မိတ်ဆွေတွေအားလုံးစောင့်မျှော်နေတဲ့ အထက်ဆင် Podcast ယခုတစ်ပတ်မှာပြန်လာပါပြီ
ဒီတစ်ပတ်မှာတော့ ဂျာမနီမှ ရွေ့ပြောင်းနေထိုင်မှု နှင့် နိုင်ငံရေးခိုလှုံခွင့်ဥပဒေဆိုင်ရာ ကျွမ်းကျင် ရှေ့နေ Mr. Christopher Wohnig နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီပေါ့ဒ်ကတ်စ်မှာ..
- ဂျာမနီရဲ့ နိုင်ငံရေးခိုလှုံခွင့်ဆိုင်ရာမူဝါဒက ဘယ်လိုရှိလဲ?
- ဂျာမနီကို ခိုလှုံခွင့်လျှောက်ထားသူမြန်မာနိုင်ငံသားတွေထဲမှာ ဘယ်လိုလူမျိုးတွေပါဝင်လဲ?
- မအလနဲ့အပေါင်းအပါတွေက နိုင်ငံဖြတ်ကျော်ဖိနှိပ်မှုတွေကို ဂျာမနီနိုင်ငံမှရောဘယ်လိုလုပ်နေလဲ?
- လိင်အကြမ်းဖက်ခံရသူ၊ လူမဆန်စွာဆက်ဆံခံရသူ၊ နှိပ်စက်ညှင်းဆဲခံရသူတွေ အထူးသဖြင့် အမျိုးသမီးနဲ့ LGBTIQA+ တွေ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတဲ့အမှုတွေမှာ ဘာတွေကို ထည့်သွင်းစဉ်းစားဖို့လိုသလဲ?
- နိုင်ငံရေးခိုလှုံခွင့်ရှာဖွေကြတဲ့အခါမှာ အထူးသဖြင့် အမျိုးသမီးနဲ့ LGBTIQA+ တွေအနေနဲ့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ?
စသဖြင့် အကြောင်းအရာတွေ ပါဝင်တာကြောင့်မို့လို့ အခုတစ်ပတ် စနေနေ့ ည ၈ နာရီမှာ Burma Podcast Network ရဲ့ Platform တွေဖြစ်တဲ့ Youtube channel, Spotify နဲ့ Apple Podcast တို့မှာ နားဆင်နိုင်ပါတယ်။ မိမိတို့ ပါဝင်ဆွေးနွေးလိုတာ မရှင်းတာတွေရှိရင်လည်း Comment မှာ ဆွေးနွေးလို့ရသလို Message Box ကနေလည်းပေးပို့နိုင်ပါတယ်။
#BurmaPodcastNetwork #MyanmarPodcast #Burma #Myanmar #BPN #InfoMM #podcast #Germany #Migration #Asylum
#AHtetSin #WomenLifeInConflict #LGBTIQA #Refugee #Passport