးဆရာကြီး မတ်တွိန်းရဲ့ အမှာစာ တခုကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်ဗျ။

မြန်မာကျောင်းသားလူငယ်များ အနေနဲ့ စာဖတ်ချိန် မရှိတဲ့ အိုင်တီခေတ်အတွက် ကမ္ဘာ့ဂန္တဝင်ရသစာပေများကို နည်းနည်းဖြစ်ဖြစ် မြည်းကြည့်စေချင်တဲ့ ဆရာကြီးဦးတင်မောင်မြင့် ရဲ့ စေတနာကို လေးစား တန်ဖိုးထားပြီး ဒီစာအုပ်လေးကို ဖတ်ပြပေးချင်ပါတယ်။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
မယ်ကျွိ - ရွက်ကြေွ (အသံစာအုပ် - ဝတ္ထုရှည်)07 Jun 202211:04:19

ဆရာမမယ်ကျွိ ဘာသာပြန်ထားတဲ့ ရွက်ကြွေ ဆိုတဲ့ ဝတ္ထုဟန်အတ္ထုပ္ပတ္တိစာအုပ် လေးကို ဖတ်ပြပေးမှာဖြစ်ပါတယ်။ ဝတ္ထုဟန်အတ္ထုပ္ပတ္တိစာအုပ်တွေဟာ ခေတ်အဆက်ဆက် စာပေလောကမှာ နေရာတစ်နေရာရှိပြီး ဖြစ်သလို ၎င်းစာအုပ်တွေဟာ လွမ်းမောစရာ၊ နာကြည်းစရာ၊ တမ်းတစရာ၊ စိတ်အားတက်ကြွစရာ၊ ပျော်စရာ၊ ရယ်စရာစတဲ့ ခံစားချက်အထွေထွေကို သူ့နည်းသူ့ဟန်နဲ့ ပေးစွမ်းနိုင်တာမို့ စာရေးဆရာရဲ့ စိတ်ကူးနဲ့ ဖန်တီးထားသလို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

မူရင်းစာ​ေရးသူ Adeline Yen Mah ဟာ တီယန်ကျင်းဇာတိ၊ ရှန်ဟိုင်း၊ ဟောင်ကောင်၊ အမေရိကန်မှာ အခြေစိုက်တဲ့ တရုတ်ဆရာဝန်မကြီးဖြစ်ပါတယ်။ ဒီစာအုပ်ဟာ စာရေးသူတို့ရဲ့ မိသားစုကြီးတစ်စု ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြောပြရင်း ၁၈၈၀ ခုနှစ်ကျော်ကာလများကစလို့ သက္ကရာဇ် ၂၀၀၀ နားထိတိုင် တရုတ်ပြည်မကြီး၊ ဟောင်ကောင်ကျွန်း နဲ့အမေရိကန်တို့ရဲ့ နိုင်ငံရေး ၊စီးပွားရေး၊ လူမှုထုံးဓလေ့တို့ကို ဝတ္ထုကောင်းတို့ရဲ့ အင်္ဂါရပ်တို့နဲ့အညီ ရသအင်အားကောင်းကောင်းနဲ့ ချပြသွားပါတယ်။

Adeline Yen Mah ဟာ ကမ္ဘာ့စာပေလောကမှာ အရှေ့နဲ့ အနောက်ကြား ပေါင်းကူးတံတားဖြစ်တယ်လို့ ကင်ပွန်းတပ်ခြင်းခံရသူဖြစ်ပါတယ်။

#မယ်ကျွိ

#ရွက်ကြွေ

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
Tim - စကားလုံးပဉ္စလက် (ဝတ္ထုတို - အသံစာအုပ်)06 Jun 202201:29:00

ကမ္ဘာကျော်စာရေးဆရာ Ken Liu ရဲ့ ဝတ္ထုတွေကို Tim က ဘာသာပြန်ပေးထားတဲ့ "မိစ္ဆာလိုက်ပွဲ" စာအုပ်ထဲက ဝတ္ထုတို တပုဒ်ဖြစ်တဲ့ စကားလုံးပဉ္စလက် ကို အသံထွက်ဖတ်ပြတာ ဖြစ်ပါတယ်။

မူရင်းရေးသားသူ Ken Liu ဟာ Hugo Award ၂ ခါနဲ့ Nebula Award ၁ ခါ ရဖူးပြီး တရုတ်ခေတ်ဟောင်းဒဏ္ဍာရီများနဲ့ ခေတ်သစ်သိပ္ပံပညာတွေကို ပေါင်းစပ်ရေးသားပြီး အံ့ဩလောက်တဲ့ ဇာတ်လမ်းများ ဖန်တီးရေးသားနိုင်စွမ်းတဲ့ မက်ဂျစ်ကယ်ရီယယ်လစ်ဇင် အရေးအသားများနဲ့ ကျော်ကြားသူ အမေရိကန်ပြည်ဖွား တရုတ်စာရေးဆရာတယောက်ပါ။

(သူရေးသားတဲ့ ဝတ္ထုတိုတပုဒ် ဆရာမမေဇင်မောင်ဘာသာပြန်တဲ့ "စက္ကူကျား"ကို အသံထွက်ဖတ်ပြခဲ့ဖူးပါတယ်။)

ဘာသာပြန်သူ"Tim"က နှင်းဆီဖြူက ကျင်းပတဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ဆုရဖူးသူ လူငယ်တစ်ဦးဖြစ်တာမို့ သူ့လက်ရာကလည်း ပြောစရာမလိုအောင်ကောင်းမွန်ပါတယ်။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
#Tim - #တရားရှင်နှင့်မေျာက်ဘုရင် #အသံစာအုပ် ဝတ္ထုတို03 Jun 202201:09:32

ကမ္ဘာကျော်စာရေးဆရာ Ken Liu ရဲ့ ဝတ္ထုတွေကို Tim က ဘာသာပြန်ပေးထားတဲ့ "မိစ္ဆာလိုက်ပွဲ" စာအုပ်ကို အသံထွက်ဖတ်ပြတာ ဖြစ်ပါတယ်။

မူရင်းရေးသားသူ Ken Liu ဟာ Hugo Award ၂ ခါနဲ့ Nebula Award ၁ ခါ ရဖူးပြီး တရုတ်ခေတ်ဟောင်းဒဏ္ဍာရီများနဲ့ ခေတ်သစ်သိပ္ပံပညာတွေကို ပေါင်းစပ်ရေးသားပြီး အံ့ဩလောက်တဲ့ ဇာတ်လမ်းများ ဖန်တီးရေးသားနိုင်စွမ်းတဲ့ မက်ဂျစ်ကယ်ရီယယ်လစ်ဇင် အရေးအသားများနဲ့ ကျော်ကြားသူ အမေရိကန်ပြည်ဖွား တရုတ်စာရေးဆရာတယောက်ပါ။

(သူရေးသားတဲ့ ဝတ္ထုတိုတပုဒ် ဆရာမမေဇင်မောင်ဘာသာပြန်တဲ့ "စက္ကူကျား"ကို အသံထွက်ဖတ်ပြခဲ့ဖူးပါတယ်။)

ဘာသာပြန်သူ"Tim"က နှင်းဆီဖြူက ကျင်းပတဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ဆုရဖူးသူ လူငယ်တစ်ဦးဖြစ်တာမို့ သူ့လက်ရာကလည်း ပြောစရာမလိုအောင်ကောင်းမွန်ပါတယ်။

ပါဝင်တဲ့ ဝတ္ထုတို(၃)ပုဒ်နဲ့ ဝတ္ထုလတ်(၁)ပုဒ်ထဲက ဒုတိယ ဝတ္ထုတိုတပုဒ်ဖြစ်တဲ့ တရားရှင်နှင့် မေျာက်ဘုရင် ကို ဖတ်ပြပေးထားပါတယ်။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
Tim - မိစ္ဆာလိုက်ပွဲ #ဝတ္ထုတို #အသံစာအုပ်02 Jun 202201:01:06

ကမ္ဘာကျော်စာရေးဆရာ Ken Liu ရဲ့ ဝတ္ထုတွေကို Tim က ဘာသာပြန်ပေးထားတဲ့ "မိစ္ဆာလိုက်ပွဲ" စာအုပ်ကို ကိုရော်နီစန်းလွင် က အသံထွက်ဖတ်ပြတာ ဖြစ်ပါတယ်။

မူရင်းရေးသားသူ Ken Liu ဟာ Hugo Award ၂ ခါနဲ့ Nebula Award ၁ ခါ ရဖူးပြီး တရုတ်ခေတ်ဟောင်းဒဏ္ဍာရီများနဲ့ ခေတ်သစ်သိပ္ပံပညာတွေကို ပေါင်းစပ်ရေးသားပြီး အံ့ဩလောက်တဲ့ ဇာတ်လမ်းများ ဖန်တီးရေးသားနိုင်စွမ်းတဲ့ မက်ဂျစ်ကယ်ရီယယ်လစ်ဇင် အရေးအသားများနဲ့ ကျော်ကြားသူ အမေရိကန်ပြည်ဖွား တရုတ်စာရေးဆရာတယောက်ပါ။

(သူရေးသားတဲ့ ဝတ္ထုတိုတပုဒ် ဆရာမမေဇင်မောင်ဘာသာပြန်တဲ့ "စက္ကူကျား"ကို ကိုရော်နီစန်းလွင် က အသံထွက်ဖတ်ပြခဲ့ဖူးပါတယ်။)

ဘာသာပြန်သူ"Tim"က နှင်းဆီဖြူက ကျင်းပတဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ဆုရဖူးသူ လူငယ်တစ်ဦးဖြစ်တာမို့ သူ့လက်ရာကလည်း ပြောစရာမလိုအောင်ကောင်းမွန်ပါတယ်။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
မြသန်းတင့် - ရှားလော့ဟုမ်း၏မှတ်တမ်းများ (ဝတ္ထု - အသံစာအုပ်) 16 May 202211:33:30

ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ ရှားလော့ဟုမ်း၏မှတ်တမ်းများ ဆိုတဲ့ စာအုပ်ကို ဖတ်ပြပေးတာပါ၊ 

စုံထောက်ဇာတ်လမ်းများကို ကြိုက်နှစ်သက်သူများအတွက် ဘယ်တော့မှ ရိုးသွားမှာ မဟုတ်တဲ့ ရှားလော့ဟုမ်း ရဲ့ စုံထောက်ပုံများကို နားဆင်ပေးကြပါဦးဗျ။

အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
ဂျူး - ထာ၀ရသစ္စာ (ဝတ္ထုတို၊ အသံစာအုပ်)11 May 202200:19:30

ဆရာမ ဂျူး ရဲ့ ထာ၀ရသစ္စာ ဆိုတဲ့ ဝတ္ထုတိုလေးကို အသံထွက်ဖတ်ပြတာပါ၊ အသံထွက်ဖတ်ပြရာမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့် တာဝန်ပါခင်ဗျာ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
#ခင်မျိုးချစ် #မိုင်ကယ်အိန်ဂျလို #ဝတ္ထု #အသံစာအုပ် 26 Apr 202211:10:29

ရီနေဆန်းခေတ် (ပညာအလင်းရောင်ခေတ် - ခေတ်ဆန်းချိန်) မှာ ဥရောပ(အီတလီ၊ ရောမ နဲ့ ဖလောရင့်မြို့တော်) ရဲ့ရွှေတောင်ကြီးအလား မားမားမတ်မတ် အံ့ဩဖွယ်ရာအနုပညာလက်ရာတွေကို ဖန်တီးချန်ထားခဲ့တဲ့ "အပြောင်မြောက်ဆုံး အနုပညာသည်ကြီး"လို့ နာမည်ပေး ခေါ်ဝေါ်ခဲ့ကြရတဲ့ ပန်းပု ပန်းချီပညာရှင်ကြီး မိုက်ကယ်အင်ဂျလို အကြောင်းကို ဖတ်ပြပေးသွားပါမယ်။

"အနုပညာကို ဖျက်ဆီးချင်သူတွေ၊ အနုပညာသည်တွေကို နှိပ်စက် ညှဉ်းပန်းသူတွေဆိုတာ ခေတ်အဆက်ဆက် ရှိခဲ့တာပဲ"

မိုက်ကယ်အိန်ဂျလိုသည် လူချောလူလှမဟုတ်၊ နှစ်လိုဖွယ်သော နှုန်အမူအရာလည်း မရှိချေ။ လူကမှ အရုပ်ဆိုးရသည့်အထဲတွင် မနာလိုသူတဦး လက်ချက်နဲ့ နှာခေါင်းက ကျိုးသေးသည်။သူ့ကို ပုပ်ရဟန်းမင်းက ရွှေစဒပ်ကက်တွေ အများကြီးပေး၊ အလုပ်တွေပေးသော်လည်း သူသုံးစားရသည် မရှိချေ။ သူ့အဖေနှင့် ညီတွေက အမြဲတောင်းယူကြသည်။ သူ့မှာ အဝတ်အစားစုတ်ပြတ်၍ စားရပြန်လည်း တလုတ်တဆုပ်နှင့် သူ့အလုပ်ကလဲွ၍ ဘာမှ စိတ်မဝင်စား၊ လူသူလေးပါးနှင့် ဆက်ဆံမှု နည်းသည်၊ အနုပညာထဲမှာ သူ့ဘဝကို မြှုပ်နှံထားသူဖြစ်သည်။

ထိုခေတ်အခါက ပုပ်ရဟန်းမင်းဆိုသည်မှာ သက်ဦးဆံပိုင် ဩဇာအာဏာကြီးသူ၊ သူ့စိတ်အလိုအတိုင်း ဘယ်လိုလူမျိုးမဆို ဘာမဆိုလိုက်လျောရတဲ့ အထက်စီးဆန်သူ၊ အဲဒီလို ပုပ်ရဟန်းမင်းကြီးနဲ့ ဩဇာအာဏာမရှိ၊ ဥစ္စာဓန နတ္ထိပေမယ့် အနုပညာသည်ပီပီ မာနကြီးပြီး သူ့ဘက်က ဘယ်တော့မှ လျှော့ပေးလေ့မရှိတဲ့ မိုက်ကယ်အိန်ဂျလိုတို့နှစ်ဦးရဲ့ ရန်ဖြစ်ပွဲတွေဟာ ထိုခေတ် အီတလီတပြည်လုံးက ရင်မပြီး ကြည့်ရတဲ့ ပွဲကြီးပွဲကောင်းတွေပေါ့။

ပုပ် လိုချင်တဲ့ ပန်းပု ပန်းချီတွေကို မိုက်ကယ့်လို အနုပညာသည်တွေကို အခကြေးငွေပေးပြီးခိုင်းတယ်၊ အဲဒီမှာ အနုပညာလက်ရာနဲ့ပတ်သတ်ပြီး နှစ်ယောက်သား အမြဲစကားများ ရန်ဖြစ်ကြ၊

သူတို့နှစ်ယောက်ဟာ တယောက်နဲ့တယောက် ဘယ်တော့မှ အလျှော့မပေး၊ ဘယ်သူ့ကိုမှ ဗိုလ်မထား၊ အတင်းအဓမ္မနင်းပြီး ထင်ရာစွတ်တင်ကြတယ်။ အီတလီပြည်သူပြည်သားတွေဟာ သူတို့ရန်ပွဲကြီးတွေ ကြည့်ရတာနဲ့တင် ခြေကုန်လက်ပန်းကျရတယ်။ မိုက်ကယ်အိန်ဂျလို ဟာ ပုပ်ရဟန်းမင်းနဲ့ စိတ်ဆိုးပြီး ထွက်သွားပြီဆိုတာနဲ့ ပုပ်က မနေနိုင် ပြန်ခေါ်ခိုင်း၊ မိုက်ကယ်ကလည်း ပုပ်ရဲ့ ဩဇာကိုကြောက်ရရုံမက ရွှေစပိုက်ဆံကို ပုပ်ကသာ များများပေးနိုင် ဆိုတော့ သူတို့နှစ်ယောက်ဟာ မတည့်အတူနေ၊ တစ်ယောက်မရှိရင် တစ်ယောက်မနေနိုင်တွေ၊

သို့ပေမဲ့ နောင်လာနောက်သားတွေအတွက်တော့ အနုပညာ ရတနာတွေ ကျန်နေခဲ့တယ်ပေါ့

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
တင်မောင်မြင့် - မိုးတိမ်လွှာ (၉ပိုင်း) (ဝတ္ထု - အသံစာအုပ်) 17 Apr 202205:37:42

ဆရာကြီး ဦးတင်မောင်မြင့် ဘာသာပြန်ပေးထားတဲ့ သည် “မိုးတိမ်လွှာ” ဝတ္ထု ကို အကောင်းဆုံး စကားလုံးတွေနဲ့ တွေးပြီးညွှန်းရရင် ‘သိပ်ချစ်ဖို့ကောင်းတဲ့ ဝတ္ထု’ လို့ပဲ ဆိုရပါမယ်။

နောက်မွေးနေ့အထိ နေရမှာ မဟုတ်တော့ဘူးလို့ တွက်ထားပြီးမှ သေတွင်းထဲက ထွက်လာနိုင်ကာ ဘ၀ကို အသစ်တဖန် ပြန်လည်စတင်ဖို့ ကြိုးစားခဲ့သည့် ‘ဆာရာ’ ဆိုတဲ့ မိန်းမချောကလေးနဲ့ …

ဇာတ်လမ်းက ရိုးပေမယ့် ရပ်ထားလို့လည်း မရ၊ အငိုလည်း မတိတ်နိုင်တဲ့ ရင်နှင့်အမျှခံစားရမယ့် ဇာတ်လမ်းမျိုးပါ။

အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နားဆင်ပေးကြပါဦး။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
တက္ကသိုလ်ဘုန်းနိုင် - တန်ခူးလေနှင့် လျောတော့သည် (၆ပိုင်း) #ဝတ္ထု #အသံစာအုပ်11 Apr 202203:36:06

"ပြည်သူတေွဟာ ရိုးသားပါတယ်၊ ရိုးသားလို့ပဲ ချစ်စရာရှိရင် သိပ်ချစ်ပြတတ်တယ်၊ မုန်းစရာရှိရင်လည်း သိပ်မုန်းပြတတ်တယ်။ 

တစ်နေ့ နောက်ဆုံးမှာတော့ ပြည်သူတေွဟာ အမှန်တရားကို မြင်လာတယ်ဆိုတာ ထား ယုံတယ်။ ဘယ်သူမှ ပြည်သူတေွကို ရေရှည် ညာဝါးလှည့်ဖြားလို့ မရဘူး။"

ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် ရဲ့ “တန်ခူးလေနှင့် လျောတော့သည်”ဆိုတဲ့ ဝတ္ထုလေးကို အသံထွက်ဖတ်ပြတာပါ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
တင်မောင်မြင့် - ကျိန်စာသင့်အတိတ်ချစ်ဆိပ်ရည်ချို (၉ ပိုင်း) #ဝတ္ထု #အသံစာအုပ် 30 Mar 202206:14:34

အစပိုင်းမှာ ဆယ်ကေျာ်သက်ကောင်လေးနဲ့ လူလတ်ပိုင်းအရွယ် အမျိုးသမီး တို့ရဲ့ စိတ်လှုပ်ရှားဖွယ် အချစ်အကြောင်းဖြစ်ပြီး နောင်နှစ်များကြာတဲ့အခါမှာ ရင်နာ စိတ်ထိခိုက်စရာ အံ့ဩနာကျင်စရာ မချိတင်ကဲဖြစ်စရာတေွနဲ့ တကယ်ကောင်းတဲ့ စာအုပ်ဖြစ်ပါတယ်။

ရုပ်ရှင်အဖြစ်ဖန်တီးရာမှာလည်း မင်းသမီးကိတ်ဝင်းစလက် အော်စကာဆု နဲ့ အခြားဆုများဆွတ်ခူးနိုင်ခဲ့ပြီး ကြည့်မိသူတိုင်းကြိုက်နှစ်သက်ခဲ့ပါတယ်။

ဆရာတင်မောင်မြင့် ဘာသာပြန်ထားတဲ့ ဒီ ကျိန်စာသင့်အတိတ်ချစ်ဆိပ်ရည်ချို စာအုပ်လေးကို ယနေ့ည စတင်ပြီး ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။

အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နားဆင်ပေးကြပါဦး။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
ဂျူး - ဆရာဝန်တစ်ယောက်၏မှတ်စုများ #ဝတ္ထုတို #အသံစာအုပ်26 Mar 202200:17:18

ဆရာမဂျူး ရဲ့ ဆရာဝန်တစ်ယောက်၏မှတ်စုများ ဆိုတဲ့ ဝတ္ထုတိုလေးကို ဖတ်ပြတာပါဗျ။

သဘောကျနှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ။

အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
ရွှေဥဒေါင်း - ဘက်စကာဗျိလ်ခွေးကြီး (၇ပိုင်း) (ဝတ္ထု - အသံစာအုပ်)22 Mar 202204:59:40

ရှားလော့ဟုမ်း ဖတ်ပြဖို့ တောင်းဆိုနေကြတဲ့ နားဆင်သူများအတွက်

သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ ရှားလော့ဟုမ်း ဝတ္ထုရှည်တပုဒ်ဖြစ်တဲ့ The Hound of The Baskervilles ကို

ဆရာကြီး ရွှေဥဒေါင်း ဘာသာပြန်ထားတဲ့ ဘက်စကာဗျိလ်ခွေးကြီး ဆိုတဲ့ စုံထောက်ဝတ္ထု ကို အသံထွက်ဖတ်ပြတာပါ။

အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နားဆင်ပေးကြပါဦး။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
ရွှေဥဒေါင်း - လေးပွင့်ဆိုင် (စ - ဆုံး ၄ပိုင်း) ဝတ္ထု - အသံစာအုပ် 17 Mar 202201:57:18

ရှားလော့ဟုမ်း ဖတ်ပြဖို့ တောင်းဆိုနေကြတာမို့

ရှားလော့ဟုမ်း ဝတ္ထုရှည်တပုဒ်ဖြစ်တဲ့ The Sign of Four ကို

ဆရာကြီး ရွှေဥဒေါင်း ဘာသာပြန် မြန်မာမှုပြုထားတဲ့ လေးပွင့်ဆိုင် ဆိုတဲ့ စုံထောက်ဝတ္ထု ကို အသံထွက်ဖတ်ပြတာပါ။

အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နားဆင်ပေးကြပါဦး။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
အထောက်တော်လှအောင်  - ရဘက်ကာ ဝတ္ထု အသံစာအုပ် 18 Feb 202219:01:11

ပင်လယ်ကမ်းစပ် နဲ့ သစ်တောအုပ်တို့ ဝန်းရံထားတဲ့ ခမ်းနားကြီးကျယ်လွန်းတဲ့ မန်ဒါလေ စံအိမ်ကြီး၊

လှပကျော့ရှင်းမှု ဂုဏ်သတင်းကျော်ကြားမှုတို့နဲ့ လူတိုင်း ပါးစပ်ဖျား တသသပြောမဆုံးပေါင်ဖြစ်ကြရတဲ့ စံအိမ်ကြီးရဲ့ သခင်မ "ရဘက်ကာ" ၊

လှည့်ကွက်လေးတွေ လျို့ဝှက်ချက်လေးတွေနဲ့ မထင်ထားတဲ့ ဇာတ်ကွက်ကြီးကို ရေးပြသွားတာ လက်ကမချချင်အောင်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကမ္ဘာကျော်  ဂန္တဝင်စာအုပ်တစ်အုပ်။

ဒီဝတ္ထုကို ရုပ်ရှင် ပြဇာတ် ရုပ်ပြ အကြိမ်ကြိမ် အမျိုးမျိုး ရိုက်တာတွေ့ရပါတယ်၊ Musical Opera ပုံစံအနေနဲ့ပါ ကမ္ဘာအနှံ့မှာ ကပြတင်ဆက်ပြီး အောင်မြင်လွန်းတဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး  ဟစ်ချ်ကော့ က ရုပ်ရှင်ပြန်ရိုက်တဲ့အခါ လဲ best picture oscar ရတဲ့ ဂန္ထဝင်ဖြစ်သွားခဲ့တာပါပဲ ၊ ဒါ့အပြင် ၁၉၃၈ ခုနှစ်မှာ ဇာတ်ကားရုံတင်တဲ့အခါ မစ်စ်ဒန်ဗာ ဇာတ်ကောင်ဟာ film history မှာ LGBT character ကို ညွှန်းဆိုတဲ့ ပထမဦးဆုံးသော ဇာတ်ကောင်တွေထဲက တစ်ခုလို့ hollywood မှာ သတ်မှတ်ကြပါတယ် ။ မကြာသေးခင်ကမှ Netflix ကနေ ပြန်လည် ရိုက်ကူးတင်ပြထားပါသေးတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီသီချင်းကို တေးသံရှင်ဖြူဖြူကျော်သိန်း က မြန်မာမှုပြု သီဆိုထားပါတယ်၊

Netflix က ဇာတ်လမ်းဇာတ်အိမ်အားဖြင့်ရော၊ ဇာတ်ကောင်သဘောသဘာဝအရပါ

ကြီးကျယ်ခမ်းနားလှတဲ့  Rebacca ကို Chilling • Psychological • Suspenseful • Romantic • Mystery ဆိုတဲ့ စာလုံး (၅) လုံးနဲ့ အထိမိဆုံး ညွှန်းဆိုထားပါတယ်။

ရဘက်ကာ ဆိုတာက ဘယ်လိုမိန်းမမျိုးလဲ

လောကမှာ မျိုးရိုးကောင်းတယ်၊ ဉာဏ်ပညာနဲ့ ပြည့်စုံတယ်။ ချောမောလှပတယ် ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံရုံနဲ့ လုံလောက်သွားပါပြီလား

အဲ့ဒါတွေနဲ့ မပြည့်စုံရင်ရော အမြတ်နိုးခံရ မထိုက်ဖူးလား

ကိုယ်ကျင့်သိက္ခာတရားတို့၊ သစ္စာတရားတို့ ဆိုတာ ဘယ်လောက်အထိများ အရေးပါပါသလဲ

( ဒီစာအုပ်ဟာအစပိုင်းမှာ အားကျရပြီး အလယ်ပိုင်းလောက်မှာ အားမလိုအားမရနဲ့ ဒေါသထွက်ရတဲ့စာအုပ်ပါ။ စာရေးသူရဲ့ ကလောင်စွမ်းကြောင့် သည်းထိတ်ရင်ဖိုစရာတွေနဲ့လည်း ပြည့်နေတဲ့အပြင် စိတ်မောစရာတွေ၊ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေကြောင့် ရိုလာကိုစတာ စီးရသလိုမျိုး ခံစားချက်တွေကို အပြည့်အဝရ ရှိခဲ့ရပါတယ်။ စကားလုံး တစ်လုံးချင်းစီတိုင်းစာကြောင်း တစ်ကြောင်းစီတိုင်းရဲ့ သက်ဝင်လှုပ်ရှားနေမှုကြောင့် အချို့သော ဇာတ်ဝင်ခန်းတွေမှာ ချောက်ချောက်ချားချား၊ အချို့သော ဇာတ်ဝင်ခန်းတွေမှာ လှိုက်လှိုက်မောမော၊ အချို့သော ဇာတ်ဝင်ခန်းတွေမှာ ရင်တဖိုဖို ဖြစ်ရမဲ့အပြင် စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေပြီး နောက်ဆုံး စာအုပ်ပြီးခါနီး (၁၈) မျက်နှာလောက်ကျကာမှ ဟင်းဆိုပြီး သက်ပြင်းမောကြီးကို စိတ်ဒုံးဒုံးနဲ့ချနိုင်မယ့် စာအုပ်ပဲဖြစ်ပါတယ်။ တကယ့်ကို စိတ်လှုပ်ရှားရတဲ့ ခံစားချက်ကို အပြည့်အဝခံစားမိခဲ့ရတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ပဲ ဖြစ်ကြောင်းညွှန်းဆိုပါရစေ။

- စာပေရတနာသိုက်၏ အညွှန်းကို ဖော်ပြလိုက်ရပါသည်။)

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
ဂျာနယ်ကျော်မမလေး - သူမ (၁၀ ပိုင်း) ဝတ္ထု အသံစာအုပ် 06 Feb 202206:05:31

ဆရာမကြီးဂျာနယ်ကျော်မမလေး ရဲ့ “သူမ” ဝတ္ထု ကို အသံထွက်ဖတ်ပြတာပါ။

စာရေးဆရာတစ်ယောက်၏ စာပေမှတ်တိုင် ထူထောင်ရာ အမှတ်အသားတွင် သူမ ဝတ္ထု သည် ဂျပန်ခေတ်၌ ရေးသားထုတ်ဝေခဲ့သော ဂျာနယ်ကျော်မမလေး၏ ပထမလက်ရာ အမှတ်အသား ဖြစ်ခဲ့သည်။ ဂျပန်ခေတ်၌ ဤဝတ္ထု ကို စာပေမွေ့သူတိုင်း စွဲလမ်းနှစ်ခြိုက်ကာ လိှုင်းဂယက် ထကြွခဲ့သည်။

အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နားဆင်ပေးကြပါဦး။

နားထောင်လို့အဆင်ပြေရင် Channel လေးကို Subscribe လုပ်ပေးခဲ့ပါဦးဗျ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
တက္ကသိုလ်ဘုန်းနိုင် - မုန်းရစ်လေဦး ဝတ္ထု အသံစာအုပ် 01 Feb 202202:07:54

ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် ရဲ့ နာမည်ကေျာ် လူကြိုက်များလှတဲ့ မြန်မာ့ဂန္တဝင် ဝတ္ထုတို ဝတ္ထုရှည်များထဲမှ "မုန်းရစ်လေဦး” ကို အသံထွက်ဖတ်ပြတာပါ။

အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နားဆင်ပေးကြပါဦး။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
ဂျူး- တိတ်ဆိတ်ခြင်း၏အသံ ဝတ္ထုတို အသံစာအုပ်30 Jan 202200:29:23

တိတ်ဆိတ်ခြင်းမှာ အသံ ရှိတယ်ဆိုတာ ခင်ဗျားတို့ ယုံကြည်လား။ 

ဆရာမဂျူး ရဲ့ တိတ်ဆိတ်ခြင်း၏အသံ ဆိုတဲ့ ဝတ္ထုတိုလေးကို ဖတ်ပြတာပါဗျ။  

သဘောကျနှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ။  

အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
တင်မောင်မြင့်  ကျိန်စာ (၁၀ပိုင်း) ဝတ္ထု အသံစာအုပ် 22 Jan 202206:50:13

ဆရာ တင်မောင်မြင့် ဘာသာပြန်ထားတဲ့ မူရင်းစာရေးသူ ကမ္ဘာကေျာ်အင်္ဂလိပ်စာရေးဆရာကြီး ဝီလျံဆမ်းမားဆပ်မောင်မ် ရဲ့ 

တတိယအကောင်းဆုံးစာအုပ်လို့ သတ်မှတ်ခြင်းခံထားရတဲ့ "ကျိန်စာ" ဆိုတဲ့ စာအုပ်ကို အသံထွက် ဖတ်ပြတာပါ။

ရုပ်ရှင်အနေနဲ့လည်း (၃)ခါတိတိ ပြန်လည်ရိုက်ကူးခဲ့ကြပြီး အောင်မြင်ခဲ့ လူကြိုက်များနှစ်သက်ခဲ့ကြပါတယ်၊ 

ဘာကြောင့်နာမည်ကေျာ် လူကြိုက်များကြသလဲဆိုတာ သိရဖို့ ဆရာကြီး ဦးတင်မောင်မြင့် ရဲ့ ကောင်းမွန်လှတဲ့ ဘာသာပြန်လက်ရာ "ကျိန်စာ" ကို နားဆင်ပေးကြပါဦး။

အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
#တင်မောင်မြင့်  #ည (၈ပိုင်း) #ဝတ္ထု #အသံစာအုပ် 14 Jan 202205:07:35

ဆရာ တင်မောင်မြင့် ဘာသာပြန်ထားတဲ့ “ည” ဆိုတဲ့ စာအုပ်ကို အသံထွက် ဖတ်ပြတာပါ။

ဒီစာအုပ်ထဲမှာ မိသားတစ်စုလုံး အသတ်ခံရပြီး လူအစုလိုက်အပြုံလိုက်ကို အရှင်လတ်လတ် အဆိပ်ငွေ့လွှတ် မီးလောင်တိုက်သွင်းတဲ့ အော့ဇ်ဝစ်ချ်သေမင်းအကျဉ်းစခန်းကနေ မသေဘဲလွတ်မြောက်လာတဲ့ ဂျူးလူမျိုးတစ်ယောက်ရဲ့ ကိုယ်တွေ့မျက်မြင်ကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေအကြောင်းကို အပွင့်လင်းဆုံး ဖွင့်ဟထားပြီး၊ ဒီစာအုပ်နဲ့ပဲ ကမ္ဘာ့ဂုဏ်သိက္ခာ အရှိဆုံးဆုတစ်ဆုဖြစ်တဲ့ နိုဗယ်လ်ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

အတတ်နိုင်ဆုံး အိမ်ထဲမှာနေပြီး ဒီရောဂါဆိုးကြီးကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ကေျာ်ဖြတ်ကြတာပေါ့၊ အားလုံး ကျန်းမာကြပါစေဗျာ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
ဂျူး- အဝါရောင်ရထား ဝတ္ထုတို အသံစာအုပ်09 Jan 202200:29:28

ဆရာမဂျူး ရဲ့ အဝါရောင်ရထား ဆိုတဲ့ ဝတ္ထုတိုလေးကို ဖတ်ပြတာပါဗျ။

သဘောကျနှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ။

အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
တင်မောင်မြင့် - ခွေးကလေးနှင့်မိန်းမငယ် (ဝတ္ထုတို၊ အသံစာအုပ်)07 Jan 202200:59:28
ဆရာတင်မောင်မြင့် ဘာသာပြန်ထားတဲ့ ကမ္ဘာကျော်ရုရှားစာရေးဆရာ ချက်ကော့၏ ခွေးကလေးနှင့်မိန်းမငယ် ဆိုတဲ့ ဝတ္ထုတိုလေးကို ဖတ်ပြတာပါဗျ။ အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါ။ --- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
မင်းသန့် - ငှက်ကလေး (အက်ဆေး)24 Dec 202100:05:19

ဆရာ မင်းသန့် ရဲ့ သော့ပြင်ဆရာ နှင့် အလကားလူ ဆိုတဲ့ စာအုပ်ထဲက ငှက်ကလေး ဆိုတဲ့ အက်ဆေးလေး တစ်ပုဒ်ကို အသံထွက် ဖတ်ပြတာပါ။ အသံထွက်ဖတ်ပြခြင်းမှာ မှားယွင်းမှုနှင့် လိုအပ်ချက်များရှိခဲ့ပါလျှင် ကျနော့်တာဝန်ပါခင်ဗျာ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
ရွှေဥဒေါင်း - ရူပနန္ဒီ_ရူပကလျာနီ ဝတ္ထု အသံစာအုပ် (၁၆ပိုင်း)22 Dec 202111:08:30

နာမည်ကျော် ကမ္ဘာကျော် ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ “She” ဆိုတဲ့ ဝတ္ထုကို ဆရာကြီးရွှေဥဒေါင်း မြန်မာမှုပြုထားတဲ့ ရူပနန္ဒီ ရူပကလျာနီ ဆိုတဲ့ စာအုပ်ကို ဖတ်ပြတာပါ။

အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

အတတ်နိုင်ဆုံး အိမ်ထဲမှာနေပြီး ဒီရောဂါဆိုးကြီးကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ကေျာ်ဖြတ်ကြတာပေါ့၊ အားလုံး ကျန်းမာကြပါစေဗျာ။

နားထောင်လို့အဆင်ပြေရင် Channel လေးကို Subscribe လုပ်ပေးခဲ့ပါဦးဗျ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
#ရီးလ် #ပြင်သစ်တို့အကြောင်း_ပြောမဆုံးပေါင်တောသုံးထောင် (၁၁ပိုင်း) #ဝတ္ထု #အသံစာအုပ်17 Dec 202106:57:47

ရီးလ် ဘာသာပြန်ပေးထားတဲ့ “ပြင်သစ်တို့အကြောင်း ပြောမဆုံးပေါင် တောသုံးထောင်” ဆိုတဲ့ စာအုပ်ကို အသံထွက် ဖတ်ပြတာပါ၊ ဒီစာအုပ်ထဲမှာ ပါရီသား ပြင်သစ်လူမျိုးတွေရဲ့ အကြောင်းကို အဓိက ရေးထားတာဖြစ်ပြီး မူရင်းရေးသားသူ စတီဖင်ကလတ် ရဲ့ ဒီစာအုပ်ဟာ ပြင်သစ်စာဖတ် ပရိတ်သတ် ထက်ဝက်ကျော်ရဲ့ ပျစ်ပျစ်နှစ်နှစ် ဆဲဆိုထောပနာပြုခြင်းကို ပိုင်ဆိုင်ထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ စာဖတ်သူများအားလုံး ဒီအတင်းပေါင်းချုပ် ပြင်သစ်ဋီကာကြီးကို ဖတ်ပြီး ပြုံးမိရုံသာမက ပြင်သစ်တွေနဲ့ ပိုရင်းနှီးလာမယ်လို့ ယုံကြည်ပါတယ် လို့ ဘာသာပြန်သူ ရီးလ် က အမှာစာမှာ ထည့်ရေးထားပါတယ်။

အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

အတတ်နိုင်ဆုံး အိမ်ထဲမှာနေပြီး ဒီရောဂါဆိုးကြီးကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ကေျာ်ဖြတ်ကြတာပေါ့၊ အားလုံး ကျန်းမာကြပါစေဗျာ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
#မေဇင်မောင် #စက္ကူကျား #ဝတ္ထုတို #အသံစာအုပ်06 Dec 202100:38:56

မေဇင်မောင် ဘာသာပြန်ပေးထားတဲ့ “စက္ကူကျား” ဝတ္ထုတိုကို မူရင်း ရေးသားသူ Ken Liu ရဲ့ The Paper Menagerie စာအုပ်ဟာ သိပ္ပံစိတ်ကူးယဉ်ထူးထွေ အံ့ဩဖွယ်ဇာတ်လမ်းတွေအတွက် ဆုဖြစ်တဲ့ The Hugo ဆု အပါအဝင် Nebula နဲ့ World Fantasy Awards ဆု သုံးဆုလုံးရထားတာဖြစ်ပါတယ်။ အခု ဝတ္ထုကတော့ အဲဒီစာအုပ်ထဲမှာပါတဲ့ ခေါင်းစီး ဝတ္ထုတို ဖြစ်ပါတယ်။

အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

အတတ်နိုင်ဆုံး အိမ်ထဲမှာနေပြီး ဒီရောဂါဆိုးကြီးကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ကေျာ်ဖြတ်ကြတာပေါ့၊ အားလုံး ကျန်းမာကြပါစေဗျာ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
#နဒီလင်းသစ် (ဆေး-၂)  “#အီနိုလာဟုမ်းစ်နှင့်မြို့စားကလေးပေျာက်ဆုံးမှု” #ဝတ္ထုရှည် #အသံစာအုပ်24 Nov 202105:30:04

ရှားလော့ဟုမ်းစ် စုံထောက်ဇာတ်လမ်းတေွကို နှစ်သက်ကြတဲ့ နားဆင်သူများအတွက်၊ ရှားလော့ဟုမ်း ရဲ့ ညီမ အီနိုလာဟုမ်းစ် ရဲ့

"အီနိုလာဟုမ်းစ် နှင့် မြို့စားကလေး ပေျာက်ဆုံးမှု" ဆိုတဲ့စုံထောက်ဇာတ်လမ်းရှည် ကို ဖတ်ပြတင်ဆက်ပေးတာဖြစ်ပါတယ်။

ဒီစာအုပ်ကို ရုပ်ရှင်အဖြစ် netflix က အသက်သွင်းခဲ့စဉ်ကလည်း လူကြိုက်များ နှစ်သက် သဘောကျခဲ့ကြပါတယ်။

အဲဒီ စာအုပ်ကို "နဒီလင်းသစ် (ဆေး-၂)" က ဘာသာပြန်ထားတာ ဖြစ်ပြီး "ကံ့ကော်ဝတ်ရည်" မှ ဖြန့်ချိထားတာဖြစ်ပါတယ်။

"အစ်ကိုရှားလော့ဟုမ်းစ်ကို ကမ္ဘာ့ပထမဆုံး အတော်ဆုံး အတိုင်ပင်ခံ စုံထောက်ကြီးဟု သမုတ်ကြမည် ဆိုပါက ကျွန်မသည်လည်း ကမ္ဘာ့ပထမဆုံး အတိုင်ပင်ခံ လူပေျာက်ရှာ ဆရာမကြီး ဖြစ်ရမည်။"

#အီနိုလာဟုမ်းစ်

အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

အတတ်နိုင်ဆုံး အိမ်ထဲမှာနေပြီး ဒီရောဂါဆိုးကြီးကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ကေျာ်ဖြတ်ကြတာပေါ့၊ အားလုံး ကျန်းမာကြပါစေဗျာ။

--- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
© My Podcast Data · Projet indépendant · Données issues d'Apple & Spotify